၂၀၁၆ ခုနှစ် မတ်လတွင် တာဝန်စထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံ၏အရပ်သားအစိုးရသည် သိသာ ထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လိမ့်မည်ဆိုသည့် မျှော်လင့်ချက်များကို မဖြည့်ဆည်း ပေးနိုင်ခဲ့ပါ။ အစိုးရကိုဖြစ်စေ၊ တပ်မတော်ကိုဖြစ်စေ ဝေဖန်သည့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး တရားစွဲဆိုအပြစ်ပေးသည့် ဖိနှိပ်သည့်ဥပဒေများကို အာဏာပိုင်များက ဆက်လက်အသုံးပြုနေကြဆဲ ဖြစ်သည်။ အဓိကကျသည့် ဝန်ကြီးဌာနများကို ထိန်းချုပ်ထားပြီး အရပ်သားတို့၏ကြီးကြပ်မှုကို မခံရဘဲ လွတ်လပ်စွာဆောင်ရွက်နိုင်သည့် တပ်မတော်သည် နိုင်ငံအတွင်း အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်နေပါသေးသည်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များအပေါ် ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရာတွင် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အနှံ့အပြား မီးရှို့ဖျက်ဆီးခြင်းများကိုလည်း ကျူးလွန်ခဲ့သည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား မပြီးဆုံးသေးသော တိုက်ခိုက်မှုများမှာလည်း ရှမ်းနှင့်ကချင်ပြည်နယ်တို့၌ ပိုမိုပြင်းထန်လာပြီး လူပေါင်းများစွာ အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

  • မြန်မာနိုင်ငံ
    ဤကြေငြာချက်အောက်တွင် လက်မှတ်ထိုးထားသော အဖွဲ့အစည်းများမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မြန်မာပြည်သူများမှ ၎င်းတို့၏အစိုးရအား ဒီမိုကရေစီ နည်းလမ်း ကျစွာ ရွေးချယ်ပိုင်ခွင့်ကိုပိတ်ပင်စေခဲ့သော ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု အပေါ် တုန့်ပြန်သောအားဖြင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ပင်ခြင်းတစ်ခုအား အလျင်အမြန် ချမှတ်ရန်တောင်းဆိုလိုက်သည်။ လက်ရှိဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရိုဟင်ဂျာများ နှင့် အခြားတိုင်းရင်းသား လူနည်းစုအုပ်စုများအပါအဝင်၊ စစ်အုပ်ချုပ်ရေးအား ငြိမ်းချမ်းစွာ ဝေဖန်သူများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ စိုးရိမ်ဖွယ်မတရားဖိနှိပ်ခြင်းများကြောင့် ကျွနှ်ပ်တို့၏ စိုးရိမ်မှုကို ပိုမိုမြင့်တက်စေပါသည်။

News