(ဘန်ကောက်မြို့၊) မြန်မာအစိုးရအနေဖြင့် အခြေခံလူ့အခွင့်အရေးနှင့်နိုင်ငံရေး အခွင့်အရေးများကို ထပ်ခါတလဲလဲ ချိုးဖောက်လျက်ရှိပြီးအစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များမှနေ၍လူနည်းစုများ အပေါ်တွင်ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရာတွင်အောင်မြင်ခြင်း မရှိခဲ့ ဟု Human Rights Watch အဖွဲ့အစည်းမှ ယနေ့ထုတ်ပြန်လိုက်သော World Report 2021 တွင်ပြော ကြားခဲ့သည်။
ကြီးမာသောပြသနာများဖြစ်ပွားစေခဲ့သည့် ၂ဝ၂ဝ ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲတွင်အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည်။မဲပေးခြင်းကာလမတိုင်မီက အစိုးရအနေဖြင့် ၎င်းတို့ကိုဝေဖန်သူများအားဖမ်းဆီးပြစ်ဒဏ်ပေးခြင်း၊အတိုက်အခံပါတီမှမဲဆွယ်ဟောပြောချက် များအားစိစစ်ဖြတ်တောက်ခြင်းများပြုလုပ်ခဲ့ပြီး အစိုးရပိုင်မီဒီယာများတွင် ထုတ်လွှင့်ဖော်ပြရန်အတွက်တန်းတူ အခွင့်အရေးများ ပေးအပ်ခဲ့ခြင်း မရှိပါ။ ရိုဟင်ဂျာလူမျိုးများအနေဖြင့် ယခုအချိန်အထိ မဲပေးခွင့်မရရှိခြင်း၊ ၂၅ရာခိုင်နှုန်းသော လွှတ်တော်နေရာများကို တပ်မတော်အတွက် ဦးထားခြင်း၊ လွတ်လပ်၍ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကော်မရှင် မခန့်အပ်ထားခြင်း စသည်တို့သည် စနစ်တကျ ခွဲခြားထားသော ပြဿနာများဖြစ်သည်။ လုံခြုံရေးအကြောင်းပြကာ တိုင်းရင်းသားလူနည်းစု အများဆုံးနေထိုင်ကြသော မြို့နယ်၅၇မြို့နယ်တွင်မဲပေး ရွေးချယ်ခြင်းကိုကော်မရှင်အဖွဲ့မှပိတ်ပင်တားဆီးခဲ့ပြီးပိတ်ပင်ခံရသောနိုင်ငံရေးပါတီများနှင့်အမတ်လောင်းများကိုလည်းအဘယ့်ကြောင့်၎င်းတို့အား ရွေးချယ်ပိတ်ပင်ခဲ့ကြောင်းနှင့် ပတ်သက်၍ သေချာစွာရှင်းလင်းပြောကြားခဲ့ ခြင်းမရှိပါ။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၎င်းတို့အာဏာရပြီးနောက်ချက်ချင်းဆို သလိုလူ့အခွင့်အရေးနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကို လျစ်လျူရှုခဲ့ပါတယ်။ ဒါ့ကြောင့်အတိတ်ကာလကအကြမ်း ဖက်မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးမယ်ဆိုတဲ့ ပြည်သူကို ပေးထားတဲ့ကတိကိုလည်း ချိုးဖောက်ရာရောက်ပါတယ်” ဟု Human Rights Watch မှ အာရှဒေသပိုင်း ဒါရိုက်တာချုပ်ဖြစ်သူ Phil Robertson မှ ဆိုသည်။ ‘လွှတ်တော်ထဲမှာမဲအများဆုံးနဲ့အနိုင်ရတယ်ဆိုတော့NLDအနေနဲ့ပြည်သူတွေ အားလုံးကို ကာကွယ်နိုင်မယ့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို မိတ်ဆက် ပြင်ဆင်နိုင်ဖို့အတွက် အခွင့်အရေး ရှိပါတယ်’ ဟု ဆက်လက်ပြောကြားခဲ့သည်။
(၃၁) ကြိမ်မြောက် World Report 2021 ၏ စာမျက်နှာအမှတ် - ၇၆၁ တွင် Human Rights Watch အနေဖြင့် နိုင်ငံပေါင်း (၁ဝဝ) ကျော် ၏ လူ့အခွင့်အရေးအလေ့အထများအား လေ့လာဆန်းစစ်ခဲ့ပါသည်။ အမှုဆောင် ဒါရိုက်တာ Kenneth Roth ရေးသားသည့်အဖွင့်မိတ်ဆက်စာပိုဒ်တွင်အမေရိကန်ပြည်ထောင်စု၏လာမည့်အစိုးရ သစ်အနေဖြင့်လူ့အခွင့်အရေးစံနှုန်းများအား ပြည်တွင်းတွင်သာမက ၊နိုင်ငံခြားရေးမူဝါဒပိုင်းတွင်လည်းအလေး အနက်ထားဆုပ်ကိုင်သင့်ကြောင်း၎င်းကထည့်သွင်းရေးသားခဲ့သည်။ Roth က အလေးအနက်ထားပြောကြားခဲ့ သည်မှာထရမ့်အစိုးရအနေဖြင့် လူ့အခွင့်အရေးကာကွယ်မှုအများစုကို မျက်ကွယ်ပြုခဲ့သော်လည်း အခြားသော အစိုးရများကလူ့အခွင့်အရေးများကိုရပ်တည်ကာကွယ်ပေးခဲ့ကြောင်းပင်ဖြစ်သည်။လာမည့်ဘိုင်ဒန်အစိုးရအနေဖြင့်လည်းလူ့အခွင့်အရေးကာကွယ်ခြင်းအား အခြားအကြောင်းအရာများဖြင့် အစားမထိုးဘဲအဆိုပါစုပေါင်း အင်အားအသစ်နှင့်အတူ ပူးပေါင်းပါဝင်သင့်ပေသည် ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူဦးရေပေါင်း၆သိန်းခန့် ကျန်ရှိလျက်ရှိပြီး ၎င်းတို့ကအစိုးရ၏ဖမ်းဆီးပြစ်ဒဏ်ပေး မှုများနှင့်အကြမ်းဖက်မှုများဒဏ်ကိုခံနေရခြင်း၊စခန်းနှင့်ရွာများတွင် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်မရရှိခြင်းတ တို့အပြင် လုံလောက်သော အစားအသောက်၊ ကျန်းမာရေး၊ ပညာရေး နှင့် သင့်တင့်လျောက်ပတ်သော နေထိုင်မှု အခြေအနေများထံမှ ဖြတ်တောက်ခံထားရသည်။ ရိုဟင်ဂျာများအပေါ်ထားရှိထားသော လူနေမှုအဆင့်အတန်း နိမ့်ကျစေသည့်ဖိနှိပ်ချုပ်ချယ်မှုများမှာ လူသားတို့လက်မခံသော ရာဇဝတ်မှုများဖြစ်သည့် ဖိစီးနှိပ်စက်ပြစ်ဒဏ် ပေးခြင်း၊ အသားအရောင်ခွဲခြားခြင်း နှင့် လွတ်လပ်မှုကို ပြင်းထန်စွာ ထိန်းချုပ်ခြင်း စသည်တို့နှင့် အလားတူပင်ဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများအဖွဲ့ Human Rights Watch မှ ဆိုသည်။
လူ့အခွင့်အရေးကာကွယ်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် အခြားပြည်သူများက ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခြင်း (သို့) အစိုးရကို ဝေဖန်ခဲ့ခြင်းတို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ဝေဝေ၀ါး၀ါး၊ ရေရာစွာသတ်မှတ်ထားခြင်းမရှိသောဥပဒေများကိုအသုံးပြုကာ၎င်းတို့အားဖမ်းဆီးခြင်းနှင့်ပြစ်ဒဏ်ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။
လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားသမဂ္ဂများကိုဖြိုခွဲခြင်း၊ အစုလိုက်အလုပ်ထုတ်ပစ်ခြင်းများအပြင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင်ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်။ ၂ဝ၂ဝခုနှစ် တွင်အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ နှင့်အလုပ်သမားသပိတ်မှောက်၊ဆန္ဒပြမှုများမှာပိုမိုမြင့်တက်လာ ခဲ့သည်။
ချင်း၊ ကချင်၊ ကရင်၊ ရခိုင် နှင့်ရှမ်းပြည်နယ်တို့ရှိမြန်မာ့တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်းတပ်မတော်က အရပ်သားများအား ပုံမှန်ဆိုသလို အကြမ်းဖက်ဖိနှိပ်ချုပ်ချယ်ခဲ့ သည်။အာဏာကို နိုင်ထက်စီးနင်း ကျင့်သုံးလျက်ရှိသော စစ်တပ်အရာရှိများနှင့် တပ်သားများမှနေ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် အစိုးရဘက်မှလည်း မည်သည့် ဆောင်ရွက်မှုမျိုးကိုမှ မလုပ်ဆောင်ခဲ့ပါ။
ရခိုင်ပြည်နယ်၌ မြန်မာ့တပ်မတော်နှင့် AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြားတွင် တိုက်ပွဲများပိုမိုပြင်းထန်လျက် ရှိသဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ရခိုင်လူမျိုးအများစုပါဝင်သည့် လူဦးရေ ၁၉ဝ,ဝဝဝ ခန့်အတွက် လုံခြုံမှု ပိုမိုကင်းမဲ့လာသည့်အပြင် ၎င်းတို့မှ နေရပ်စွန့်ခွာ ရှောင်ပြေးရခြင်းများ ပြုလုပ်လာကြရသည်။ မတ်လတွင် မြန်မာအစိုးရအနေဖြင့် Arakan Army ကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ကြေညာခဲ့သည်။
၂ဝ၁၇ခုနှစ်ဩဂုတ်လတွင် စတင်ခဲ့သော မြန်မာ့တပ်မတော်၏ လူမျိုးရေးသန့်စင်ရှင်းလင်းမှုများ၊လူသားမဆန် သော ရာဇဝတ်မှုများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ရိုဟင်ဂျာ တစ်သန်းနီးပါးခန့်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နိုင်ငံတကာတရားရုံး ICJ ၌ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအားစွဲချက်တင်ထားသည့်အမှုနှင့် စပ်လျဉ်း၍မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများအား လူမျိုးတုန်း သတ်ဖြတ်ခြင်းမှ ကာကွယ်ရန်နှင့် ရက်စက်ကြမ်းကြုတ်မှု သက်သေများအား မှတ်တမ်းတင်ထိန်းသိမ်းထားရန် တရားရုံးမှ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလတွင် ကန့်ကွက်သူမရှိ အမိန့်ချမှတ်ခဲ့သည်။ ဤကဲ့သို့သော မြန်မာစစ်တပ်၏ လုပ်ရပ်များနှင့် ရက်စက်ကြမ်းကြုတ်မှုများမှာ ဖြစ်ပွားခဲ့ခြင်းမရှိ ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့က ငြင်းဆိုခဲ့ကြသည်။
အစိုးရအနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၉ မြို့နယ်မှ အင်တာနက်ဖြတ်တောက်မှုများကို ဒုတိယမြောက်နှစ်အထိ ဆက်လက်ပိတ်ပင်ထားခဲ့သည်။ ဩဂုတ်လအစပိုင်းတွင် 2G ကွန်ယက်များကိုပြန်လည် ရရှိခဲ့သော်လည်း 3G နှင့် 4G ဝန်ဆောင်မှုများကို ၂ဝ၂ဝ ခုနှစ် ကုန်ဆုံးခါနီးမှသာ ပြန်လည်ရရှိခဲ့သည်။ ဤကန့်သတ်တားမြစ်ချက်များကြောင့် လူသားချင်း စာနာထောက်ပံ့သော အဖွဲ့အစည်းများအနေဖြင့်စစ်ဘေးသင့် ဒေသများတွင် အထောက်အပံ့ အဓိက လိုအပ်သူများအား ကူညီရာတွင် အထူးသဖြင့် ခဲယဉ်းခဲ့သည်။