Skip to main content
Donate Now

ဂျပန်။ မြန်မာ အာဏာသိမ်းမှုအပေါ် အရေးယူပါ။

ပစ်မှတ်ထားစီးပွားရေး ပိတ်ဆို့ အရေးယူမှု၊ ကမ္ဘာတစ်ဝှမ်း လက်နက် ပိတ်ဆို့မှု တွင် ပါဝင်ပါ။ အကူအညီတွေ ပြန်လည် သုံးသပ်ပါ။

Japanese Foreign Minister Toshimitsu Motegi (left), Prime Minister Yoshihide Suga (center), and Finance Minister Taro Aso (right) attend a Cabinet meeting in Tokyo on February 24, 2021. © 2021 Kyodo via AP Images

(၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်။ တိုကျို) ဂျပန် အစိုးရသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အစိုးရကို ပြန်လည်တည်ဆောက်ရန်နှင့် လူ့အခွင့်အရေးကို လေးစားရန် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်း အုပ်စု ခေါင်းဆောင်များကို ဖိအားပေးရန်အတွက် အရေးပေါ် အရေးယူမှုများ ပြုလုပ်ရမည်ဟု Human Rights Now၊ Human Rights Watch ၊ Japan International Volunteer Center၊ Justice For Myanmar နှင့် Japan NGO Action Network for Civic Space တို့က ယနေ့တွင် ပြောဆိုသည်။

ဂျပန် နိင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆု မိုတက်ဂီ (Toshimitsu Motegi) ထံ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပေးပို့သော စာတွင် အဖွဲ့အစည်းများက ဂျပန်အစိုးရအား အခြားသော နိုင်ငံများနှင့် အတူ မြန်မာစစ်တပ်နှင့် ၎င်းထိန်းချုပ်ထားသော ကုမ္ပဏီများအား စီးပွားရေးအရ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ဒဏ်ခတ်ခြင်း၊ ကမ္ဘာတစ်ဝှမ်း လက်နက်ပိတ်ဆို့မှုကို ထောက်ခံခြင်း၊ နှင့် ဂျပန်ိနိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးရေး ထောက်ပံ့မှု အစီအစဉ်များနှင့် ကြေညာစာတမ်းများတွင် ပါဝင်သော လူ့အခွင့်အ‌ရေး အခြေပြု အခြေအနေများနှင့် ကိုက်ညီအောင် ဆောင်ရွက်ခြင်းတို့ အပါအဝင် ပူးတွဲ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။ 

"အဓိကနဲ့ ဩဇာရှိတဲ့ အလှူရှင်အနေနဲ့ ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို မြှင့်တင်ရေးအတွက် အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိတယ်။” ဟု Human Rights Watch ၏ အာရှ အစီအစဉ်တာဝန်ခံ Teppei Kasai က ပြောသည်။ “မြန်မာစစ်တပ်ကို အကျိုးအမြတ်ရှိစေမယ့် ဘယ်လို လူထု အကူအညီမျိုးကို မဆို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ရပ်ဆိုင်းထားရမယ်။”

၎င်းတို့၏ စာတွင် အဖွဲ့အစည်းများက ဂျပန်အစိုးရသည် စစ်တပ်နှင့် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက် ချိတ်ဆက်မှုရှိသော ဂျပန်ကုမ္ပဏီများကို ၎င်းတို့၏ စီးပွား ဆက်ဆံရေးကို တာဝန်ခံမှုရှိစွာ အဆုံးသတ်ရန် ပံ့ပိုးကူညီပေးနေချိန်မှာပင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် (MEHL) နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ အပါအဝင် စစ်တပ်နှင့် ချိတ်ဆက်မှုရှိသော ကုမ္ပဏီများကို အခြားသော သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်း၍ စီးပွားရေးအရ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများလုပ်ဆောင်သင့်ကြောင်း ပြောထားသည်။ 

“မြန်မာစစ်တပ်က စီးပွားရေး လုပ်ငန်းက ဝင်ငွေတွေကို သူတို့ရဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ကျူးလွန်ချိုးဖောက်မှုတွေအတွက် အသုံးပြုနေတယ်ဆိုတာ ရှင်းလင်းပြီး ပိုမိုများပြားတဲ့ အထောက်အထားတွေ ရှိလာနေတယ်။” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ပြောသည်။ “ဂျပန်အစိုးရနဲ့ စီးပွားရေး လုပ်ငန်းတွေဟာ သူတို့ရဲ့ လူ့အခွင့်အရေး တာဝန်ခံမှုကို ဆုပ်ကိုင်ထားပြီး မြန်မာစစ်တပ်နဲ့ အဆက်အသွယ် ဖြတ်တောက်ရမယ်။” 

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာပင် မြန်မာနိုင်ငံ၏ အဓိက အလှူရှင်နိုင်ငံ ဖြစ်ခဲ့သည်။ ဂျပန်နိင်ငံသည် ချေးငွေ ကူညီမှုအဖြစ် စုစုပေါင်း ယန်း ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံ) ကျော် ပေးခဲ့ပြီး အကူအညီငွေကြေးအဖြစ် ယန်း ၃၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ သန်း) ကျော် ပေးခဲ့ပြီး ယန်း ၈၈ ဘီလီယံက (အမေရိကန်ဒေါ်လာ ၈၃၄,၀၀၀) ကို နည်းပညာ အထောက်အကူအဖြစ် ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံသည် OECD ၏ အဖွဲ့ဝင် နိုင်ငံများနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ဌာန အဖွဲ့အစည်းများအကြားတွင် ပထမ အဆင့်သို့ ရောက်ရှိခဲ့သည်။ ၂၀၁၆ ခုနှစ် တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ အလည်အပတ်သွားသောအခါတွင် မြန်မာနိုင်ငံသို့ အများပိုင်နှင့် ပုဂ္ဂလိက ပိုင် လုပ်ငန်းများက ငါးနှစ်တာကာလအတွင်းတွင် ယန်းပေါင်း ၈၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ) ထည့်ဝင်မည်ဟု ဂျပန်က ကြေညာခဲ့သည်။

အဖွဲ့အစည်းများက “ဂျပန်၏ ပုဂ္ဂလိက ကဏ္ဍသည်လည်း လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်သင့်သည်များ အပါအဝင် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ လမ်းညွှန်မူဝါဒများတွင် ချမှတ်ထားသော မူဘောင်များကို အချိန်အများအပြားတွင် လုံလောက်စွာ အလေးဂရုပြုခြင်းမရှိပဲ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးများလာနေ” ကြောင်း မှတ်သားထားသည်။

"စစ်တပ်နဲ့ စီးပွားရေး လုပ်တာနဲ့ ဆက်နွယ်တဲ့ ဘေးအန္တရာယ်ကို လုံလုံလောက်လောက် ထည့်သွင်းစဉ်းစားခဲ့တာ မရှိခဲ့လို့ အခုဆိုရင် မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့တာဟာ ပြောင်းပြန်အကျိုးသက်ရောက်ခဲ့တာ ဂျပန်အစိုးရက အနေနဲ့ သဘောပေါက်သင့်ပြီ။ ဟု Human Rights Now အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး Akiko Sato က ပြောသည်။ "ရှေ့ဆက်သွားတဲ့အခါ အစိုးရအနေနဲ့ ကုလသမဂ္ဂ လမ်းညွှန်မူဝါဒတွေကိုသာမက ၂၀၂၀ ခုနှစ် အောက်တိုဘာလတုန်းက ရေးဆွဲခဲ့တဲ့ စီးပွားရေးနှင့် လူ့အခွင့်အရေးအပေါ် လုပ်ငန်းအစီအစဉ်နှင့် အညီ လူ့အခွင့်အရေး လေးစားလိုက်နာရမည့်အရာများကို ဂျပန်နိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍမှာ မြှင့်တင်ပေးရမယ်။”

“ဂျပန်နိုင်ငံသည် ဒီမိုကရေစီရေး၊ ဥပဒေ စိုးမိုးရေး နှင့် အခြေခံ လူ့အခွင့်အရေးများကို စုစုစည်းစည်းရှိစေရန် မြှင့်တင်သည့် အမြင်ဖြင့် ဒီမိုကရေစီ ဖြစ်ထွန်းမှု၊ တရားဥပဒေ စိုးမိုးမှုနှင့် အခြေခံ လူ့အခွင့်အရေးများအား လေးစားမှုတို့နှင့် စပ်လျင်းသည့် လက်ခံနိုင်ငံများ၏ အခြေအနေကို လုံးလောက်သော အာရုံစိုက်မှုကို ပေးသွားမည်” ဟု သဘောတူထားသော တရားဝင် ဖွံ့ဖြိုးရေး အကူအညီ အစီအစဉ်များ နှင့် ကြေညာစာတမ်းတွင် ထည့်သွင်းဖော်ပြထားသည့် လူ့အခွင့်အရေး အခြေပြု အခြေအနေကို လုပ်ဆောင်ရန်။ လူသားချင်းစာနာသော အကူအညီများကို ဆက်လက်ထိန်းသိမ်းထားပြီး လိုအပ်ပါက မြှင့်တင်ရန် ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို မြန်မာအစိုးရမှ တဆင့် ဖြန့်ဝေခြင်းမပြုရန် ဂရုစိုက်ရမည် ဟု အဖွဲ့အစည်းများက ဂျပန်အစိုးရကို တောင်းဆိုခဲ့ကြသည်။ 

လူသားချင်းစာနာသော အကူအညီများကို ဆက်လက်ထိန်းသိမ်းထားပြီး လိုအပ်ပါက မြှင့်တင်ရန် ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို ပြန်လည်သုံးသပ်ပြီး မြန်မာအစိုးရမှ တဆင့် ဖြန့်ဝေခြင်းမပြုရန် ဂရုစိုက်ရမည်။ ဂျပန်အကူအညီများသည် အခြေခံ လူသား လိုအပ်ချက်များကိုသာ ဦးတည်သင့်ပြီး ဖြစ်နိုင်ပါက လွတ်လပ်သော လူထု လူမှု အဖွဲ့အစည်းများမှတဆင့် ဖြန့်ဝေသွားစေရမည်။ 

“ဖမ်းဆီးခံရသူများ ပြန်လွတ်ရေးနှင့် ဆန္ဒပြသူများ၏ ဘေးကင်းလုံခြုံရေး အပါအဝင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပန်လည်ထွန်းကားစေရန် ထိရောက်သော ပုံစံဖြင့် မြှင့်တင်ရန် လုပ်ဆောင်ရမည်။” ဟု coordinator at Japan NGO Action Network for Civic Space အဖွဲ့ တာဝန်ခံ Ryota Kato က ပြောသည်။

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Most Viewed