Skip to main content

မြန်မာ: သတင်းမီဒီယာနှိပ်ကွပ်မှုကို စစ်အစိုးရမှ အရှိန်မြှင့်လုပ်ဆောင်နေခြင်း

မတရား ထိန်းသိမ်းခံ၊ ထောင်ချခံရသော သတင်းသမားများကို လွှတ်ပေး

Read a text description of this video

Independent media is under threat in Myanmar. At least 98 journalists have been arrested since the February 1, 2021 coup, while 46 remain in detention. The junta is including journalists in the nightly broadcast of individuals “wanted” by the authorities. Those wanted by the junta are announced on state media, meaning independent journalists are on the run. With credible journalists gone, all that’s left is government propaganda. 

Tin Tin Nyo Editor, Burma news International (BNI)
The majority of the people know that MRTV or Myawaddy TV channel is [a] kind of propaganda channel of the military regime so they don’t believe any news that is coming out from there.

Phil Robertson, HRW
The military wants to shut down any narratives it doesn’t directly control, because it doesn’t want the outside world to learn about the military’s daily atrocities against the Burmese people.That’s why Myanmar is rapidly becoming one of the most dangerous countries in the region for journalists to operate in.  

Few journalists are working openly, and many are reporting while in hiding attempting to dodge the security force dragnets looking for journalists. Nay Myo Lin is the editor-in-chief of Voice of Myanmar. Early this year he was detained for the second time.

Zarni Mann, Nay Myo Lin’s wife
I was shocked to hear when I heard my husband was detained. Since February 1, I feel like I am falling into a black hole and I have no hopes, no future. If the situation is getting worse and it's become not a very safe place for us, our only choice would be to leave the country.

Many journalists have fled to Myanmar’s border regions controlled by ethnic minority groups or to neighboring countries. They say remaining in cities is too risky.

Ye Wint Thu, Democratic Voice of Burma (DVB) journalist
If they to arrest someone and if they don't find that person, they arrest the family member. That is why those journalists and their families. That is why those journalists and their families are really [in danger] right now.

Numerous, credible sources report appalling conditions in Myanmar’s prisons and interrogation centers, where detainees are subjected to torture,  routine beatings and other ill-treatment. Authorities arrested journalists Han Thar Nyein and Nathan Maung in March, and tortured them for two weeks at a military interrogation center. Charges were dropped against Nathan Maung, but Han Thar Nyein remains in Insein prison and faces a possible 3 - year sentence. 

SuSu,Reporter Burma News Interna-tional (BNI) Myitkyina
The military, when they arrest  journalists, they beat them. Some of my colleagues stayed at home and the officers came to arrest them at night. No one knows where they were taken away, but they risk being tortured. They are taken to an interrogation room without charges.   Journalists are paying the price for reporting with their freedom. DVB’s Min Nyo was sentenced to  3 years under penal code article 505A for spreading “false” news. His colleague Aung Zaw, and Zaw Zaw of Mizzima News were both sentenced to 2 years under the same charge. 

Phil Robertson, HRW
The Myanmar military should immediately  revoke article 505A and other rights-abusing laws being used against Myanmar’s journalists. They should also immediately  and unconditionally release all journalists held in detention. Importantly, the Myanmar military should also reinstate the media licenses of banned  outlets and allow them to operate without interference. But despite the risks of arrest or worse, and the junta's crippling shutdown of the mobile internet and satellite services  Myanmar’s journalists continue to bravely document atrocities and share information with the world.

(ဘန်ကောက်) - သတင်းသမားများကို တရားစွဲနေခြင်း၊  မီဒီယာများကို တိုက်ခိုက်နေခြင်းများကို မြန်မာစစ်အစိုးရမှ ရပ်တန့်သင့်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဗွီဒီယိုတစ်ခု ထုတ်လွှင့်၍   ယနေ့ပြောကြားသည်။

၂၀၂၁၊ ဖေဖော်ဝရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာစစ်အစိုးရမှ ဖမ်းဆီးခဲ့သည် သတင်းသမား စုစုပေါင်း 98 ယောက်အနက် 46 ယောက်မှာ ယနေ့အချိန်ထိ ထိန်းသိမ်းထားခံရဆဲဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ သိရသည်။ ပြစ်ဒဏ်ချမှတ်ခံရပြီးသော သတင်းသမား ၆ ယောက်အနက် ၅ ယောက်မှာ ပုဒ်မ ၅၀၅ (က) ချိုးဖောက်မှုဖြင့် ထောင်ကျခံခဲ့ရပြီး အဆိုပါ ပုဒ်မမှာ “ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန်” သို့မဟုတ် “ကောလဟာလသတင်း”ကို ထုတ်ပြန်ကြေညာခြင်းတို့ကို ပြစ်မှုမြောက်စေသည်။ အာဏာပိုင်များက ပြည်သူကို အသိမပေးလိုသော သတင်းတိုင်းကို “ကောလဟာလသတင်း”ဟု သတ်မှတ်သည်။

“ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာလုရာမှာ စစ်အစိုးရသုံးတဲ့ အဓိကလက်နက်တခုကတော့ သတင်းသမားတွေကို ဖမ်းဆီးပြီး မီဒီယာတွေကို ထိန်းချုပ်တာ ဖြစ်တယ်” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှဒေသဒုတိယညွှန်ကြားရေးမှူး ဖီးလ် ရော်ဘတ်ဆန်က ပြောသည်။ “စစ်အစိုးရရဲ့ ပိုမိုဆိုးဝါးလာတဲ့ ထောက်လှန်းရေးတွေ၊ နှောက်ယှက်နေတာတွေ၊ ဖမ်းဆီးထိန်းသိမ်းနေတာတွေကြောင့် အာရှမှာ မြန်မာပြည်ဟာ သတင်းသမားတွေအတွက် လုံခြုံမှုအကင်းမဲ့ဆုံး နိုင်ငံတွေထဲကတစ်နိုင်ငံ ဖြစ်လာတယ်။”

စစ်တပ် ဖွဲ့စည်းထားသော နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအား စစ်အစိုးရဟု သုံးစွဲပါက ဉပဒေနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဇွန်လ ၃၀ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံခြားသတင်းဌာနများကိုလည်း “စစ်ကောင်စီ” သို့မဟုတ် “စစ်အစိုးရ” ဟု မသုံးစွဲရန် “ကမ္ဘာ့ပြည်သူများသို့ သတင်းအမှားများ မချပြရန်” စစ်အစိုးရမှ သတိပေးခဲ့သည်။ “သတင်းအဆိပ်သင့်အောင် တိကျသေချာမှုမရှိသော သတင်းများကို မှားယွင်းသော အသုံးအနှုန်းများဖြင့် ကိုးကားချဲ့ကားရေးသားဖော်ပြပါက တည်ဆဲဉပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း” ထိုထုတ်ပြန်ချက်တွင် ခြိမ်းခြောက်ထားသည်။​

ပုဒ်မ ၅၀၅ (က)ဖြင့် ပြစ်ဒဏ်ချခံခဲ့ရသူများမှာ

  • ကောင်းမြတ်လှိုင် - ဒီမိုကရတ်တစ် မြန်မာ့အသံ (DVB)၊ တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသူ၊             ထောင်ဒဏ် ၂ နှစ်
  • မင်းညို - ဒီမိုကရတ်တစ် မြန်မာ့အသံ (DVB)၊ ပြည်မြို့နယ်ရှိ ဆန္ဒပြပွဲတစ်ခုတွင် သတင်းယူနေစဉ် အဖမ်းခံခဲ့ရသူ၊ ထောင်ဒဏ် ၃ နှစ်
  • သက်နိုင်ဝင်း - ဒီမိုကရတ်တစ် မြန်မာ့အသံ (DVB)၊ ပဲခူးတိုင်းတွင် အဖမ်းခံခဲရသူ၊ ထောင်ဒဏ် ၃ နှစ်
  • ဇော်ဇော် - အလွတ်တမ်းသတင်းထောက်၊ တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန္ဒပြပွဲတစ်ခုတွင် သတင်းယူနေစဉ် အဖမ်းခံခဲ့ရသူ၊ ထောင်ဒဏ် ၂ နှစ်
  • ထူးဆန်း - အလွတ်တမ်းဓာတ်ပုံဆရာ၊ တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန္ဒပြပွဲတစ်ခုတွင် သတင်းယူနေစဉ် အဖမ်းခံခဲ့ရသူ၊ ထောင်ဒဏ် ၃ နှစ်

DVB သတင်းထောက်တစ်ဉီးဖြစ်သူ မေသွယ်အောင်ကိုလည်း အစိုးရဝန်ထမ်းကို အာခံမှု (ပုဒ်မ ၁၈၈) ဖြင့် ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သည်။​ သူမ၏ ခင်ပွန်းဖြစ်သူ The Voice Daily သတင်းထောက် မင်းမင်းအောင် အဖမ်းခံခဲ့ရသည်ကို မတ်လ ၁၆ ရက်တွင် သိရှိခဲ့ပြီး ရန်ကုန်တိုင်း အုတ်ကန်မြို့နယ်ရဲစခန်းသို့ လိုက်သွားရာမှ သူမကိုယ်တိုင် အဖမ်းခံခဲ့ရပြီး တရားစွဲထောင်ချခံခဲ့ရခြင်း ဖြစ်သည်။

သတင်းသမားများကို ဖိနှိပ်ခြင်းမှာ လွတ်လပ်သော မီဒီယာ၏ မြန်မာပြည်အခြေအနေ သတင်းပေးပို့မှုကို ကန့်သတ်ခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာပြည်အရပ်ရပ်တွင် စစ်တပ်မှ အပြင်းအထန် လူ့အခွင့်အရေးချိုးဖောက်နေသည်ကို ငြင်းဆန်ရာရောက်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ပြောသည်။ “အခြေအနေ ဒီထက်ဆိုးလာရင်တော့ ကျမတို့အတွက် ဘယ်လိုမှ လုံခြုံမှာမဟုတ်တော့ဘဲ ဒီနိုင်ငံက ထွက်သွားရဖို့ပဲ ရှိတော့တယ်” ဟု ဒေသခံသတင်းထောက်တစ်ဉီးက လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ပြောသည်။

မေလ ၄ ရက်နေ့တွင် Frontier Myanmar ၏ တာဝန်ခံအယ်ဒီတာဖြစ်သော အမေရိကန်လူမျိုး ဒန်နီ ဖန်စတာမှာ ပြည်ပသို့မထွက်ခွာခင် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ဇွန်လ ၁၈ ရက်တွင် ဖန်စတာကို ပုဒ်မ ၅၀၅ (က)ဖြင့် အင်းစိန်ထောင် တရားရုံးတွင် တရားစွဲခဲ့ရာ သက်ဆိုင်သူများ တက်ရောက်ခွင့်မရခဲ့ချေ။

မတ်လ ၉ ရက်နေ့ကလည်း ကမာရွတ်မီဒီယာတည်ထောင်သူများဖြစ်သော နေသန်မောင်နှင့် ဟန်သာငြိမ်းတို့ကို ကမာရွတ်ရှိ ရုံးခန်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ နေသန်မောင်ကို ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံမှထွက်ခွာခွင့်ပေးခဲ့သည်။ သူတို့နှစ်ဉီးလုံးကို နေ့တိုင်းလိုလို ရိုက်နှက်ညှဉ်းဆဲခဲ့သည့်အပြင် အိပ်ခွင့်မပေးဘဲလည်း နှိပ်စက်ခဲ့သည်ဟု နေသန်မောင်က ပြောသည်။ ဟန်သာငြိမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။ “ကျနော် အပြင်ရောက်နေပြီဆိုပေမဲ့ ဟန်သာနဲ့တခြား သတင်းသမားတွေ လွတ်မြောက်ဖို့ ကျနော် ဆက်လုပ်ရမယ်။ သူတို့က သတင်းသမားတွေ၊ ရာဇဝတ်ကောင်တွေ မဟုတ်ဘူး” ဟု နေသန်မောင်မှ ပြောသည်။

သတင်းသမားများကို ဖမ်းဆီးခြင်း၊ တရားစွဲအပြစ်ပေးခြင်းများမှာ မြန်မာပြည်ရှိ လွတ်လပ်သောသတင်းလုပ်ငန်းပေါ်တွင် ပြင်းထန်သော ဆိုးကျိုးသက်ရောက်စေသည်။ မတ်လ ၈ ရက်နေ့တွင် စစ်အစိုးရမှ ဒေသခံသတင်းဌာန ၅ ခုဖြစ်သော ဒီဗွီဘီ၊ ခေတ်သစ်မီဒီယာ၊ မဇ္ဈိမ၊ မြန်မာနောင်း၊ ဆဲဗင်းဒေး သတင်းဌာနများကို လိုင်စင်ရုတ်သိမ်းခဲ့သည်။ မေလ ၄ ရက်တွင် ကချင်ပြည်နယ်မှ 74 မီဒီယာနှင့် ရှမ်းပြည်နယ်မှ တာချီလိတ်သတင်းဌာနတို့လည်း လိုင်စင်ရုတ်သိမ်းခံခဲ့ရသည်။ ထိုနေ့တွင်ပင် ဂြိုလ်တုရုပ်သံကြည့်ခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။ မတ်လ ၁၅ ရက်နေ့ကလည်း မိုဘိုင်းအင်တာနက်ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

သတင်းသမားများကို ဖမ်းဆီးခြင်း၊ သတင်းဌာနများကို ပိတ်ပစ်ခြင်းအပါအဝင် လွတ်လပ်စွာပြောဆိုခွင့်နှင့် သဘောထားဖော်ပြခွင့်ကို မတရားကန့်သတ်ခြင်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဉပဒေများက တားမြစ်ထားသည်။

“လွတ်လပ်တဲ့မီဒီယာကို ခေါင်းမထောင်နိုင်အောင် ဖိနှပ်နေတာ၊ သတင်းသမားတွေကို ဖမ်းဆီးနေတာတွေနဲ့ ဆင်ဆာဖြတ်တာတွေ ပိုဆိုးလာတာတွေက မြန်မာပြည်သူတွေကို စစ်အစိုးရရဲ့ဝါဒဖြန့်မှု မှိုင်းမိစေပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်စေတယ်။ သတင်းသမားတွေအပေါ် နိုင်ငံရေးကြောင့် တရားစွဲထားခံထားရတဲ့စွဲချက်တွေကို စစ်အစိုးရက ချွင်းချက်မရှိ၊ ချက်ချင်း ရုတ်သိမ်းပေးရမယ်၊ အပိတ်ခံထားရတဲ့ သတင်းဌာနတွေကိုလည်း လိုင်စင်တွေ ပြန်ပေးရမယ်၊ သတင်းသမားတွေကို ဖိနှိပ်ဖို့ ဖန်တီးထားတဲ့ ဉပဒေတွေကို ဖျက်သိမ်းရမယ်” ဟု ရော်ဘတ်ဆန်က ပြောသည်။

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed