Skip to main content
Donate Now

ဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များအား ထိုင်းနိုင်ငံမှ တရားဝင်အလုပ်လုပ်ခွင့်ပြု

ဒုက္ခသည်များ မိမိခြေပေါ်မိမိရပ်တည်နိုင်ရေးအတွက် ကြီးမားစွာမြှင့်တင်ပေး၊ ထိုင်းနိုင်ငံစီးပွားရေး

၂၀၂၅ ခုနှစ် မတ်လ ၅ ရက် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မဲလဒုက္ခသည်စခန်းမှ ဒုက္ခသည်များ။ © 2025 Valeria Mongelli/Anadolu via Getty Images

သြဂုတ်လ ၂၆ ရက်တွင် ထိုင်းနိုင်ငံအစိုးရအဖွဲ့က နယ်စပ်တစ်လျှောက်ရှိဒုက္ခသည်စခန်းများ၌ နေထိုင် နေသော မြန်မာဒုက္ခသည်များအား တရားဝင်အလုပ်လုပ်ခွင့်ပြုသည့် စီမံချက်များကိုခွင့်ပြုခဲ့ပါသည်။ လူများစွာအတွက် ယင်းက ၎င်းတို့၏ဘဝ၌ ပထမဆုံးသော တရားဝင်အလုပ်အကိုင်ဖြစ်ပါမည်။

၁၉၈၀ ခုနှစ်များကတည်းက မြန်မာစစ်တပ်၏ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးခဲ့သူများကို အကာ အကွယ်ပေးသော စခန်းကိုးခု၌ ဒုက္ခသည်အယောက် ၁၀၈၀၀၀ ခန့်နေထိုင်ကြသည်။ ၎င်းတို့ထက်ဝက် နီးပါးကို ထိုစခန်းများ၌ မွေးဖွားခဲ့ကြပါသည်။

အလုပ်လုပ်ခွင့်အသစ်များကို ထိုင်းအစိုးရထံ၌စာရင်းသွင်းထားသော ဒုက္ခသည် ၈၀၀၀၀ ခန့်ကသာ ရရှိနိုင်ပြီး၊ ၎င်းတို့အနက် ခန့်မှန်းခြေ ၄၂၀၀၀ မှာ အလုပ်လုပ်သည့် အသက်အရွယ်ဖြစ်သည်။ စခန်းမှ ထွက်ခွာခွင့်နှင့် တစ်နှစ်ခံသည့် အလုပ်လုပ်ခွင့်များအတွက် ဒုက္ခသည်များက လျှောက်ထားရပါမည်။

ဆယ်စုနှစ်ပေါင်းများစွာကြာအောင် စခန်းများရှိဒုက္ခသည်များ တရားဝင်အလုပ်လုပ်ခြင်း၊ လွတ်လပ်စွာ သွားလာခြင်း သို့မဟုတ် ပြည်သူ့ဝန်ဆောင်မှုများရယူခြင်းတို့ကို ထိုင်းအစိုးရမှပိတ်ပင်ခဲ့သဖြင့်ပြည်ပ ထောက်ပံ့ကြေးကိုသာ ၎င်းတို့များစွာအားထားခဲ့ရပါသည်။ ယခုနှစ် လစဉ်ရိက္ခာများကို အစ၌ အမေရိကန်ဒေါ်လာ ၂.၃၀ သို့ဖြတ်ခဲ့ပြီး နောက်တွင် သုညသို့ ဖြတ်တောက်လိုက်ပြီး အဓိက အစားအစာနှင့် ကျန်းမာရေးဝန်ဆောင်မှုများအတွက် ထောက်ပံ့ကြေးများကို အမေရိကန် ပြည်ထောင်စုမှ ကြီးမားစွာဖြတ်တောက်ပြီးနောက် ဒုက္ခသည်စခန်းများ၌ စိတ်ပျက်အားငယ်မှု မြင့်တက် သွားခဲ့ပါသည်။ 

ဇူလိုင်လ၌ ကျမ ဒုက္ခသည်ရှစ်ဦးနှင့် စကားပြောခဲ့စဥ်က ၎င်းတို့မျှော်လင့်ချက်ကင်းမဲ့သည်ဟု ခံစား နေရကြောင်းနှင့် ဒုက္ခသည်စခန်းများ၌ ဆယ်စုနှစ်ပေါင်းများစွာ ကန့်သတ်ထားခံရပြီးနောက် ၎င်းတို့ကို မေ့သွားကြပြီဟု ခံစားနေရကြောင်း ဖော်ပြကြပါသည်။ ခွင့်ပြုပါက ၎င်းတို့အားလုံးသည် ပြင်ပ၌ အလုပ်လုပ်ရန် စိတ်အားထက်သန်နေခဲ့ပါသည်။ ဒုက္ခသည်တစ်ဦးက “လွတ်လွတ်လပ်လပ်နေထိုင် လုပ်ကိုင်ပြီးငွေရှာဖို့ အကာအကွယ်ပေးတဲ့အနေအထားတစ်မျိုမျိုး ရနိုင်မယ်ဆိုရင် ထိုင်းနိုင်ငံ အတွက်ရော နိုင်ငံတကာ အသိုက်အဝန်းအတွက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်တော့မှာမဟုတ်ဘူး” ဟုဆိုပါသည်။

ထိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်ချလိုက်ချိန်သည် ဒုက္ခသည်များအတွက်သာမက အိုမင်းလာသော လူဦးရေနှင့် မကြာသေးမီက နယ်စပ်ပဋိပက္ခများအပြီးနောက် အနည်းဆုံး ၁၀၀၀၀၀ ရှိ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားသဖြင့် လုပ်သားအင်အား ပြတ်လပ်မှုနှင့်

ရင်ဆိုင်နေရသည့် ထိုင်းလုပ်သားအင်အားအတွက်ပါ အရေးကြီးသည့်အချိန်၌ ဖြစ်နေသည်။ 
အလုပ်လုပ်ခွင့်လျှောက်လွှာတင်သည့် လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှု၊ ရယူနိုင်မှုနှင့် မဆိုင်းမတွ လုပ်ကိုင်နိုင်ပြီး ပွဲစားများ၏ ခေါင်းပုံဖြတ်ခြင်းနှင့် ငွေညှစ်ခြင်းတို့ကိုရှောင်ရှားရန် အကာအကွယ်များ ထားရှိပေးကြောင်း ထိုင်းအာဏာပိုင်များက သေချာစေရပါမည်။ စနစ်တကျ အကောင်အထည် ဖော်ပါက အလုပ်အကိုင်ဆိုင်ရာ ဤမူဝါဒသည် ဒုက္ခသည်များ၏ မိမိခြေပေါ် မိမိရပ်တည်မှုနှင့် ကိုယ်ထူကိုယ်ထ ရှိမှုကို တည်ဆောက်ခြင်း၊ ဒေသန္တရစီးပွားရေးများကို မြှင့်တင်ပေးခြင်းနှင့် ထိုင်းနိုင်ငံ၏ အခြားနေရာများနှင့် ဤဒေသတွင်းရှိ ဒုက္ခသည်လူဦးရေအတွက် ရပိုင်ခွင့်များကို လေးစား၍ ကြွယ်ဝသော စံနမူနာပုံစံတစ်ခု ဖြစ်ပါမည်။

ဒုက္ခသည်နောက်တစ်ဦးက “ကျနော်တို့ကလူငယ်တွေအနေနဲ့ အသက်မွေးဝမ်းကြောင်းပြုချင်တယ်။ အသိပညာတွေနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချချင်တယ်၊” “အလုပ်လုပ်ဖို့၊အလုပ်ရဖို့၊ မိသားစုတွေကို လုပ်ကိုင်ကျွေးမွေးဖို့ စခန်းကထွက်ခွင့်ရမယ်ဆိုရင် အဲဒီအခွင့်အရေးကို ယူမှာပဲ။” ဟုပြောပြပါသည်။

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Most Viewed