Skip to main content

မြန်မာအာဏာသိမ်းမှုနှင့် ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်။
 

နိုင်ငံခြားရေး ဝန်ကြီး H.E Mr. Toshimitsu Motegi
နိုင်ငံခြားရေး ဝန်ကြီးဌာန
2-2-1 Kasumigaseki, Chiyoda-ku
Tokyo 100-8919, Japan
 

ရည်ညွှန်းချက်။  မြန်မာအာဏာသိမ်းမှုနှင့် ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ
 

ခင်မင်ရပါသော နိုင်ငံခြားရေး ဝန်ကြီး H.E Mr. Motegi,

အောက်ပါ လက်မှတ်ရေးထိုးထားသော အရပ်ဖက်လူမှု အဖွဲ့အစည်းများဖြစ်သော ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ခိုင်မာသော တုန့်ပြန်မှုများ ချက်ချင်းပြုလုပ်ရန် သင့်အား တောင်းဆိုထားပါသည်။ သင်သိသည့်အတိုင်းပင် စစ်တပ်သည် နိုင်ငံအဆင့်နှင့် ပြည်နယ်အဆင့် အစိုးရများ၏ အရပ်သား ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သက်တမ်းတစ်နှစ်ရှိ “အရေးပေါ်အခြေအနေ” ကို ကြေညာခဲ့ပါသည်။ ဤအာဏာသိမ်းမှုကို ပြောင်းပြန်လှန်နိုင်ခြင်းမရှိပါက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို မျိုးဆက်များစွာ နောက်ဆုတ်သွားနိုင်သည်။

မြန်မာစစ်တပ်၊ ၎င်း၏ ခေါင်းဆောင်မှု နှင့် ၎င်းတို့၏ ကြီးမားသော စီးပွားရေး ချုပ်ကိုင်မှုများရှိသည့် စစ်တပ် ကုမ္ပဏီ လုပ်ငန်းအုပ်စုကြီးနှစ်ခုဖြစ်သော မြန်မာစီးပွားရေး ဦးပိုင် လီမိတက် (MEHL) နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့အပေါ် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု ပုံစံဖြင့် သက်ဆိုင်ရာ နိုင်ငံများနှင့်အတူ ပူးတွဲ အရေးယူမှု ပြုလုပ်ရန် ကျွန်ုပ်တို့သည် ဂျပန် အစိုးရအား တောင်းဆိုလိုက်သည်။  ဂျပန် အစိုးရအနေဖြင့် ၎င်းတို့၏ နှစ်ကာလကြာရှည်ပြီး ထိရောက်မှု မရှိသော ပျော့ပျောင်းသည့် တစ်ဦးချင်း သံတမာန်ရေး ကြိုးပမ်းမှုများကိုရပ်ဆိုင်းရန်နှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် သို့မဟုတ် အခြားသင့်လျော်ရာ စုဖွဲ့မှုများမှတဆင့် မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုကို ပံ့ပိုးထောက်ခံပေးရန် ကျွန်ုပ်တို့မှ တိုက်တွန်းသည်။ ယင်းအစား ဂျပန်နိုင်ငံသည် မြန်မာပြည်သူများ ကျူးလွန်သော ချိုးဖောက်မှုများနှင့် မြန်မာပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ရန် လိုအပ်ချက်များအပေါ် ရှင်းလင်းစွာ၊ စဉ်ဆက်မပြတ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသင့်ပေသည်။


တပ်မတော် အာဏာသိမ်းမှု

စစ်အာဏာသိမ်းရသည့် အကြောင်းရင်းကို သက်သေပြရန် မြန်မာစစ်တပ် (တပ်မတော်ဟုလည်း သိကြသည်) သည် စစ်တပ်က ရေးဆွဲထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွင်းမှ အရေးပေါ်အခြေအနေကြေညာခွင့်နှင့် အာဏာသုံးရပ်ကို ထိန်းချုပ်ပိုင်ခွင့်ရှိသည့် ပုဒ်မတစ်ခုကို အသုံးပြုခဲ့သည်။ စစ်တပ်က ကျောထောက်နောက်ခံပြု အတိုက်အခံပါတီ အဖွဲ့ဝင်ဖြစ်သော ဒုတိယ သမ္မတ မြင့်ဆွေကို ယာယီ သမ္မတ အဖြစ် အမည်စာရင်း သွင်းခဲ့သည်။ ထို့နောက် ဦးမြင့်ဆွေက အရေးပေါ်အခြေအနေ ကြေညာချက်ကို လက်မှတ်ရေးထိုးလိုက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာ လွှဲပေးခဲ့သည်။ ဂျပန်နိင်ငံ အပါအဝင် စိုးရိမ်ပူပန်ကြသော နိုင်ငံများအနေဖြင့် ဤသို့ အာဏ ရယူခြင်းကို ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရထံမှ အာဏာသိမ်းမှု အဖြစ် မှတ်ယူပြီးဖြစ်သည်။

တပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဒါဇင်နှင့် ချီသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် အစိုးရပိုင်း ထိပ်တန်းခေါင်းဆောင်များကို မြို့တော်ဖြစ်သည့် နေပြည်တော်တွင် နံနက်လင်းအားကြီး ဝင်ရောက်စီးနင်းမှုများအတွင်း ဖမ်းဆီးခဲ့သည်။ စစ်တပ်က ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်ကို စကားပြောစက်များ တရားမဝင် သွင်းယူမှုနှင့် သမ္မတဦးဝင်းမြင့်ကို ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများအတွင်း ထောက်ခံသူများကို ဆီးကြိုနှုတ်ဆက်ရာတွင် COVID-19 စည်းမျဉ်းများ ချိုးဖောက်မှုတို့ဖြင့် ရယ်သွမ်းဖွယ် တရားစွဲဆိုခဲ့သည်။ သို့ရာတွင် ရှင်းလင်းသော မှားယွင်းနေသည့် အနေအထားများအောက်တွင် သမ္မတ ဦးဝင်းမြင့်သည့် သူ့တာဝန်ကို စွန့်လွှတ်ခြင်းမရှိခဲ့ပေ။ ဆိုလိုသည်မှာ တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃(က) ကို ချိုးဖောက်ခဲ့သည်။ ထိုပုဒ်မတွင် “နိုင်ငံတော် သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီနုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဥ် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ နိုင်ငံတော် သမ္မတ ရာထူးနေရာ လစ်လပ်လျှင် ဒုတိယ သမ္မတ နှစ်ဦးအနက် နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ် အခါက ဒုတိယ ဆန္ဒမဲ့ အများဆုံး ရရှိသည့် ဒုတိယ သမ္မတက ယာယီ သမ္မတအဖြစ် ထမ်းဆောင်ရမည်။” ဟု ဖော်ပြထားသည်။ တပ်မတော်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အဓိပ္ပာယ်ပြန်လည်ဖွင့်ရန် အခွင့်အာဏာမရှိပေ။ ထိုတာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ တာဝန်သာဖြစ်သည်။  

ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး နိုင်ငံအနှံ့မှ NLD တာဝန်ရှိသူများနှင့် အရပ်ဖက်လူမှု လှုပ်ရှားတက်ကြွသူ စုစုပေါင်း လူ ၆၄၀ ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ၅၉၃ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ အာဏာသိမ်းစဉ်အတွင်း စစ်တပ်သည် နိုင်ငံ၏ နေရာ အများစုတလျောက် အင်တာနက်နှင့် ဖုန်းလိုင်များ ဖြတ်တောက်ထားခဲ့ပြီး မြန်မာ အစိုးရ မီဒီယာတွင် စစ်တပ်၏ ကြေညာချက်များ မပြုလုပ်ခင်ကပင် 3G မိုဘိုင်း ကွန်ရက်ကဲ့သို့သော အခြားသော ဆက်သွယ်ရေး လိုင်းများကို ထိန်းချုပ်ထားခဲ့သည်။ ထို့အပြင် အာဏာပိုင်များက လူမှု မီဒီယာများဖြစ်သော Facebook နှင့် တွစ်တာတို့ကိုလည်း ပိတ်ထားခဲ့ပြီး ယခုအချိန်အထိ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် အင်တာနက် ယာယီ ဖြတ်တောက်ခြင်းများကို အများအပြား ပြုလုပ်ခဲ့သည်။

စစ်တပ်က ၂၀၂၀ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲများအတွင်း ရွေးကောက်ပွဲ မူမမှန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ကြောင်း အထောက်အထားမရှိပဲ အကြိမ်ကြိမ် စွပ်စွဲပြီးနောက်တွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် NLD တို့သည် အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အုပ်စုများနှင့် စစ်တပ်တို့၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် ပျက်ကွက်ခဲ့ပြီး “၎င်းတို့၏ တာဝန်များကို သေချာစွာ ထမ်းဆောင်ခဲ့ခြင်း မရှိပဲ လွတ်လပ်၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲကို လုပ်ဆောင်ရန်လည်း ပျက်ကွက်ခဲ့သည်” ဟု ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲ ဖြစ်စဥ်အစောပိုင်းက အချို့သော ရွေးကောက်ပွဲဆိုင်ရာ ပုံမှန်မဟုတ်မှုများကို တွေ့ရှိထားမှုများ ရှိခဲ့သော်လည်း ပြည်တွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက “ရွေးကောက်ပွဲ ရလာဒ်များသည် ယုံကြည်လက်ခံနိုင်ပြီး မဲဆန္ဒရှင် အများစု၏ဆန္ဒကို ထင်ဟပ်သည်”  ဟု ဇန္နဝါရီလ ၂၉ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်ချက် တစ်ခုတွင် ပြောခဲ့သည်။ ယခုအခါ စစ်တပ်သည် ၎င်းတို့ ရွေးချယ်ထားသော ကော်မရှင်အဖွဲ့ဝင်များဖြင့် UEC ကို အစားထိုးခဲ့သည်။ ယင်းသည် အနာဂါတ် ရွေးကောက်ပွဲ မသမာမှုများနှင့် ရလာဒ်များအပေါ် စုံစမ်းစစ်ဆေးမှုပြုရာတွင် လွတ်လပ်မှု သို့မဟုတ် ဘက်မလိုက်မှု နှင့် ပတ်သက်၍ စိုးရိမ်မှုများကို တိုးပွားစေသည်။

ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ

တပ်မတော်သည် နှစ်ပေါင်းများစွာ ကြာမြင့်စွာပင် စနစ်တကျနှင့် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှု  များအတွက် တာဝန်ရှိနေခဲ့သည်။ ၎င်းအနေဖြင့် နိုင်ငံ၏ တိုင်းရင်းသားလူနည်းစု လူထုများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်။ ယင်း ချိုးဖောက်ကျူးလွန်မှုများထဲတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု၊ သတ်ဖြတ်မှုများ၊ လိင်အကြမ်းဖက်မှုများ၊ နှင့် လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှု အတိုင်းအတာအထိရောက်သော အတင်းအဓမ္မ ဖယ်ရှားခြင်း အပြုအမူများ အပါအဝင် ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား ရိုဟင်ဂျာများအပေါ် လူမျိုးသန့်စင်ခြင်း လှုပ်ရှားမှုလည်း ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် ရဲများသည် ခန့်မှန်းခြေ ရိုဟင်ဂျာ ၆၀၀,၀၀၀ ကို စခန်းများနှင့် ရွာများတွင် လွတ်လပ်စွာ သွားလာခွင့်မပြုပဲ လုံလောက်သော အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး နှင့် စားဝတ်နေရေးတို့အပေါ် လက်လှမ်းမီမှုကို ဖြတ်တောက်ကာ ပိတ်လှောင်ထားသည်။ ခန့်မှန်းခြေ လူပေါင်း ၁၃၀, ၀၀၀ ကို လေဟာပြင် ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းထားသည်။ ရိုဟင်ဂျာများများအပေါ် ပြုလုပ်ထားသည့် ညစ်ပတ်ပြီး ဖိနှိပ်မှုရှိသည့် အခြေအနေများသည် လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများဖြစ်သည့် နှိပ်စက်ညှင်းပမ်းခြင်း၊ အသားအရောင်ခွဲခြားခြင်း၊ နှင့် လွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ပိတ်ပင်ထားခြင်းတို့ကို ကျုးလွန်ရာရောက်သည်ဟု Human Rights Watch က တွေ့ရှိထားသည်။    

မြန်မာအပေါ်ထားရှိသော ဂျပန်နိုင်ငံ၏ သံတမန်ရေး မူဝါဒ

ဆယ်စုနှစ်ပေါင်းများစွာပင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသ‌သော နိုင်ငံခြားရေး မူဝါဒမှာ တိုးတိုးတိတ်တိတ်ဖြင့် မြင်ကွင်းနောက်ကွယ်တွင် ချည်းကပ်စည်းရုံးသည့် ဒစ်ပလိုမေစီအပေါ် အဓိကထား အခြေပြု လုပ်ဆောင်ခဲ့သည်။ တာဝန်ရှိသူများက ဤချည်းကပ်မှုသည် စစ်တပ်နှင့် အစိုးရအပေါ် လူသိရှင်ကြား ဖိအားပေးမှုထက် ပိုမို အောင်မြင်ကြောင်း မကြာခဏဆိုသလို ရှင်းပြလေ့ရှိသည်။ ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော ဩဇာကို ဆန့်ကျင်တွန်းလှန်ရန် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ မဟာဗျူဟာတွင် မြန်မာနိုင်ငံသည် အဓိကကျသော နိုင်ငံအဖြစ် မြင်သောကြောင့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အလွန်အမင်းရှိနေသော်လည်း ခင်မင်ရင်းနှီးသော မိတ်ဖက် သံတမန်နည်းဖြင့် ထိတွေ့ရန်လိုသည်ဟု ၎င်းတို့က ထပ်မံငြင်းဆိုသည်။

မြန်မာအပေါ် မည်သို့ပုံစံမျိုးဖြင့်ဖြစ်စေ ဝေဖန်ခြင်းသည် မြန်မာနိုင်ငံကို တရုတ်နိုင်ငံဖက်သို့ တွန်းပို့သလိုဖြစ်မည်ကို စိုးရိမ်ကာ ဤသို့သော တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်မှုသည် ကျင့်ဝတ်နှင့်မလျော်ညီပဲ အောင်မြင်မှု မရနိုင်သည်ကို လစ်လျုရှုလျက် မြန်မာအစိုးရ သို့မဟုတ် တပ်မတော်က ကျူးလွန်သော ကြီးမားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပွင့်လင်းရှင်းလင်းစွာ ပြစ်တင်ဝေဖန်ခြင်းမပြုခြင်းဖြင့် ဂျပန်နိုင်ငံသည် ၎င်း၏ နိုင်ငံတကာ တာဝန်ဝတ္တရားဖြစ်သော လူ့အခွင့်အရေးကို ကာကွယ်ရန် တာဝန်ကို ဤသို့ ချည်းကပ်မှုကြောင့် ပျက်ကွက်ခဲ့သည်။ လက်တွေ့တွင် ဂျပန်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှ စ၍ လူ့အခွင့်အရေး ကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံများတွင် မြန်မာနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များအားလုံးတွင် မဲမပေးပဲနေခဲ့သည်။ မြန်မာအစိုးရ၏ လူမျိုးခွဲခြားသော လိုလာမှုကို လက်သင့်ခံလျက် “ရိုဟင်ဂျာ” ဟူသော ဝေါဟာရကို အသုံးမပြုပဲ နေခဲ့သည်။   တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းပြီး လက်သင့်မခံနိုင်လောက်သည့် ဖြစ်ရပ်တစ်ခုမှာ ဂျပန်နိုင်ငံ၏ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် Ichiro Maruyama သည် နိုင်ငံတကာ တရားရုံးအနေဖြင့် မြန်မာနိုင်ငံဖက်မှ ရပ်တည်ကာ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု မဖြစ်ပွားခဲ့ကြောင်း ဆုံးဖြတ်ချက်ချစေရန် ဆုတောင်းခဲ့ကြောင်း ပြောခဲ့သည်။

ဂျပန်အစိုးရ၏ မကြာခဏ “တန်ဖိုးမဲ့သည့်” သံတမာန်ရေး နည်းလမ်းနှင့် အပြိုင် ဂျပန်နိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍသည်လည်း လူ့အခွင့်အရေးဆိုင်ရာ အချိန်ကိုက် ကြီးကြပ်စောင့်ထိန်းမှုများ အပါအဝင် ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွန် ဥပဒေသများ တွင် ချမှတ်ထားသော မူဘောင်ကို လုံလောက်စွာ လေးစားမှု မပြုပဲ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ခဲ့သည်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ နောက်ပိုင်းတွင်ပင်လျှင် အခြားသူများနှင့်အတူ နိုင်ငံခြားရေး ဌာနက စီစဉ်ကျင်းပခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အခွင့်အလမ်းများ မြှင့်တင်ရန် ညီလာခံတရပ်တွင် တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာရောက်ခဲ့သည်။ 

အဓိက အလှူရှင်နိုင်ငံဖြစ်သည့်အတွက် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေး ဩဇာ သက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်သို့ ရောက်သော အခါ (အနီးကပ်ဆုံး ကိန်းဂဏန်းများ ရနိုင်သည်) ဂျပန်နိင်ငံသည် ချေးငွေ ကူညီမှုအဖြစ် စုစုပေါင်း ယန်း ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံ) ကျော် ပေးခဲ့ပြီး အကူအညီငွေကြေးအဖြစ် ယန်း ၃၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ သန်း) ကျော် ပေးခဲ့ကာ ယန်း ၈၈ ဘီလီယံက (အမေရိကန်ဒေါ်လာ ၈၃၄,၀၀၀) ကို နည်းပညာ အထောက်အကူအဖြစ် ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံသည် OECD ၏ အဖွဲ့ဝင် နိုင်ငံများနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ဌာန အဖွဲ့အစည်းများအကြားတွင် ပထမ အဆင့်သို့ ရောက်ရှိခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဂျပန်နိုင်ငံသည် စီးပွားရေး အကူအညီများ ရပ်ဆိုင်းခဲ့သည်။ ၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အခြား “အပြုသဘောဆောင်သော လုပ်ဆောင်မှုများ” နောက်တွင် ဂျပန်နိုင်ငံက ဒီမိုကရေစီ ဖြစ်ထွန်းမှုနှင့် လူ့အခွင့်အရေး တိုးတက်မှုကို စောင့်ကြည့်လျက် ရပ်ဆိုင်းထားသည့် လုပ်ဆောင်လျက်ရှိခဲ့သော စီမံကိန်းများနှင့် ဖြစ်ရပ် တစ်ခုချင်း အလိုက်ပေါ်တွင် အခြေခံလျက် လူသား လိုအပ်ချက်များကို ဖြေရှင်းသော မြန်မာပြည်သူများ၏ တိုက်ရိုက် အကျိုးစီးပွားဖြစ်စေသော စီမံကိန်းများကို ပြန်လည်စဉ်းစား အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်လည်ချထားလိုက်သည့်အခါ ဂျပန်နိင်ငံက အစိုးရအပေါ်  အကြီးစား ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလမှ စ၍ ယခုအခါ ချေးငွေများပါ ပါဝင်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို ဂျပန်အစိုးရက ပြန်လည်စတင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့စဉ်က မြန်မာနိုင်ငံသို့ အများပိုင်နှင့် ပုဂ္ဂလိက ပိုင် လုပ်ငန်းများက ငါးနှစ်တာကာလအတွင်းတွင် ယန်းပေါင်း ၈၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ) “ထည့်ဝင်မည်”ဟု ဂျပန်က ကြေညာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂက ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင်က မြန်မာစစ်တပ်နှင့် ၎င်း၏ ကုမ္ပဏီ လုပ်ငန်းအုပ်စုကြီးများဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်  (MEHL)  နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ပါဝင်သော “မည်သည့် စီးပွားရေး လုပ်ဆောင်မှု” မဆို “လူ့အခွင့်အရေး ဥပဒေများ နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာတွင် ပံ့ပိုးပေးခြင်း သို့မဟုတ် ဆက်စပ်ခြင်း တို့ဖြစ်ရန် ဘေးအန္တရာယ် မြင့်မားသည်။ အနိမ့်ဆုံးအနေဖြင့် ထို နိုင်ငံခြား ကုမ္ပဏီများသည် တပ်မတော်၏ ဘဏ္ဍာရေး စွမ်းဆောင်နိုင်မှုကို ပံ့ပိုးရန် ကူညီထည့်ဝင်လျက်ရှိသည်။” ဟု ကောက်ချက်ချထားခဲ့သည်။ အချက်အလက်ရှာဖွေရေး ကော်မရှင်က စစ်တပ်ကို နိုင်ငံတကာ လူ့အခွင့်အရေး နှင် လူသားချင်းစာနာမှု ဆိုင်ရာ ဥပဒေများ ချိုးဖောက်ခြင်းမှ စစ်တပ်အား တားဆီးနိုင်ရန်အတွက် “ဘဏ္ဍာရေးဆိုင်ရာ အထီးကျန်အဖြစ်ထား” ရန် စည်းရုံး လှုံ့ဆော်ခဲ့သည်။

ဂျပန်အစိုးရအတွက် အကြံပြုချက်များ

အခြားသော အစိုးရများနှင့် အတူ လက်တွဲ လုပ်ကိုင်လျက် ဂျပန်အစိုးရသည် အာဏာသိမ်းမှုကို ပြန်လည် ရုတ်သိမ်း၍ ဒီမိုကရေစီ နည်းကျစွာ ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ပြန်လည်အကောင်အထည်ဖေါ်ရေးအတွက် စစ်အုပ်စုအား ဖိအားပေးရန် ၎င်းတို့ လက်လှမ်းမီနေသောနည်းလမ်းများကို အသုံးပြုရန် ဂျပန်အစိုးရအား ကျွန်ုပ်တို့ တိုက်တွန်းသည်။

မြန်မာစစ်တပ်မှ ဥပဒေမဲ့ ထိန်းသိမ်းထားသူများကို လွှတ်ပေးရန် ဂျပန်အစိုးရ၏ တောင်းဆိုချက်၊ မြန်မာနိုင်ငံ၏ အခြေအနေကို အာဏာသိမ်းခြင်းဟု အသိအမှတ်ပြုမှုနှင့် G7 ကြေညာချက်တွင် ပါဝင်ခြင်းတို့အတွက် ကျွန်ုပ်တို့က ကြိုဆိုလိုက်သည်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ၎င်း၏ G7 အဖွဲ့ဝင် လုပ်ဖော်ကိုင်ဖက်များက အသိအမှတ်ပြုထားသည့်အတိုင်း အာဏာသိမ်းမှုသည် “ဒီမိုကရေစီ အနာဂတ်ကို မြင်လိုတွေ့လိုသော မြန်မာပြည်သူများ” အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထိလွယ်ရှလွယ် ဒီမိုကရေစီ တောင်ဆိုမှုကို ဖျက်ဆီးခြင်းသည် ဂျပန်နိုင်ငံ၏ အပြည့်အဝ ပံ့ပိုးမှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ တုန့်ပြန်မှုကို တောင်းဆိုနေသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းကျစွာ ရွေးချယ်ထားသော ခေါင်းဆောင်များ ပြန်လည်ရရှိရေး နှင့် မြန်မာပြည်သူလူထုအတွက် လူ့အခွင့်အရေး အကာအကွယ်ပေးရေးတို့အတွက်  အခြားသော စိုးရိမ်မှုရှိသောအစိုးရများနှင့် အတူလက်တွဲလုပ်နိုင်ရင် အတွက် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ဩဇာသက်ရောက်မှုကို အသုံးချနိုင်သော နေရာကောင်းတွင် ရှိနေသည်။

အထူးသဖြင့် ကျွန်ုပ်တို့သည် ဂျပန်အစိုးရကို အောက်ပါအချက်များအား သေသေချာချာ အကြံပြုအပ်ပါသည်။

  • ဥပဒေမဲ့ ဖမ်းဆီးခံထားရသူအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးပြီး ဒီမိုကရေစီနည်းကျ အဆောင်အအုံများနှင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြောက်ခြင်းခံထားရသော အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့ကို ပြန်လည် ခေါ်ယူ ဖွဲ့စည်းရေးအတွက် ဆက်လက် တောင်းဆိုသွားရန်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ခဲ့သည့် ဖိနှိပ်သည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်း ပြောင်းလဲရန် မလုပ်ဆောင်နိုင်ပါက ပိတ်ဆို့အရေးယူမှုများအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို စတင်ရန်။  
  • ၎င်း၏ သံရုံးများ နှင့် ရုံးများကို ထိတွေ့ပြီး အရေးယူခံရနိုင်သည့် ဘေးအန္တရာယ်ရှိသည့် ပြည်သူများအား မည်သည့် သံတမန်ဆိုင်ရာ ပံ့ပိုးမှုနှင့် အကာအကွယ်များကို မဆို အပြည့်အဝ ပေးရန် (လိုအပ်ပါက သံရုံးများတွင် ဘေးကင်းလုံခြုံမှုကို ပေးထားခြင်းအပါအဝင်)၊ နိုင်ငံရေးခိုလှုံခွင့် သို့မဟုတ် ယာယီခိုလှုံခွင့်ပြုရန် အတွက် ဝင်ရောက်ခြင်းကို အကျိုးဆောင်ပေးရန်။
  • စစ်တပ်ကိုသော်လည်းကောင်း၊ ၎င်း၏ ခေါင်းဆောင်မှုနှင့် စစ်တပ်ကို စစ်တပ်၏ အခွန်ဘဏ္ဍာကို အဓိက ပေးနေသော ကြီးမားသည့် စီးပွားရေး ထိန်းချုပ်ပိုင်ဆိုင်မှုများအပေါ်  စီးပွားရေးအရ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများအပါအဝင် သက်ဆိုင်ရာ အစိုးရများ ပါဝင်လျက် ဘက်စုံ အရေးယူဆောင်ရွက်မှုများကို ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း သာမက စစ်လက်နက် အသုံးဆောင်ကိရိယာများ အပေါ် ပိတ်ပင်ခြင်းတို့တွင် ပါဝင်ရန်။ အထူးသဖြင့် ထို အရေးယူ ပိတ်ဆို့မှုများသည် အောက်ပါတို့ကို ပစ်မှတ်ထားရမည်။
    • မြန်မာစစ်တပ်၏ ခေါင်းဆောင်မှု
    • အစိုးရအဖွဲ့အဖွဲ့ဝင် အားလုံးနှင့် လက်ရှိ သို့မဟုတ် ယခင်က စစ်တပ် အရာရှိများဖြစ်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ အားလုံး။
    • မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် (MEHL) နှင့် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC)
    • MEHL နှင့် MEC တို့၏ လက်အောက်ခံကုမ္ပဏီများ အားလုံး
    • MEHL၊ MEC နှင့် ၎င်းတို့၏ လက်အောက်ခံ ကုမ္ပဏီများ အားလုံး၏ ဒါရိုက်တာများ အားလုံးနှင့် ထိပ်တန်းခေါင်းဆောင်များ
    • အရေးယူ ပိတ်ဆို့ခံထားရသည် လူပုဂ္ဂိုလ်ကို ဂျပန်နိုင်ငံသို့ လည်ပတ်ခွင့်နှင့် ဘဏ်စနစ် အသုံးပြုခွင့်ကို ပိတ်ထားရန်။
  • မြန်မာစစ်တပ်နှင့် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်စွာ ဆက်နွယ်မှု ရှိနေသော ဂျပန်ကုမ္ပဏီများကို ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုများကို တာဝန်သိစွာ ရပ်ဆိုင်းခြင်းတို့တွင် ကူညီပံ့ပိုးရန်။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ သစ်လုပ်ငန်းနှင့် ကျောက်စိမ်းနှင့် ရတနာများတွင် အဓိက တူးဖော်ထုတ်လုပ်မှုများကို အမြန်ဆုံး ဦးစားပေးအဖြစ် သတ်မှတ်ရန်။
  • “ဂျပန်နိုင်ငံသည် ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် အခြေခံ လူ့အခွင့်အရေးများကို ခိုင်မာအားကောင်းမှုရှိစေရန် မြှင့်တင်သည့် အမြင်ဖြင့် ဒီမိုကရေစီ ဖြစ်ထွန်းမှု၊ တရားဥပဒေ စိုးမိုးမှုနှင့် အခြေခံ လူ့အခွင့်အရေးများအား လေးစားမှုတို့နှင့် စပ်လျဥ်းနေသည့် အကူအညီခံနိုင်ငံများ၏ အခြေအနေတွင် လုံလောက်သော အာရုံစိုက်မှုကို ပေးသွားမည်” ဟု သဘောထားသည့် လူ့အခွင့်အရေးအခြေခံ လိုအပ်ချက်ကို ဖေါ်ကျုးထားသော တရားဝင် ဖွံ့ဖြိုးရေး အကူအညီ အစီအစဉ်များ နှင့် ပဋိဥာဥ်များအား လုပ်ဆောင်မှုကိုသာ အစပြုရန်။ လူသားချင်းစာနာသော အကူအညီများကို ဆက်လက်ထိန်းသိမ်းထားပြီး လိုအပ်ပါက မြှင့်တင်ရန် ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို မြန်မာအစိုးရမှ တဆင့် ဖြန့်ဝေခြင်း မဖြစ်မိစေရန်အတွက် သေချာစေရန် သုံးသပ်ရမည်။  ဂျပန်၏အကူအညီများသည် အခြေခံ လူသား လိုအပ်ချက်များကိုသာ ဦးတည်သင့်ပြီး လွတ်လပ်သော လူထု လူမှု အဖွဲ့အစည်းများမှတဆင့် လုပ်ဆောင်နိုင်မှသာ ဖြန့်ဝေသွားစေရန်။
  • တပ်မတော်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုကို ချက်ခြင်း ချမှတ်ရေး ထောက်ခံပံ့ပိုးရန်နှင့် မြန်မာနိုင်ငံသို့ လက်နက်နှင့် ပစ္စည်း ကိရိယာများကို ပံ့ပိုးပေးနေသော အစိုးရများအား ထိုသို့သော လုပ်ရပ်များကို ချက်ချင်း ရပ်တံ့ပေးရန်အတွက် တောင်းဆိုရန်။
  • ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ပံ့ပိုးကူညီရန်၊ မြန်မာနိုင်ငံရှိ အခွင့်အရေး အကြပ်အတည်း ပြဿနာများကို စောင့်ကြည်မှုများကို ပံ့ပိုးရန်၊ ကောင်စီနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများသို့ လူ့အခွင့်အရေး အခြေအနေများကို ပုံမှန် အစီရင်ခံမှုကို မြှင့်တင်သွားရန်။

သင်၏ ထည့်သွင်းစဉ်းစားပေးမှု အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့သည် အဆိုပါ ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် သင်၏ ဝန်ထမ်းနှင့် အနာဂတ်တွင် ဆွေးနွေးခွင့်ရမည်ဟု မျှော်လင့်ပါသည်။
 

လေးစားစွာဖြင့်။

Human Rights Now
Human Rights Watch
Japan International Volunteer Center
Japan NGO Action Network for Civic Space
Justice For Myanmar

Your tax deductible gift can help stop human rights violations and save lives around the world.