(ဟိတ်ဂ်မြို့) – ၂၀၁၆-၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများ” ကာလအတွင်း ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်မှကျူးလွန်ခဲ့သည့် လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာသဘောတူညီစာချုပ် (Genocide Convention) ကို ချိုးဖောက်သည်ဟု ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခဲ့သည့်အမှုတွင် မြန်မာနိုင်ငံ၌ တာဝန်ရှိသည်ဟု နိုင်ငံတကာတရားရုံးက ၂၀၂၆ ခုနှစ် နို၀င်ဘာ ၁၉ တွင် ဆုံးဖြတ်လိုက်သည်။ တရားရုံး၏ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး အယူခံမဝင်နိုင်ပါ ။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) မှ အပြည်ပြည်ဆိုင်ရာတရားမျှတရေး အကြီးတန်းဥပဒေအကြံပေး Maria Elena Vignoli ၏ ပြောကြားသည်မှာ-
“နိုင်ငံတကာတရားရုံး ရဲ့ ဒီသမိုင်းဝင်ဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာများ ခါးစည်းခံခဲ့ရသည့် ဒုက္ခဆင်းရဲတွေကို အသိအမှတ်ပြုရာကျပါတယ်။ ဒီလိုအသိအမှတ်ပြုဖို့အတွက်နှစ်အကြာကြီးစောင့်ခဲ့ရတာပါ။ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် အခြားကြီးလေးသည့် ရာဇဝတ်မှုများကို ခံစားခဲ့ရတဲ့သူတွေအတွက်ပါ တရားမျှတမှု ရရှိရေး ကြိုးပမ်းခြင်းအတွက် အင်မတန်အရေးပါသော စံနမူနာစီရင်ထုံးတစ်ခု ပါပဲ”
“မြန်မာနိုင်ငံအနေနဲ့ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်ကို အမြန်လိုက်နာပြီး ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများကို အဆုံးသတ်သင့်ပါတယ်။ သက်ဆိုင်ရာအစိုးရများအနေနဲ့ရိုဟင်ဂျာများနှင့်အခိုင်အမာရပ်တည်ပြီးအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအတွက်တရားမျှတမှုမြှင့်တင်ပေးဖို့၊ မြန်မာအနေနဲ့တရားရုံးဆုံးဖြတ်ချက်အပေါ်လိုက်နာပြီး ရိုဟင်ဂျာဒုက္ခသည်များမိမိတို့စိတ်ဆန္ဒအလျောက်လုံခြုံစွာနေရပ်ပြန် နိုင်ရေးအတွက် မြန်မာစစ်အာဏာပိုင် တွေကို တွန်းအားပေးသင့်ပါတယ်။”