နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်ရန်အတွက် ရောက်ရှိလာကြသည့် လွှတ်တော်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လက မြင်တွေ့ရစဉ်။ 

© 2016 Reuters
သီအိုရီအရတော့ ဒါကို (ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာအမျိုးသမီးပါဝင်မှုကိုတိုးမြှင့်ဖို့) ကို ဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့အခက်အခဲရှိတယ်။ ဒါကြောင့် နောင်တစ်ချိန်ချိန်အထိစောင့်မယ်ဆိုပြီး ‘အမျိုးသားချည်းကတိ’ ထားလိုက်ကြတယ်။

–တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုယ်စားလှယ်၊ မြစ်ကြီးနားမြို့၊ ၂၀၁၆ ခုနှစ် မေလ။

မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ကျော်မျှသည် အမျိုးသမီးများဖြစ်ကြသော်လည်း တိုင်းပြည်၏ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် လေးနှစ်တာနီးပါး ကျင်းပခဲ့ကြသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်မူ ၎င်းတို့၏ အခန်းကဏ္ဍမှာ သိသိသာသာ ပျောက်ကွယ်နေခဲ့သည်။ အဆိုပါ စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်သည့်အဖွဲ့များတွင် အမျိုးသမီးများအရေးကြီးသည့် ရာထူးတာဝန်ယူမှု ရှိခဲ့လျှင် လည်း အရေအတွက်နည်းသည့်အပြင် အခြားကြံုေတွ့ရသည်မှာ အမျိုးသမီးအဖွဲ့ အစည်းများသည် အမျိုးသမီး အခွင့်အရေးကိစ္စကိုထည့်သွင်းရေးအတွက် တွန်းအားပေးသဖြင့် မတူမတန်သလို ဆက်ဆံခံရခြင်း သို့မဟုတ် “ကဖျက်ယဖျက်လုပ်သူများ” အဖြစ်ဆက်ဆံခံရခြင်းများရှိခဲ့သည်ဟု ၎င်းတို့က တင်ပြကြ သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်မှစပြီး ရှည်ကြာသော ပြည်တွင်းစစ်နှင့် ရင်ဆိုင်ခဲ့ရ သည်။ နိုင်ငံ၏ တိုင်းရင်းသားလူနည်းစုပြည်နယ်ခုနစ်ခုအနက် သုံးခုတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေခြင်း သို့မဟုတ် တင်းမာမှုများဆက်လက်ပေါ်ပေါက်နေခြင်းကို ကြုံနေရဆဲဖြစ်သည်။ မကြာသေးမီနှစ်များအတွင် နိုင်ငံ၏နေရာဒေသအချို့တွင် တိုက်ပွဲအခြေအနေများပိုမိုပြင်းထန်လာခဲ့ရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများမြင့်တက်လာခြင်းကြောင့် အရပ်သား သေကြေဒဏ်ရာရမှုများ မရေတွက်နိုင်အောင် ပေါ်ပေါက်ခဲ့သလို လူ ၂၀၀,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးကာပုန်းရှောင်နေကြရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား စေ့စပ်ဆွေးနွေးမှုများ ကြောင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုများ ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ် ရေးထိုးခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အများအပြားမှာ သက်တမ်းနှစ် ၂၀ ကျော်ရှိ နှစ်ဖက်ကြားအပစ်အခတ်ရပ်စဲမှုအဆင့်မှာသာရှိနေကြသေးသည်။[1] အဆိုပါသဘောတူညီချက်များရရှိခဲ့လင့်ကစား တိုက်ပွဲများရပ်စဲသွားခြင်းမရှိခဲ့သလို စစ်ပြေးစစ်ရှောင်များနှင့် ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် လိုအပ်သည့်အခြေအနေများကိုလည်း မဖန်တီးပေးနိုင်ခဲ့ပါ။

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာမှအမျိုးသမီးများ။ ၎င်းရွာသည် မြန်မာစစ်တပ်၏တိုက်ခိုက်ခြင်းကို မကြာမီက ခံခဲ့ရသည်။

© 2016 Fiona MacGregor/Myanmar Times

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီ) ပါတီက အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်သည် “၂၁ ရာစုပင်လုံ”ဟု အမည်ပေးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစီအမံအသစ်တစ်ခုကို ကြေညာခဲ့သည်။ ၂၁ ရာစုပင်လုံ ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ဖခင် လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုးစုအချို့အကြား ၁၉၄၇ ခုနှစ်ကလက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ် ကို ရည်ညွှန်းပြီး အမည်ပေးထားခြင်းဖြစ်သည်။[2] အဆိုပါ လုပ်ငန်းစဉ်အသစ် (ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ)ကို ဩဂုတ်လအတွင်း စတင်ကျင်းပနိုင်ရန် အချိန်သတ် မှတ်ထားသည်။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအရလည်းကောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်များတွင် ပါဝင်သည့် မူများ အရလည်းကောင်း နိုင်ငံအစိုးရများအနေဖြင့် အများပြည်သူနှင့်ဆိုင်သည့်ဘဝတွင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုကိုတိုက်ဖျက်ရန်နှင့် အများပြည်သူ့ရေးရာ ဆောင်ရွက်ချက်များ တွင် ၎င်းတို့၏ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်အတွက် ခြေလှမ်းများချမှတ်ဆောင်ရွက်ရန် တာဝန်ရှိ သည်။[3] ၎င်းတို့သည် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု၊ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုနှင့် ပဋိပက္ခအလွန်ကာလပြန်လည် တည်ဆောက်မှု စသည်တို့အပါအဝင် မြန်မာနိုင်ငံ၏ပဋိပက္ခကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေးတို့တွင် အမျိုးသမီးများမပါမဖြစ်ပါဝင်ရမည့်အခန်းကဏ္ဍအတွက် စံချိန်စံညွှန်းတစ်ခုဖြစ်လာသင့်ပေ သည်။

မြန်မာပြည်ရှိအမျိုးသမီးများအနေဖြင့် ပဋိပက္ခ၏အကျိုးဆက်အများအပြားကို ခံစားခဲ့ရခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ ၎င်းတို့ပါဝင်မှုကြောင့် လူ့အခွင့်အရေးနှင့်ဆိုင်သည့် ပြဿနာရပ်ကြီး တစ်ခုလုံးကို မည်သည့်ငြိမ်းချမ်း ရေးသဘောတူညီမှုတွင်မဆို ဖြေရှင်းနိုင်ရေးအတွက် အကောင်းဆုံး အနေအထားတွင်ရှိခြင်းကြောင့်လည်း ၎င်းတို့အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍတွင်ပါဝင်ခွင့်ပေးရန်လိုအပ်ခြင်းဖြစ်သည်။ ပဋိပက္ခများ၏ ဗဟိုချက်မတွင် အများအားဖြင့် ရှိတတ်သည့် လူ့အခွင့်အရေးကိစ္စရပ်များကို ဖြေရှင်းခြင်း အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုများနှင့် ပတ်သက်နေသည့် လူ့အခွင့်အရေးကိစ္စရပ်များကိုကိုင်တွယ်ခြင်းသည် အဓွန့်ရှည်တည်တံ့ သည့် ငြိမ်းချမ်းရေးရရှိရေးအတွက် အခရာကျနေပေသည်။

သမိုင်းကြောင်းနောက်ခံအနေအထား

ဆန်းဂန်း ပြည်တွင်းစစ်ရှောင်သူများစခန်း၊ ကချင်ပြည်နယ်။

© 2011 Human Rights Watch

ခေတ်သစ်မြန်မာ့သမိုင်းကိုလေ့လာကြည့်လျှင် နိုင်ငံအဆင့်မှာရော ဒေသအလိုက်မှာပါဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခက နေရာကြီးကြီးမားမားကို ယူထားသည်ကို တွေ့ရမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံ ထံမှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိစဉ်မှစပြီး မြန်မာနိုင်ငံသည် အခြေခံလူ့အခွင့်အရေးကိုလေးစားသည့် အုပ်ချုပ်ရေးစနစ် တစ်ရပ်ပေါ်ထွန်းရေးအတွက် ကြိုးစားရုန်းကန်ခဲ့ရသည်။ ဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အမျိုးမျိုးအကြား ဆယ်စုနှစ်နှင့်ချီ ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခများတွင် စစ်ပွဲဥပဒေချိုးဖောက်မှုနှင့် လူ့အခွင့်အ​ရေးချိုးဖောက်မှုအမြောက်အမြားလည်း ပေါ်ပေါက်ခဲ့ရာ သန်းနှင့်ချီသော ပြည်သူတို့၏အခွင့်အရေးများထိခိုက်နစ်နာခဲ့ရသည်။ အုပ်ချုပ်ရေး အလွဲများ၏အမွေများထဲတွင် အနှစ်သာရကင်းမဲ့နေသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေလည်း ပါဝင်သည်။ ၎င်းသည် အရပ်သားကဏ္ဍပြုပြင်ပြောင်းလဲရေးကို ကန့်သတ်ထိန်းချုပ်ရန်နှင့် တပ်မတော်အား အခြေခံဥပဒေအရ တချို့သောအာဏာများပေးရန်အတွက် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက်တွင် မြန်မာနိုင်ငံသည် နုနယ်သည့်ဒီမိုကရေစီ၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတို့ရောပြွမ်းသည့် ကိုလိုနီခေတ်လွန်နိုင်ငံရေးအသွင် ပြောင်းလဲမှုကို ဖြတ်သန်းခဲ့ရသည်။ အဆိုပါခေတ်စနစ်ပြောင်းလဲမှုသည် ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းမှုနှင့် နှစ် ၆၀ ကျော်ကြာမည့် စစ်အုပ်ချုပ်ရေးကို တင်သွင်းခြင်းတို့ကြောင့် အကြွေစောခဲ့ရသည်။ စစ်အုပ်ချုပ်ရေး ကာလတစ်လျှောက်သာမက စစ်တပ်ကလွှတ်တော်ကိုလွှမ်းမိုးထားသည့် ယခု အချိန်အထိတိုင် မြန်မာ့တပ်မတော်သည် စစ်အစိုးရကိုဆန့်ကျင့် အုံကြွသည့်ကာလများတွင်လည်းကောင်း၊ တိုင်းရင်းသား လူနည်းစုဒေသများ၌လည်းကောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတို့ကို အကြိမ်ပေါင်းများစွာချိုးဖောက်ခဲ့သည်။ ထိုချိုးဖောက်မှုများတွင် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ထင်တိုင်းကြဲဖမ်းဆီးချုပ်နှောင်ထားခြင်း၊ အဓမ္မလုပ်အား ပေးစေခိုင်းခြင်း၊ မြေသိမ်းယူခြင်း၊ ကလေးစစ်သားအသုံးပြုခြင်းနှင့် အခြားချိုးဖောက်မှုများ ပါဝင်သည်။ တပ်မတော်လောက်မများသော်လည်း တိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့များသည်လည်း ကလေး စစ်သားအသုံးပြုမှု၊ အဓမ္မစေခိုင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် မတော်မတရားပြုမူဆက်ဆံမှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုများရှိခဲ့သည်။

မဲပေးပြီးလက်သန်းကိုပြသနေသည့် အမျိုးသမီး တစ်ဦးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့၌ တွေ့ရစဉ်။ 

© 2015 Shayna Bauchner/Human Rights Watch

နှစ် ၅၀ ကျော်ကြာ ဖိနှိပ်အုပ်ချုပ်သည့်စစ်အုပ်ချုပ်ရေးခေတ်ပြီးသည့်နောက် ၂၀၁၁ ခုနှစ် မတ်လအတွင်း အာဏာ ရလာသည့် အစိုးရသည် လူ့အခွင့်အရေးအခြေအနေများတိုးတက်စေမည့် ခြေလှမ်းများ လှမ်းခဲ့သည်။ ၎င်းတို့သည် ထောင်နှင့်ချီသော တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ ဘုန်းကြီးရဟန်းများနှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသည်။ မီဒီယာအပေါ် ထိန်းချုပ်ကန့်သတ်ထားမှုများကို လျှော့ချပေးသည်။ လွတ်လပ်စွာစုဝေးခွင့်နှင့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းပေးသည်။ သို့ရာတွင် ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့နှင့် အခြားနေရာဒေများ၌ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏မှတ်တမ်းများအရ ၂၀၁၁ ခုနှစ် တွင်စတင်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲသည် ပြင်းထန်သည့်ချိုးဖောက်မှုများကို အဆုံးသတ်သွား စေရန် မစွမ်းဆောင်နိုင်ခဲ့ပါ။[4]

စစ်တပ်သည် နိုင်ငံရေးနှင့်စီးပွားရေးတွင် ကြီးကြီးမားမားပါဝင်မှုရှိနေသေးလင့်ကစား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲများပြီးနောက်တွင် နိုင်ငံရေးအာဏာသည် စစ်တပ်လက်တွင်းမှ အရပ်သား အစိုးရလက်တွင်းသို့ ပိုမိုရောက်ရှိလာခဲ့သည်။ စစ်တပ်ကရေးဆွဲထားသည့် အခြေခံဥပဒေအရ တပ်မတော်သည် ကာကွယ်ရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနများအပြင် ရဲတပ်ဖွဲ့ကိုထိန်းချုပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနတို့အတွက် ဝန်ကြီးများကို စိတ်ကြိုက်ခန့်အပ်ခွင့်ရရှိထားသည်။ တရားစီရင်ရေး စနစ်သည် ရှိမြဲအတိုင်းပျက်စီးနေပြီး ခြစားမှု၊ အဂတိလိုက်စားမှုများတင်းကျမ်းပြည့်ကာ စွမ်းဆောင်ရည် ပိုင်းလည်း နိမ့်ကျသလို တပ်မတော်၏ရုပ်သေးကြိုးဆွဲရာကို လည်း ကနေရ သေးသည်။ သို့ဖြစ်ရာ စစ်တပ်သည် အရပ်ဘက်ထိန်းချုပ်မှု၏အပြင်ဘက်တွင်ရှိနေဆဲဖြစ်ပြီးလျှင် ဖြစ်ပွားခဲ့ပြီး၊ ဖြစ်ပွားနေဆဲ ရာဇဝတ်မှုများအတွက်ပြစ်ဒဏ်များမှ အကြွင်းမဲ့ကင်းလွတ်ခွင့်ရရှိနေသည်။ တစ်ကျော့ပြန်ဖြစ်ပွား လာသော တိုက်ပွဲများနှင့်အတူ စစ်ဖြစ်ရာဒေသများမှ ထောင်နှင့်ချီသော အရပ်သားများ ထွက်ပြေးခဲ့ကြရသည်။[5]

အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ကျူးလွန်သည့် အဓမ္မခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် မတော်တရော်ပြုကျင့်မှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်း အကြမ်းဖက်မှုစသည့် ကြီးမားသည့်စစ်ဥပဒေချိုးဖောက်မှုများကျူးလွန်ခဲ့သည့်ဆိုသည့် စွပ်စွဲချက်များရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ပဋိပက္ခကဏ္ဍရှိ အမျိုးသမီးများနှင့်၎င်းတို့၏ရပိုင်ခွင့်များ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ပြေးစစ်ရှောင်စခန်းတစ်ခုတွင်ချိတ်ဆွဲထားသည့် ကချင်ဆရာမနှစ်ဦးဖြစ်သော မရန်လုရာ (အသက် ၂၀) နှင့် တန်ဘောက်ခေါင်နန်းစင် (၂၁ နှစ်) တို့၏ ရုပ်ပုံ ပိုစတာ။

© 2016 Dave Mathieson/Human Rights Watch

အမျိုးသမီးများအပေါ် ပဋိပက္ခ၏သက်ရောက်မှု

မြန်မာနိုင်ငံ၏များပြားလှသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတစ်လျှောက် အမျိုးသမီးများသည် မတော် မတရားပြုကျင့်မှုများအတွက် ပစ်မှတ်ထားခံရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တပ်မတော်က ကျူးလွန်သည့် လိင်ပိုင်းအကြမ်းဖက်မှုနှင့် ၎င်းတို့လောက်မပြင်းထန်သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ကျူးလွန်သည့် အလားတူအကြမ်းဖက်မှုများမှာ မကြာခဏဖြစ်ပွားခဲ့သည့် အရာများဖြစ်သည်။[6] လိင်ပိုင်း အကြမ်းဖက်မှုအပါအဝင် အရပ်သားများအပေါ် အစဉ်တစိုက် ကျူးလွန်သည့် ချိုးဖောက်မှုများကို ပိုမိုဆိုးရွားစေ သည်က အဆိုပါရာဇဝတ်မှုများ ကျူးလွန်မှုအတွက် တာဝန်ခံရမှုကင်းမဲ့နေခြင်းဖြစ်သည်။ ပြည်တွင်းနှင့်နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၏ တင်ပြမှုများ တွင် တပ်မတော်အနေဖြင့် အပူတပြင်းစုံစမ်း ဖော်ထုတ်ရန် ငြင်းပယ်ခဲ့သည့် လိင်ပိုင်း အကြမ်းဖက်မှု စွပ်စွဲချက်အမြောက်အမြားကို တွေ့ရသည်။[7] မုဒိမ်းပြုကျင့်မှုဖြင့် ၂၀၁၁ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်အကြား တပ်မတော်ဝန်ထမ်း ၆၁ ဦးကို တရားစွဲဆိုခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကို အသိပေးခဲ့သော်လည်း အပြစ်ကျူးလွန်ကြောင်း စီရင်ချက်ချသည့်အမှုမည်မျှရှိသည် သို့မဟုတ် ပြစ်ဒဏ်ပေးမှုများမည်သို့ရှိသည် စသည် တို့နှင့်ပတ်သက် သည့် အသေးစိတ်အချက်အလက်များကိုမူ အနည်းငယ်သာပေးခဲ့သည်။[8] စုံစမ်း စစ်ဆေးမှုနှင့် ရုံးတင်စစ်ဆေးမှုများရှိခဲ့သည့်ဖြစ်စဉ်များတွင်လည်း အများအပြားမှာ စစ်ဘက်ဆိုင်ရာတရားရုံး၌သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ထိုတရားရုံးများသည် အထက်အမိန့်ကိုနာခံရပြီး ထိုသို့ဩဇာခံမဖြစ်လျှင်လည်း အများပြည်သူတက်ရောက်နားထောင်ခွင့်ရသည်မျိုးရှားသည်။[9]

စစ်ပြေးစစ်ရှောင်ကြသည့် တိုင်းရင်းသားမိသားစုများ ကချင်ပြည်နယ် ဂျေယန်းဒုက္ခသည်စခန်းသို့ သွားရောက်နေကြစဉ်။ 

© 2015 Hkun Li/Sakse Collective

သာဓကပြရလျှင် ၂၀၁၅ ခုနှစ်ဇန်နဝါရီလအတွင်း အသက် ၂၀ အရွယ်ရှိ မရန်လုရာနှင့် ၂၁ နှစ်ရှိ ခေါင်နန်းစင် ဆိုသည့် ကချင်လုပ်အားပေးဆရာမနှစ်ဦး၏ရုပ်အလောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိကျေးရွာတစ်ရွာ၌ တွေ့ရှိခဲ့ရာ ၎င်းတို့နှစ်ဦးသည် မြန်မာစစ်တပ်စစ်သားများ၏ မုဒိမ်းကျင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ကို ခံခဲ့ရခြင်းဖြစ်သည်ဟု ရွာသားများနှင့်တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားသည်။[10]

ပြည်တွင်းတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အမေရိကန် ပြည်ထောင်စု အစိုးရတို့က ထိုဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရန် မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။ ၂၀၁၆ ခုနှစ်မေလမှာတော့ စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ထားကြောင်း တပ်မတော်က တရားဝင်ထုတ်ပြန် ကြေညာသော်လည်း အမှုရလဒ် ထုတ်ပြန်ရန်မဆိုနှင့် သံသယရှိသူများအပေါ် မည်သည့်စွဲချက်များ တင်ထားသည် သို့မဟုတ် မည်သည့် ရုံးထုတ် စစ်ဆေးမှုပြုလုပ်နေသည် စသည်နှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမျှမထုတ်ပြန်ခဲ့ပါ။[11]

လိင်ပိုင်းအကြမ်းဖက်မှုနှင့်အခြားသောချိုးဖောက်ကျူးလွန်မှုများအတွက် ပစ်မှတ်ထားခံရခြင်းအပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကွဲပြားသောပုံစံမျိုးစုံဖြင့်မတန်တဆသောအတွေ့အကြုံ ခံစားခဲ့ရသည်မှာ မကြာခဏပင်ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက…

လူမှုကာကွယ်ရေးလုပ်ငန်းစဉ်များ ပြိုလဲမှု၊ လက်နက်ကိုင်တပ်များနှင့် အရပ်သားများ နေထိုင်ရာ အနီးအနားတွင် စစ်စခန်းများ ပိုမိုများပြားရောက်ရှိလာမှုတို့နှင့်ဆက်စပ်ပြီး အထူးသဖြင့် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ပဋိပက္ခနှင့်နေရပ်စွန့်ခွာ ရမှုများကြောင့် လိင်ပိုင်း အကြမ်းဖက်မှုမှာ ပိုမိုဆိုးရွားခဲ့ရသည်။ … လိင်ပိုင်းအမြတ်ထုတ်ရန်နှင့် အဓမ္မလက်ထပ်ထိမ်းမြားစေရန်အတွက် လူကုန်ကူးမှုမြင့်တက်ခဲ့ရာ ၂၀၁၅ ခုနှစ် အစောပိုင်းအတွင်း လူကုန်ကူးမှု ၄၅ မှု မှတ်တမ်းဝင်ခဲ့သည်။ နိုင်ငံမဲ့အမျိုးသမီးများနှင့် အထောက်အထားစာရွက်စာတမ်းမဲ့သူ များအနေဖြင့် သားကောင်ဖြစ်နိုင်ခြေအမြင့်ဆုံးဖြစ်ပြီး လူများပြည့်ကျပ်နေ သည့်လှေများဖြင့် ခရီးသွားလာစဉ်၊ လူကုန်ကူးသူများ၏ စခန်းများ၌ နေထိုင်စဉ် စသည်တို့အတွင်း လူကုန်ကူးခံရနိုင်ခြေအမြင့်ဆုံးဖြစ်သည်။[12]

ပဋိပက္ခဖြစ်ပွားရာနယ်မြေများအတွင်း အမျိုးသမီးများပြန်ပေးဆွဲခံရခြင်း၊ အဓမ္မခေါ်ဆောင်ခံရကာ အစအန ပျောက်သွားခြင်းတို့မှာလည်း ပေါ်ပေါက်ဆဲကိစ္စရပ်များဖြစ်သည်။ သာဓကအနေဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာ့စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရသည်ဟု ယုံကြည်ရသည့် ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာဆိုလျှင် ယခုအထိ ၎င်း၏ကံကြမ္မာမည်သို့ ရှိသည်ကို မသိရှိရသေးပါ။[13]

တိုက်ပွဲဖြစ်နေစဉ်အတွင်း အရပ်သားပြည်သူများထွက်ပြေးတိမ်းရှောင်ရမှု၏အကျိုးဆက်ပေါင်းများစွာကို မြန်မာနိုင်ငံ၏အမျိုးသမီးများနှင့် မိန်းကလေးငယ်များ သိသာထင်ရှားစွာခံစားခဲ့ရသည်။ အချက်အလက် ရရှိမှု ရှားပါးသော်လည်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ထွက်ပြေးတိမ်းရှောင် ရမှုကြောင့်…

ဒဏ်ခံစားရသည့်ပြည်သူများ စားဝတ်နေရေးအခက်အခဲကြုံရကာ ယောက်ျားသားအများစုမှာ မိသားစုနှင့် ဝေးရာနေရာများတွင် မဖြစ်မနေအလုပ်အကိုင်သွားရှာကြရသည်။ ၎င်းတို့ ကာလ ရှည်ကြာ အိမ်တွင်မရှိခြင်းကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဘေးကင်းမှုနှင့် လုံခြုံမှုတို့ အကြီးအကျယ် လျော့နည်းခဲ့သည် … မကြာမီကထွက်လာသည့် အစီရင်ခံစာ များတွင် လိင်ပိုင်း အကြမ်းဖက်မှု အပါအဝင် ကျားမကွဲပြားမှုအပေါ်အခြေခံ သည့် အကြမ်းဖက်မှု (GBV) ကြောင့် အချိန်တိုင်းကြောက်ရွံ့ နေကြရသလို အချိန်တိုင်း စိုးရိမ်နေရ သည့် အရာများဖြစ်သည်။[14]

အမျိုးသမီးများနှင့်မိန်းမငယ်များသည် ၎င်းတို့မိသားစုများအပေါ် စစ်ပွဲများ၏သက်ရောက်မှုများနှင့် စပ်လျဉ်းပြီး ရလာသည့် ထပ်တိုးလုံခြုံရေးအန္တရာယ်အလားအလာများကိုလည်း ရင်ဆိုရသည်။ လက်နက်ကိုင်တပ်များထဲဝင်သွားသည့်၊ တပ်သားစုဆောင်းမှုတွင်ပါသွားသည့်၊ သို့မဟုတ် ပေါ်တာ အဆွဲခံလိုက်ရသည့် ယောက်ျားများ၏ နောက်တွင် အမျိုးသမီးများနှင့်ကလေးငယ်များ ကျန်ရစ်ခဲ့ပြီး ၎င်းတို့မှာ ၎င်းတို့ရပ်ရွာအတွင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြရသည်။ ထိုအခြေအနေတွင် အမျိုးသမီးများသည် အစိုးရတပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ မတော်မတရားပြုကျင့်ခံရနိုင်ခြေ ပိုမိုမြင့်မားသွားသည်ဟု အစီရင်ခံစာများကဖော်ပြသည်။ ၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် တပ်မတော်က လူငယ်ယောက်ျားသားများကို ထိန်းသိမ်းပြီးနောက်တွင် အပြင်တွင်ကျန်နေ သေးသည့်ယောက်ျားများအပါအဝင် ရွာသားအများအပြား ထွက်ပြေးကြသည်။ မပြေးဘဲကျန်ခဲ့သူများမှာ အမျိုး သမီး ၁၂ ယောက်ဖြစ်ပြီး ၎င်းတို့မှာ မိမိတို့၏နေအိမ်၊ ဥစ္စာပစ္စည်းများနှင့်အစားအစာများကို စောင့်ရှောက်ရမည့် တာဝန်ယူကြသည်။ အမျိုးသမီးတစ်ဦးက “ကျွန်မယောက်ျားမရှိတုန်း ဒီမှာနေရတာ အရမ်းကြောက်တယ်။ ဒါပေမဲ့ ကျွန်မအိမ်ကိုကြည့်ရမယ်။ စစ်တပ်က ထပ်လာခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ကျွန်မတို့ ဘာလုပ်မိမလဲ မသိဘူး”ဟု ပြောသည်။[15]

အမျိုးသမီးများနှင့် လက်နက်ကိုင်ပဋိပက္ခ

ဥပမာဆိုပါတော့ ဆွေးနွေးပွဲတွေအတွင်း အမျိုးသမီးတွေဟာ မီးဖိုချောင်ထဲမှာ၊ ဧည့်ကြိုခန်းထဲမှာ ရောက်နေတယ်။ အမျိုးသမီးတွေက ဧည့်သည်တွေကို ရှေ့ကနေ ကြိုဆိုရတယ်။ လူတွေကိုလက်ခံရတယ်။ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက တင်းမာမှုကိုလျော့ပါးသွားစေဖို့ပဲ။ အမျိုးသမီးတွေရဲ့နေရာက အစည်းအဝေးထဲမှာမရှိဘူး၊ သူတို့က အစည်းအဝေးရဲ့အပြင်ဘက်မှာပဲရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သိပ်ကို ဆတ်ဆတ်ထိမခံ အနေအထားမှာရှိနေပြီးတော့ အမျိုးသမီးတွေအနေနဲ့ ဒါကိုပြေလျော့အောင် လုပ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေဟာ စေ့စပ်ညှိနှိုင်းပေးသူတွေမဟုတ်ကြဘူး၊ သူတို့ဟာ သံတမန်သဖွယ်ဆောင်ရွက်ရသူတွေ မဟုတ်ကြဘူး။

–ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများပါဝင်ရေး ကြိုးပမ်းချက်များအကြောင်း ဆွေးနွေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်၊ မြစ်ကြီးနား၊ ၂၀၁၆ ခုနှစ် မေလ။

ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်လုံး ပါဝင်ဆောင်ရွက်နေမှုများရှိလင့်ကစား မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီး များ၏နည်းပါးသောပါဝင်မှုနှင့် အစွန်အဖျားမှသာပါဝင်ခွင့်ရနေခြင်း၊ သို့မဟုတ် မြန်မာနိုင်ငံရှိ အမျိုးသမီးအခွင့် အရေးတက်ကြွလှုပ်ရှားသူများ၏အသုံးအနှုန်းအရ “လက်ဖက်ရည် သောက်ချိန် ချဉ်းကပ်ဆွေးနွေး” ကြရသည်ကိုကြည့်၍ အမျိုးသမီးများသည် လက်နက်ကိုင်အဖွဲ့များ၏ အဖွဲ့ဝင်များအဖြစ် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်နေသည်ဟု လည်းကောင်း၊ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းမှုတွင်ပါဝင်နေသည်ဟုလည်းကောင်း သုံးသပ်၍မရပါ။[16] အမျိုးသမီးနိုင်ငံရေး သမားတစ်ဦး၏ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကိုပြောကြားချက်မှာ…

ဒါဟာ အမျိုးသမီးတွေအတွက်တော့ တကယ့်ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပဲ… စစ်ခေါင်းဆောင်တွေဟာ စစ်မှုထမ်းဖူးတဲ့သူတွေကိုပဲ အလေးထားကြတယ် … အမျိုးသမီးတွေဆိုတာက လင်ယူသားမွေးလုပ် ကြတဲ့သူတွေ။ သူတို့မှာ မိသားစုတာဝန်တွေရှိတော့ စစ်တပ်ထဲမှာဆက်နေဖို့က မဖြစ်နိုင်ဘူး။ ယောက်ျား တွေပဲ ရှေ့တန်းကိုသွားကြတယ်။[17]

ကချင်ပြည်နယ်အတွင်း ကေအိုင်အေထိန်းချုပ်ရာနေရာရှိ လိုင်ဇာအနီး သုံးလ အခြေခံစစ်သင်တန်း တွင် သစ်ရွက်များဖြင့်ပုံဖျက်ပြီး သစ်သားသေနတ်များကို ကိုင်ဆောင်ထားသည့် ကချင်လွတ်မြောက်ရေးတပ် နှင့် စစ်သင်တန်းသားများ ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရစဉ်။

© 2012 Adam Dean/Panos Pictures

အမျိုးသမီးစစ်သားများနှင့်ဆိုင်သည့် အချက်အလက်များကို ရရှိရန်ခက်ခဲသော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း တိုင်းရင်းသားစစ်တပ်များထဲတွင် စစ်မှုထမ်းဖူးသည့်အမျိုးသမီး အများအပြားပင် ရှိသည်။ ကချင်ပြည်နယ်မှာဆိုလျှင် “အမျိုးသမီးများသည် စစ်သမီးများအနေဖြင့်ဖြစ်စေ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ အရပ်ဘက်အုပ်ချုပ်ရေးတွင် စစ်သင်တန်း ဆင်းများအနေဖြင့် ဖြစ်စေ ပါဝင်ထမ်းဆောင်ကြသည်။ ကေအိုင်အို၏စစ်ရေးကဏ္ဍဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ) သည် လက်ရှိမြန်မာနိုင်ငံတွင် အမျိုးသမီးများကိုစစ်မှုထမ်းခိုင်းသည့် တစ်ခုတည်းသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။”[18] မကြာသေးမီက သုတေသီတစ်ဦးရေးသားထားပုံအရ “အမျိုး သမီးများအနေဖြင့် ဆန္ဒရှိမည်ဆိုလျှင် ရှေ့တန်းသို့သွားရောက်တိုက်ပွဲဝင်ရန်ခွင့်ပြုသင့်သည်ဟု တွေ့ဆုံမေးမြန်းခဲ့ သည့်အမျိုးသမီးတိုင်းက တစ်သဘောတည်းဆန္ဒပြုကြသည်။ ထို့ပြင် အငယ်ပိုင်း အမျိုးသမီး စစ်မှုထမ်းအချို့ကလည်း ၎င်းတို့တိုက်လိုခိုက်လိုသည်ဟု ဆိုကြသည်။ ရှေ့တန်း တိုက်ခိုက်ရေး နေရာများတွင် ၎င်းတို့အား တာဝန်ထမ်းခွင့်ပြုရန် ထိပ်ပိုင်းလူကြီးများထံ တောင်းဆိုထား ကြသူအချို့ရှိသည်။” [19]

တပ်မတော်ဘက်ကလည်း တက်ကြွစွာပင် အမျိုးသမီးများကို စစ်မှုထမ်းဆောင်စေခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနက အမျိုးသမီးများစစ်မှုထမ်းရန်ဖိတ်ခေါ်သည့် ကြော်ငြာကို ထည့်ရာတွင် “ရွေးချယ်ခံရသူများအနေဖြင့် ရှေ့တန်းတွင်သွားရောက်စစ်မှုထမ်းစရာမလိုဘဲ ဒုဗိုလ်ရာထူး ချီးမြှင့်မည်”[20]ဟု ဖော်ပြထား သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း တပ်မတော်သည် လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အငယ်တန်းအမျိုးသမီးအရာရှိနှစ်ဦးကိုသာ ခန့်အပ်စေလွှတ်ခဲ့သည်။[21] စုစုပေါင်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ၁၆၆ နေရာ (၂၅ ရာခိုင်နှုန်း) သည် တပ်မတော်သားများ အတွက်ဖြစ်ပြီး မြန်မာ့ နိုင်ငံရေးအသွင် ကူးပြောင်းမှုတွင် အငြင်းပွားစရာ ကျင့်သုံး ဆောင်ရွက်ချက် တစ်ခု ဖြစ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ပဋိပက္ခများဖြေရှင်းရေးတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့ကိုယ်စားများအကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု တွင် မိန့်ခွန်းပြောကြားရန်စောင့်ဆိုင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်၌ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တွေ့ရစဉ်။

© 2016 Reuters

မြန်မာနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲမစတင်မီ အချိန်များစွာကာလကတည်းကပင် အမျိုးသမီး အခွင့်အရေးများကို လေးစားရေးအပါအဝင် ဒီမိုကရေစီစနစ်ပြောင်းလဲကျင့်သုံးရေး တောင်းဆို တိုက်ပွဲဝင်မှုများတွင် အမျိုးသမီးများမှာ ရှေ့တန်းမှပါဝင်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်းတို့ ပါဝင်ခွင့်ရရေးကိုဗဟိုပြုပြီး အမျိုးသမီးများ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ သို့ဖြစ်လင့်ကစား အမျိုးသမီးများသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် လောက်လောက်လားလားပါဝင်ခွင့်မရသလို စေ့စပ်ဆွေးနွေးမှုများအတွင်း အမျိုးသမီးအခွင့်အရေးကိစ္စ ထည့်သွင်းပြောဆိုမှုကိုလည်း မခံရပါ။ အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်သည့် ပြောဆိုမှုများကို မကြာခဏပင် ပယ်ချခံရသည်။[22] အမျိုးသမီးများသည် တစ်ထောင့်တစ်နေရာမှပါဝင်နိုင်သည့်အစွမ်းရှိသော်လည်း အဆင့်တိုင်း အဆင့်တိုင်းမှာ ဘေးဖယ်ထုတ်ခံထားရသည်ဟု အမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်တစ်ဦးက Human Rights Watch ကို ပြောသည်။[23] အမျိုးသမီးနိုင်ငံရေးကိုယ်စားလှယ်တစ်ဦးကလည်း “ဆုံးဖြတ်ချက်ချသူတွေဟာ ယောက်ျားတွေချည်းပဲ။ သူတို့ကဖိတ်ကြားတဲ့သူတွေကလည်း ယောက်ျား တွေပဲ။ ဆယ်စုနှစ်များစွာနဲ့ချီအောင်ရှိလာခဲ့တဲ့ အဲဒီအကျင့်တွေကို ပြောင်းလဲပစ်ဖို့ခက်တယ်” ဟု Human Rights Watch ကိုပြောသည်။”[24]

မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်သည် ရှုပ်ထွေးပြီး ပဋိပက္ခဖြေရှင်းရေးကြိုးပမ်းမှုအများစုမှာကဲ့သို့ပင် စေ့စပ် ညှိနှိုင်းမှုများဆောင်ရွက်နေဆဲမှာပင် ဆင့်ကဲပြောင်းလဲလျက်ရှိသည်။ ပဋိပက္ခအများအပြားနှင့် တကွ သက်ဆိုင်ရာ ငြိမ်းချမ်းရေးကြိုးပမ်းမှုများသည် ပြည်နယ်များရှိတိုင်းရင်းသားအဖွဲ့ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေပြီး နှစ်ဖက်အပစ်အခတ် ရပ်စဲမှုအမျိုးမျိုးမှာ အစိုးရနှင့်အဆိုပါအဖွဲ့အစည်းများအကြား လက်မှတ်ထိုးထား (ပြီးပျက်ပြယ်သွား) ခြင်းဖြစ်သည်။ အဆိုပါ နှစ်ဖက်အပစ်အခတ်ရပ်စဲမှုအများအပြား ကို ဒေသအလိုက်ပြည်သူတို့က ထူထောင်ထားသည့် အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေးလုပ်ငန်းစဉ်များက စောင့် ကြည့်ကြသည်။[25] 

၂၀၁၃ ခုနှစ်မှစတင်ပြီး ထိုစဉ်က သမ္မတဦးသိန်းစိန်၏အစိုးရသည် ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)’ ပေါ်ပေါက်လာရေး ဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဆွေးနွေးညှိနှိုင်းနေစဉ်ကာလအတွင်း အစိုးရကအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခု၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် (KIA) အပေါ် အဓိက ထိုးစစ်ကြီးများ ပြန်လည် စတင်ခဲ့သည်။[26] နှစ်နှင့်ချီကြာအောင် ဆွေးနွေးမှုများ ပြန်စလိုက်၊ ရပ်တန့်လိုက်ဖြစ်နေ ပြီးနောက် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် အစိုးရအသိအမှတ်ပြု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့အနက် ၈ ဖွဲ့က NCA ကို လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသည် ငြိမ်းချမ်းရေး ခရီးရှည်၏ ကနဦးအစ ခြေလှမ်းတစ်လှမ်းပင်ဖြစ်ပြီး ထိုခရီးကိုအနည်းဆုံး ၂၀၁၆ ခုနှစ်ကုန်အထိတော့ ဆက်လက်လျှောက်လှမ်းရဦးမည် ဖြစ်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့အပြင်ဘက်ရှိ စစ်ရှောင်ဒုက္ခသည်စခန်း၌ စေတနာ့ဝန်ထမ်းဆရာများဖြင့် ဖွင့်လှစ်ထားသည့် ယာယီစာသင်ကျောင်းတစ်ခုတွင် ကချင်ရိုးရာအကကိုသင်ယူနေကြသည့် ကလေးငယ်များ။ စစ်ပြေးစစ်ရှောင်ကလေးငယ်အများစုမှာ ၁၅ နှစ်တာကြာခဲ့သည့် အပစ်အခတ်ရပ်စဲရေး ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်သွားစဉ်မှစပြီး ကျောင်းတက်ရောက်ခွင့်မရရှိကြတော့ပေ။ 

© 2011 Human Rights Watch

အထက်ပါငြိမ်းချမ်းရေးဆွေးနွေးပြောဆိုမှုများတွင် အမျိုးသမီးများအနေဖြင့် လုံးဝ သို့မဟုတ် လုံးဝနီးပါး ပါဝင်ခဲ့ ခြင်းမရှိပါ။ အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်များဘက်ကပါဖွဲ့စည်းသည့် ငြိမ်းချမ်းရေးကော်မတီများ၊ အဖွဲ့အစည်းများကိုကြည့်လျှင် အမျိုးသမီးများလုံးဝ ဖယ်ထုတ်ခံထားရ သည်ကိုတွေ့ရသည်။ အမျိုးသမီးများ၏ ပါဝင်မှုသည် ဖြစ်စဉ်တစ်ခုမှာသာ ‘ထူးခြားသည်’ဟု ပြောရမလောက်နီးနီးဖြစ်ခဲ့သည်။ NCA မချုပ်ဆိုမီ ပေါ်ပေါက်ခဲ့သည့် များပြားရှုပ်ထွေးလှသည့် တွေ့ဆုံဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်ကစေလွှတ်သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဖြစ်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (Senior Delegation) တွင်သာ အဖွဲ့ဝင် ၁၄ ဦးအနက် အမျိုးသမီး ၂ ဦးပါဝင်ခဲ့သည်ကိုတွေ့ရသည်။ ၎င်းတို့နှစ်ဦးမှာ ဦးဆောင် စေ့စပ်ညှိနှိုင်း ရေးမှူးအဖြစ် ခန့်အပ်ခံရသည့် နော်စီဖိုးရာစိန်နှင့် ဒေါ်စောမြရာဇာလင်းတို့ဖြစ်သည်။[27] မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာနနေရာတွင် ပြန်လည်ဖွဲ့စည်းလိုက်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ အသစ်ခန့်အပ်လိုက်သည့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် ၁၁ ဦးတွင် အမျိုးသမီးအဖွဲ့ဝင်နှစ်ဦးပါဝင်ရာ ၎င်းတို့မှာ ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကချင်လူမျိုး ရှီလာနန်တောင်တို့ ဖြစ်သည်။[28]

ယခုထက်ပိုမိုပြီး အမျိုးသမီးများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ဖြစ်စေရန် တိုက်တွန်းသည့်အခါတိုင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အမျိုးသားခေါင်းဆောင်များက “ကျွန်တော်တို့ စဉ်းစားနေပါတယ်၊ ကျွန်တော်တို့စဉ်းစားနေပါတယ်”ဟုသာ ပြောလေ့ရှိကြောင်း အမျိုးသမီးနိုင်ငံရေး သမားတစ်ဦးက Human Rights Watch ကိုပြောသည်။[29] အမျိုးသမီးအခွင့်အရေး ကြိုးပမ်း လှုပ်ရှားသူတစ်ဦးကဆိုလျှင် အမျိုးသမီးများသည် ပုံမှန်ကျင်းပနေကျ အစည်းအဝေးများ၊ ဆုံးဖြတ်ချက် ချမှတ်ရာဆွေးနွေးပွဲများထက်စာလျှင် ထိုအစည်းအဝေးများ ခေတ္တလက်ဖက်ရည်သောက်နားချိန် အတွင်းမှာသာ ၎င်းတို့ဖြစ်စေလိုသည်များကိုကိုယ်စားလှယ်တော်များ နားကပ်ပြီး အလွတ်သဘော တိုက်တွန်း နားချကြရသည့် အဆင့်သို့လျှောကျလျက်ရှိသည်ဟု အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက Human Rights Watch ကိုပြောသည်။[30] 

လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၊ လက်နက်ကိုင်တပ်များ တပ်ပြန်ဆုတ်ရေးနှင့် လက်နက်ပြန် ဖြုတ်သိမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေးတို့နှင့် ဆိုင်သည့် စေ့စပ်ဆွေးနွေးမှုများတွင် အမျိုးသမီးများမပါဝင်မှုသည် အထူးသဖြင့်သိသာလှသည်။ ထိုသို့သော “ရုပ်ပိုင်းလုံခြုံရေး”ကိစ္စများကဏ္ဍကို ဆွေးနွေးကြသည့်ယောက်ျားများသည် စေ့စပ်ညှိနှိုင်းမှုများနှင့် အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးပါဝင်မှုတို့ စပ်ဆက်သည်ကို အကြိမ်ကြိမ်မျက်ကွယ်ပြုကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ ကိုယ်စားလှယ်က Human Rights Watch ကို ယခုလိုပြောသည်။

အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက တင်းမာမှုတွေကိုလျော့စေဖို့ပဲ။ လက်နက်ကိုင်အဖွဲ့တွေဟာ သိပ်ကို စိတ်မချနိုင်ဖြစ်နေတဲ့အနေအထားတွေမှာရှိကြပြီးတော့ အမျိုးသမီးတွေအနေနဲ့ ဒါကို ပြေလျော့အောင် လုပ်ပေးနိုင်ပါ တယ်။ အမျိုးသမီးတွေဟာ စေ့စပ်ညှိနှိုင်းသူတွေ၊ သံတမန်တွေ မဟုတ်ကြဘူးဖြစ်နေတယ်။ စေ့စပ် ညှိနှိုင်းမှုတွေမှန်သမျှဟာ တပ်နဲ့တပ်ချင်းထိတွေ့မှုတွေပဲ ဖြစ်နေတယ်။ အစိုးရကိုယ်တိုင် ဝင်ပါလာတဲ့အခါမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်လာကြ မှာပါ။[31]

အမျိုးသမီးများအပေါ် မတော်မတရားပြုကျင့်မှုများအပါအဝင် တိုက်ပွဲများဖြစ်ပွားခြင်းတွင် လူ့အခွင့် အရေးချိုးဖောက်မှုသည်အခြေခံအကြောင်းတရားဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ သဘောတူညီမှုများသည် အမျိုးသမီးများနှင့်အထူးပတ်သက်နေသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ပညာရေး၊ အိုးအိမ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့အပါအဝင် စစ်ဒဏ်ခံ ပြည်သူများ၏ဘဝများအပေါ် အကြီးအကျယ် သက်ရောက်မှုများရှိလာစေမည်ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များတွင် အထက်ဖော်ပြပါ အရေးကိစ္စရပ်များကို လူ့အခွင့်အရေးကို လေးစားပြီး မခွဲမခြားတစ်သားတည်းပုံစံမျိုးဖြင့် မဖြေရှင်းထားခြင်းကြောင့် ဖြေရှင်းရခက်ခဲသည့် သက်ရောက်မှုမျိုးရှိလာနိုင်ပါသည်။ ၎င်းတွင် သဘောတူညီထားသည့် ငြိမ်းချမ်း ရေးသည် ခိုင်ခံ့ပြီး ရေရှည်တည်တံ့မည်လားဟူ၍လည်း မေးစရာရှိလာနိုင်ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်ရှိပါဝင်နေသည့် အမျိုးသမီးနှင့်အမျိုးသားအရေအတွက် – ၂၀၁၁-၂၀၁၆ [32]

အဖွဲ့အစည်း

ခုနှစ်

ပါဝင်သူ ဦးရေ စုစုပေါင်း

အမျိုးသမီး ကိုယ်စားလှယ် ဦးရေ

အမျိုးသား ကိုယ်စားလှယ် ဦးရေ

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်မှုဗဟိုကော်မတီ(UPCC)

2012

11

0

11

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC)

2012

52

2

50

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)

2013

16

1

15

အကောင် အထည်ဖော်မှု ပူးတွဲညှိနှိုင်းရေး အစည်းအဝေး

2015

16

0

16

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ(UPDJC)

2015

48

3

45

အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေး ပူးတွဲကော်မတီ (JCMC – ပြည်ထောင်စုအဆင့်)

2015

26

0

26

အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့(SD)

2015

15

2

13

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)

2016

11

2

9

အမျိုးသမီးများပါဝင်မှုကိုအားပေးထောက်ခံသော အစိုးရအဖွဲ့များ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ အစည်းများစသည်တို့ထံမှရရှိသောအကူအညီဖြင့် အမျိုးသမီးစေ့စပ်ညှိနှိုင်းရေးသမားများ၊ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများသည် လက်ရှိပြောဆိုဆွေးနွေးမှုများတွင် ၎င်းတို့ ပြည့်ပြည့်ဝဝပါဝင်နိုင်ခြင်း၏ အရေးပါမှု ကို ထုတ်ဖော်လျက်ရှိကြသည်။[33] သာဓကပြရလျှင် Peace Support Fund (အလှူရှင်အစိုးရအဖွဲ့တစ်ဖွဲ့က ထောက်ပံ့သည့် ရန်ပုံငွေ၊ ယင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကိုးစားမှု၊ ယုံကြည်မှု၊ ထိတွေ့ ဆက်ဆံမှုနှင့် ပါဝင်ဆောင်ရွက်မှုများကို မြှင့်တင်ပေးပြီး ပြည်သူအသိုင်းအဝိုင်းများအကြားတင်းမာမှုများကို လျှော့ချပေးမည့် အစီအမံ” ကို ထောက်ပံ့ထား) တွင် “အမျိုးသမီးများ၏ လိုအပ်ချက်များနှင့် လိုလားစရာများ”သည် ၎င်းတို့ ကူညီထောက်ပံ့သည့် စီမံကိန်းများအတွက် မဖြစ်မနေထည့်သွင်းရ မည့်ခေါင်းစဉ် ဖြစ်သည်။[34] ကချင် အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးက “ဆုံးဖြတ်ချက်ချတဲ့စားပွဲဝိုင်းမှာ ကျွန်မတို့ လည်း ပါဝင်ချင်တယ်။ အပစ်အခတ်ရပ်စဲရေးစကားဝိုင်းအပါအဝင်ပေါ့၊ အဆင့်တိုင်း အဆင့်တိုင်းမှာပေါ့” ဟု Human Rights Watch ကိုပြောသည်။[35]

တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်နေကြသည့်အမျိုးသမီးအချို့က ဆွေးနွေးညှိနှိုင်းမှုများအားလုံးတွင် အမျိုးသမီး များအား ၃၀ ရာခိုင်နှုန်းနေရာမဖြစ်မနေထည့်သွင်းပေးရန် တောင်းဆိုထားသည်။ အဆိုပါခွဲတမ်းကိစ္စသည် NCA အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အကြို ပြင်ဆင်ရေးဆွေးနွေးမှုများအပါအဝင် ဆွေးနွေးမှုများတွင် ထည့်သွင်းစဉ်းစားရသည့် ခေါင်းစဉ်တစ်ခု၊ သဘောထားကွဲလွဲရသည့်ကိစ္စတစ်ခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ထိုသို့ဆွေးနွေးတိုင်း လက်နက်ကိုင် အဖွဲ့အစည်းများမှ အမျိုးသားအဖွဲ့ဝင်များက အဆိုပါ ၃၀ ရာခိုင်နှုန်းခွဲတမ်းဆိုသည်ကို အနည်းဆုံး ပေးရမည့်ပမာဏထက်စာလျှင် အများဆုံးပေးရမည့်ပမာဏာအဖြစ်သာ ထားရှိလိုကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှကိုယ်စားလှယ်တစ်ဦးက Human Rights Watch ကို ပြောကြားချက်အရ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု နောက်ဆုံးအချောသတ်မူကြမ်းပါ အမျိုးသမီးများအတွက် ၃၀ ရာခိုင်နှုန်းခွဲတမ်းကိစ္စကို လက်နက်ကိုင်များဘက်ကရော အစိုးရဘက်ကပါ လျစ်လျူရှုခဲ့ကြသည်။ “သီအိုရီအရတော့ လုပ်နိုင်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ခက်ခဲတယ်။ ဒီတော့ အမျိုးသမီးတွေကို ထည့်သွင်းပေးရေးနဲ့ပတ်သက်ပြီး နောင်အချိန်တစ်ချိန်အထိ စောင့်ကြည့်ဖို့ကို ‘အမျိုးသားချည်းကတိကဝတ်’ အနေနဲ့ ထားရှိခဲ့ကြတယ်”ဟု ယင်း ကိုယ်စားလှယ်က ပြောသည်။[36]  အပစ်ရပ်ကိစ္စဆွေးနွေးကြ သည့်အဖွဲ့များအနေဖြင့် အမျိုးသမီးများ၏ ပါဝင်မှုကို အလေးအနက်မထားကြဟု အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။ “သူတို့က ‘မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် တက်လိမ့်မယ်’ လို့ မပြောဘူး။ သူတို့က ‘အိုး … ၃၀ ရာခိုင်နှုန်းတက်မယ်” လို့ပဲပြောကြတယ်” ဟု ၎င်းကပြောသည်။[37]

မြန်မာနိုင်ငံ၏အစိုးရသစ်ထဲတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ အတိုင်းအတာတစ်ခုအထိ မြင့်တက်လာမည် ဆိုပါက ငြိမ်းချမ်းရေးကိစ္စတွင် ၎င်းတို့၏အခန်းကဏ္ဍပိုမိုကြီးမားလာရေးအတွက် တံခါးဖွင့်ပေးရာရောက်ပါလိမ့် မည်။ သမိုင်းကိုပြန်ကြည့်လျှင် တပ်မတော်၏ခံတပ်သဖွယ်ဖြစ်ခဲ့သည့် မြန်မာ့အစိုးရအဖွဲ့ထဲတွင် အမျိုးသမီးများ ပါဝင်ခဲ့ခြင်းမရှိသည်ကိုတွေ့နိုင်သည်။ တိုးတက်မှုအချို့ ရှိလာခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲမှတစ်ဆင့် ဖွဲ့စည်းခဲ့သည့်လွှတ်တော်တွင် မြန်မာ့ သမိုင်းတစ်လျှောက်ရှိခဲ့ဖူးသည့်အမျိုးသမီးလွှတ်တော်အမတ် အရေအတွက်ထက် ပိုများသော အရေအတွက်ကိုရရှိခဲ့သော်လည်း ထိုအရေအတွက်သည် နိမ့်ပါးနေဆဲဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၆၆ ဦး (၁၀ ရာခိုင်နှုန်း) မှာ အမျိုးသမီးများဖြစ်ပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ကိုယ်စားလှယ်ဦးရေ ၁၃ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု သိရသည်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များက ရွေးကောက်လိုက်သည့် တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦးအနက် ၅ ဦးမှာ အမျိုးသမီးများဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့၏ ဝန်ကြီးချုပ်နှစ်ဦး စလုံးမှာ အမျိုးသမီးများဖြစ်သည်။ သို့ရာတွင် ဝန်ကြီး ၁၈ ဦးဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် မူ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးသာ အမျိုးသမီးဖြစ်သည်။

အင်န်အယ်ဒီအစိုးရသစ်သည် ယခုထက်ထိတော့ အမျိုးသမီးကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုတွင် ဦးဆောင် အခန်းကဏ္ဍမှုမရှိသေးပါ။ လေ့လာဆန်းစစ်မှုတစ်ခုက ခန့်မှန်းတွက်ချက်ပြထားပုံအရ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအနိုင်ရရှိစဉ်က အင်န်အယ်ဒီကိုယ်စားလှယ်လောင်း ထည့်သွင်းခဲ့သည့် အချိုးအစားအတိုင်းသာ ဆက်လက် အသုံးပြုခဲ့မည်ဆိုပါက ယခုလွှတ်တော်တွင် အမျိုးသမီး ကိုယ်စားလှယ်ဦးရေ ၁၂၁ ဦးခန့်ရှိမည်ဖြစ်သည်။ အင်န်အယ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က “ပါတီအနေဖြင့် ယခုထက်ပို၍ အမျိုးသမီး ကိုယ်စားလှယ်လောင်း မထည့်သွင်းရခြင်းမှာ အမျိုးသမီးအများစုသည် နိုင်ငံရေးနှင့် စိမ်းပြီး အတွေ့အကြုံမရှိသောကြောင့်”ဟု မြန်မာတိုင်း(မ်)သတင်းစာကို ပြောသည်။ ထို့ပြင် ယဉ်ကျေးမှုနှင့် ဘာသာရေးဓလေ့ထုံးတမ်းများကြောင့်လည်း “အမျိုးသမီးများသည် နိုင်ငံရေးရာသီဥတုကိုလိုက်၍ ပြုမူဆက်ဆံရာ၌ ယုံကြည်မှုမရှိကြ”ဟုလည်း ၎င်းက ဆိုသည်။[38]

လက်ရှိ မြန်မာနိုင်ငံ၏ အမျိုးသမီးအခွင့်အရေးအနေအထား

အသက်ဘေးအတွက် ထွက်ပြေးစဉ်အတွင်း ဗမာစစ်သားများက ၎င်းနှင့်၎င်း၏မြေးသုံးဦးတို့ကို ထပ်တလဲလဲ ပစ်ခတ်ခဲ့သည်ဟု ကချင်ပြည်နယ်မှ စစ်ရှောင်ကချင်ဒုက္ခသည်တစ်ဦးကပြောသည်။ “ကျမတို့ထွက်ပြေးတော့ စစ်သားတွေက ကျမတို့ကိုပစ်တယ်။ ကျမတို့ သိပ်ကြောက်တာပဲ။ ပြေးရင်း ပုန်းကြတာပဲ။ အဲဒီမှာ ခြင်တွေကလည်းအများကြီးပဲ။ မိုးရွာတော့ အကုန်လုံးစိုရွှဲကုန်ကြတယ်။ လူတိုင်းငိုယိုကြတာပဲ။” 

© 2011 Human Rights Watch

CEDAW ကော်မတီဆိုဖူးသည့်အတိုင်း၊ မြန်မာအမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများ အကြိမ်ကြိမ် အဖန်ဖန် အသားပေးဖော်ပြခဲ့ဖူးသည့်အတိုင်းပင် မြန်မာနိုင်ငံ၏ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များအတွက် တရားမျှတမှု၊ အထူးသဖြင့် စစ်ပွဲနှင့်စပ်၍ပေါ်ပေါက်သော အကြမ်းဖက် ခံရမှုများ အတွက် တရားမျှတမှုကို ရှာဖွေမတွေ့ ရှိရသေးပါ။[39] တပ်မတော်ကကျူးလွန်သည့် လိင်ပိုင်းအကြမ်းဖက် မှုကို ခံရသူများအတွက် ပုံမှန်လည်ပတ်ကာ အစီအစဉ် ကျနေပြီဖြစ်သော တိုင်ချက်ဖွင့်လုပ်ငန်းစဉ်မျိုး မရှိသေးပါ။ မြန်မာအစိုးရသည် ‘ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုရပ်တန့်ရေး ကုလသမဂ္ဂ ကတိကဝတ် ကြေညာချက် (UN Declaration of Commitment to End Sexual Violence in Conflict)’ကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ရာ အဆိုပါ တိုင်ချက်ဖွင့် လုပ်ငန်းစဉ်ကို ၎င်းကတိကဝတ်နှင့်အညီဖြစ်အောင် ထားရှိပေးရမည်ဖြစ်သည်။[40] အရပ်သားများအပေါ် တပ်မတော် စစ်သားများက မတော်မတရားပြုကျင့်သည့်အခါများတွင် ခံစားရသူများနှင့်၎င်းတို့၏ မိသားစုများ အနေဖြင့် ကျူးလွန်သည့်စစ်သားများအပေါ် စစ်ဆေးဖော်ထုတ်ရန်အတွက် တပ်မတော် အပေါ်ကိုသာ အားကိုးနေရသည်။ ပြီးခဲ့သည့် ၄ နှစ်အတွင်း တပ်မတော်စစ်သားများက ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော လိင် အကြမ်းဖက်မှု ၇၀ ကျော်ရှိခဲ့သော်လည်း အများပြည်သူထံထုတ်ပြန်သည့် ရုံးတင်စစ်ဆေးမှုအနည်းငယ်သည် ရှိသည်။ မုဒိမ်းမှုကျူးလွန်သည်ဟု ဆုံးဖြတ်ခံရသည့် စစ်သားနှစ်ဦးသာ ၂၀၁၄ ခုနှစ်အတွင်းရှိခဲ့သည်။[41] ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၎င်း၏ ၂၀၁၅ ခုနှစ် ပဋိပက္ခဆက်နွှယ်လိင်အကြမ်းဖက်မှု အစီရင်ခံစာပါ မြန်မာနိုင်ငံ အကြောင်းကဏ္ဍတွင် “ဥပဒေရေးရာဆောင်ရွက်ချက်များ တစ်သတ်မှတ်တည်း၊ စနစ်တကျ ရှိထားရန်လိုအပ်” ကြောင်း တိုက်တွန်းထားပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း တပ်မတော်ကို အရပ်ဘက်ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းနိုင်ရေးအတွက် အခြေခံဥပဒေကို ပြန်လည်ပြင်ဆင် ရန် တိုက်တွန်းထားသည်။[42]

ပို၍ယေဘုယျအားဖြင့်ပြောရလျှင် မြန်မာနိုင်ငံ၏ရာဇသတ်ကြီးဥပဒေသည် အမျိုးသမီးများအပေါ် လုံလောက်သည့် ကာကွယ်မှုမျိုးမပေးထားပါ။ နေအိမ်မှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ အမျိုးသမီးများ အကြမ်း ဖက်ခံရမှုအတွက် သီးခြားကာကွယ်ပေးထားသော ဥပဒေမရှိသလို လက်ရှိဥပဒေကလည်း အကြမ်းဖက်သည့် အမျိုးသားများအပေါ် ရုံးတော်၏တားမြစ်မိန့် (restraining order) ဆင့်ထုတ် စေခြင်းမျိုးအပါအဝင် နိုင်ငံတော်၏အကာအကွယ်ကို အမျိုးသမီးများရယူရန် ခွင့်မပေးထားပါ။[43] အထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၁၆ ခုနှစ် ပဋိပက္ခဆက်နွှယ် လိင်အကြမ်းဖက်မှု အစီရင်ခံစာတွင် “အမျိုးသမီးများအကြမ်းဖက်ခံရမှုကို ဖြေရှင်း မည့် ဘက်စုံလွှမ်းခြုံသည့်ဥပဒေတစ်ရပ်ကိုပြဋ္ဌာန်းရန်နှင့် စစ်တပ်မှကျူးလွန်သူများကို ပွင့်လင်းမြင်သာစွာ ဥပဒေအရအရေးယူနိုင်ရေးအတွက် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ ကို တစ်ပြေးညီ ကျင့်သုံးစေရန်” မြန်မာအစိုးရကို တိုက်တွန်းထားသည်။[44]

မြန်မာနိုင်ငံ၏အမျိုးသမီးအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂတို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုမှ ‘အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့်ကြိုတင်တားဆီးရေးဥပဒေ (PVAW)’ ပေါ်ထွက်လာသော်လည်း ဒုတိယအကြိမ်လွှတ်တော်ခေါ်ယူပြီးနောက် ဆွေးနွေးမှုများတွင် သိသိသာသာ အားနည်းသွားခဲ့ပုံရသည်။ အချို့က ပြင်ဆင်ချက်များ ပြုလုပ်ပါက ဥပဒေသည် မုဒိမ်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုရှင်းလင်းရန်၊ မိသားစုတွင်း အကြမ်းဖက်မှုနှင့် လင်မယားချင်း မုဒိမ်းပြုကျင့်မှုများကို ဥပဒေနှင့်မညီကြောင်း တိတိကျကျပြဋ္ဌာန်းရန် လိုအပ်ချက်အပါအဝင် မြန်မာနိုင်ငံ၏နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွှန်းများကိုလိုက်နာရန်ထားရှိသည့် ကတိကဝတ်များကို ချိုးဖောက်ရာကျလိမ့်မည်ဟု ဆိုကြသည်။[45] အတည်ပြုဖြစ်ပါက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ထိန်းကွပ်မည့် ခိုင်မာပြီးလွှမ်းခြုံမည့်ဥပဒေတစ်ရပ်ကိုရမည်ဖြစ်ပြီး ယခုကဏ္ဍရှိ ဟိုတစ်စ သည်တစ်စ ရှိခဲ့သည့် ဥပဒေပြုပြင်ပြောင်းလဲမှုများနေရာတွင် အရေးပါသည့် တိုးတက်မှုတစ်ခု ရှိလာမည် ဖြစ်သည့်အပြင် အမျိုးသမီးများကို ခွဲခြားဆက်ဆံသည့် အခြားသောဥပဒေများ ပြုပြင်ပြောင်းလဲရေး အတွက်လည်း တွန်းအားဖြစ်စေလိမ့်မည်ဖြစ် သည်။

အမျိုးသမီးများတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်း(NSPAW) (၂၀၁၃-၂၀၂၂) ပေါ်ထွန်းလာခြင်းသည် အပြုသဘောဆောင်သောအချက်ဖြစ်သော်လည်း အစိုးရသစ်လက်ထက် အကောင် အထည်ဖော်မှုတွင်မူ ရှေ့မတိုးဘဲရှိနေသည်။ အရပ်ဘက်အဖွဲ့အစည်းနှင့် သုံးနှစ်တိုင် တွေ့ဆုံ ဆွေးနွေးပြီးနောက် စတင်ချမှတ်ခဲ့သည့်ထိုအစီအမံသည် ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ်ကြောင့် ဖြစ်ခဲ့သည့် လူမှုဘဝ ဖရိုဖရဲ ဖြစ်မှုများအတွက် တစ်စိတ်တစ်ပိုင်းတုံ့ပြန် ဆောင်ရွက်ချက် လည်းဖြစ် သည်။[46]

ဖြစ်ပွားနေဆဲပဋိပက္ခများနှင့်စပ်လျဉ်းပြီး ပြီးခဲ့သည့်အစိုးရနှင့်တပ်မတော်တို့၏ နိုင်ငံရေးအရအကဲဆတ် ခဲ့မှုများကြောင့် NSPAW တွင် တိုက်ပွဲများကြောင့်ဖြစ်လာသည့် အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ သီးခြားရေးရာကိစ္စများ ပါဝင်ခဲ့ခြင်းမရှိပါ။ ထိုကွာဟမှုကို ဖြည့်ဆည်းရန်အတွက် မြန်မာအမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများဘက်က အစိုးရအား NSPAW ကို ပြင်ဆင်ခြင်းဖြင့်ဖြစ်စေ၊ အစီအမံသစ်တစ်ရပ်ကိုချမှတ်ခြင်းဖြင့်ဖြစ်စေ ကျားမရေးရာနှင့် ပဋိပက္ခ ဆိုင်ရာ အမျိုးသား မဟာဗျူဟာတစ်ရပ်ကို အားလုံးပူးပေါင်း ချမှတ်ရန် တောင်းဆိုတိုက်တွန်း ထားသည်။

ပြုပြင်ပြောင်းလဲရေးအတွက် အဆိုပါကြိုးပမ်းမှုများသည် တိုးတက်မှုအပိုင်းတွင် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေအောင် ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးကို လျှော့ချပစ်ခဲ့ပါသည်။ အစိုးရသစ်အနေဖြင့် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းလည်း လိုအပ်ပါသည်။ သာဓကအနေဖြင့် တစ်လင် တစ်မယားစနစ်ဥပဒေတွင် အရွယ်ရောက်ပြီးသူနှစ်ဦးအကြား နှစ်ဦးသဘောတူ ကာမဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ကာ ပြစ်ဒဏ်ပေးသည့် ပုဒ်မများပါဝင်နေသည်။ ၎င်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ပုဒ်မ (၁၂) အရ အကာအကွယ် ပေးထားသည့် ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။ နှစ်ဦးသဘောတူ ကာမဆက်ဆံမှုကို ပြစ်ဒဏ်ပေးထားသည့် ဥပဒေများသည် အမျိုးသမီးများအပေါ် အလွန်အမင်း ဆိုးကျိုးဖြစ်စေသည်။ ဥပမာအားဖြင့် မုဒိမ်းမှုတစ်ခုတွင် အကယ်၍ ကျူးလွန်သည့် ယောက်ျားကို အပြစ်မရှိဟု ဆုံးဖြတ်ခံရပါက တရားလိုမိန်းကလေးအားအိမ်ထောင်ရှိသူနှင့် ဖောက်ပြန်သည့်ပြစ်မှုဖြင့် ပြန်တရားစွဲခံရနိုင်ခြေ ရှိသဖြင့် မုဒိမ်းကျင့်ခံရသည့်အမျိုးသမီးများအနေဖြင့် မုဒိမ်းမှုအတွက် တိုင်ချက်ဖွင့်ရန်ပင် တွန့်ဆုတ်သွား နိုင်သည်။ အမျိုးသမီးများကိုခွဲခြားဆက်ဆံသည့် ဥပဒေများဖျက်သိမ်းရေး ကောင်းမွန်သည့် အလေ့အထများ ဖော်ထုတ်သတ်မှတ်ရန်တာဝန်ရှိသည့် ‘အမျိုးသမီးများအပေါ်  ဥပဒေအရရော လက်တွေ့ဘဝမှာပါ ခွဲခြားဆက်ဆံမှုဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့’က အိမ်ထောင်ရေး ဖောက်ပြန်မှုသည် ရာဇဝတ်မှု မဖြစ်သင့်ကြောင်းနှင့် အမျိုးသမီးများအပေါ်ကိုသာဆိုးကျိုးများ မတန်တဆဖြစ်စေကြောင်း ၂၀၁၂ ခုနှစ်က မှတ်ချက်ပြုခဲ့သည်။[47]

အကြံပြုချက်များ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်မူကြမ်းကို ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့၌လက်မှတ်ရေးထိုးကြစဉ်။

© 2015 Getty Images

မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးနှင့် နှစ်ဦးနှစ်ဖက်ကြား စေ့စပ်ဆွေးနွေးမှုတွင်ပါဝင်နေသူအားလုံးသို့

  • တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကတိပြုထားသည့်အတိုင်း နောင်လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အားလုံးတွင် အမျိုးသမီးများ အပြည့်အဝနှင့် ထိထိရောက်ရောက် ပါဝင် ဆောင်ရွက်နိုင်မှုရှိအောင် ဆောင်ရွက်ရန်။
  • အဆိုပါလုပ်ငန်းစဉ်များ ပုံစံချမှတ်ရာမှာရော အကောင်အထည်ဖော်ရာ၌မှာပါ အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းများအနေဖြင့် သိသာထင်ရှားသည့်အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ရစေရန်နှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မူဝါဒနှင့် အစီအစဉ်ချမှတ်ခြင်းတို့အတွက် ထိရောက်သည့် အကြံဉာဏ်များ၊ ပံ့ပိုးမှုများပေးခွင့်ရနိုင်အောင် ဆောင်ရွက်ပေးရန်။
  • မြန်မာနိုင်ငံသည် နိုင်ငံရေးအပြောင်းအလဲကာလကို ဖြတ်သန်းနေပြီဖြစ်၍ နိုင်ငံရေးဖြစ်စဉ်အားလုံးတွင် အမျိုးသမီးအခွင့်အရေးများကို မမေ့မလျော့ထည့်သွင်းစဉ်းစားမှုရှိစေရန်။ အမျိုးသမီးများအနေဖြင့် နည်းစနစ်အကြံပေးအဖြစ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းအကျိုးဆောင်များအဖြစ်၊ ဖျန်ဖြေရေးအဖွဲ့များတွင် ကျားမရေးရာအကြံပေးများအဖြစ် ပါဝင်ခွင့်ရသင့်ပြီးလျှင် စေ့စပ်ညှိနှိုင်းရေးအသင်းများ၌ ထိထိရောက် ရောက် ကိုယ်စားပြုခွင့်လည်းရသင့်သည်။

မြန်မာနိုင်ငံအစိုးရသို့

  • မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုအားလုံးတိုက်ဖျက်ရေးစာချုပ် (CEDAW) အရ ပေးထားသည့်ကတိကဝတ်များအတိုင်း အပြည့်အဝလိုက်နာမှုရှိမရှိကိုဆန်းစစ်ပြီး ရှိစေရန်ဆောင်ရွက်ပါ။ ပြီးခဲ့သည့်အစိုးရကဖန်တီးခဲ့သည့် အမျိုးသမီးများဘဝတိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာအစီအမံ ၂၀၁၃-၂၀၂၂ ကို CEDAW နှင့် အခြားသောနိုင်ငံတကာလူ့အခွင့်အရေး စာချုပ်များနှင့် အညီဖြစ်အောင် ပြင်ဆင်ပြီးလျှင် မလုံခြုံမှုနှင့်ပဋိပက္ခဆိုင်ရာအပြင်အဆင်များတွင် အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်သည့် တောင်းဆိုမှုနစ်နာမှုများကို ထည့်သွင်းနိုင်ရန်အတွက်လည်း ၎င်းမဟာဗျူဟာအစီအမံကိုမွမ်းမံပြင်ဆင်ရန်
  • နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် ပြင်ဆင်ရန်အဆိုပြုချက်များကို အတည်မပြုဘဲ ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် ကြိုတင်တားဆီးရေး ဥပဒေ’ ကို လျင်လျင်မြန်မြန် ပြဋ္ဌာန်းပါ။ အတည်ပြုလိုက်သည့်ဥပဒေတွင် မုဒိမ်းမှုနှင့်ပတ်သက်သည့် ကျယ်ပြန့်သည့် ဖွင့်ဆိုရှင်းလင်းချက်ပါဝင်သင့်သည်။
  • အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR) နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICESCR) တို့ကို လက်မှတ်ထိုး အကောင်အထည်ဖော်ပြီး အတိအကျလိုက်နာရန်။
  • မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပါရီမူများနှင့်အညီဖြစ်အောင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းပါ။ ယင်းတွင် အရပ်ဘက်အဖွဲ့အစည်းနှင့် အမျိုးသမီးများလည်း ယေဘုယျအားဖြင့် ပါဝင်သည့် အသိုင်းအဝိုင်းစုံပါဝင်မှုရှိအောင်လည်း သေချာဆောင်ရွက်ပါ။  ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များ အနေဖြင့် ကျားမရေးရာကိုဂရုပြုသင့်ပြီး အမျိုးသမီးအခွင့်အရေးကိစ္စရပ်များကို အပြည့်အဝ ကိုင်တွယ် ဆောင်ရွက်နိုင်စွမ်းရှိသင့်သည်။
  • ကျားမအပေါ်အခြေခံကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် စစ်ပွဲများဆိုင်ရာဥပဒေများနှင့် နိုင်ငံ တကာ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် အပြည့်အဝညီညွတ်မှုရှိစေရေးအတွက် လိုအပ်သည့် ခြေလှမ်းများ ချမှတ်လုပ်ဆောင်ရန်။ စစ်ပွဲဥပဒေများကို အကြီးအကျယ်ချိုးဖောက်သည့် တပ်မတော်သား များအား ရာထူးမည်မျှပင်ကြီးစေ အရေးယူရန်။ ထိခိုက်ခံစားရသည့် အရပ်သားများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအနေဖြင့် ချိုးဖောက်မှု၊ ကျူးလွန်မှုများကို အစိုးရထံတိုက်ရိုက် ပေါက်ရောက်အောင်တိုင်ကြားနိုင်မည့် ဘေးကင်းလုံခြုံပြီးထိရောက်သည့် နည်းလမ်းများကိုလည်း ထားရှိပေးပါ။
  • မြန်မာနိုင်ငံ၏ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအားလုံးက ကျူးလွန်သည့် မတော်မတရားပြုကျင့်မှု များနှင့်ပတ်သက်ပြီး လွှတ်တော်၌ ပုံမှန်ကြားနာမှုပြုလုပ်ပါ။ ထိုသို့ကြားနာမှုများကို အစီရင်ခံစာထုတ်ရန်။ ထိုသို့ကြားနာမှုများတွင် အမျိုးသမီးအခွင့်အရေးအဖွဲ့များအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင် တက်ရောက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန်။
  • ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူများနှင့်ဒုက္ခသည်များကို နေရပ်ပြန်ပို့ရာ၌ ကုလသမဂ္ဂ၏ လမ်းညွှန်မူများဖြစ်သည့် Guiding Principles on Internal Displancement နှင့် ဒုက္ခသည်များ ဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများအပါအဝင် နိုင်ငံတကာစံနှင့်အညီ ဆောင်ရွက်ပါ။ ပြည်တွင်းနေရပ် စွန့်ခွာသူများနှင့် ဒုက္ခသည်များကို နေရပ်ပြန်ပို့ရာတွင် ၎င်းတို့၏ဆန္ဒအရသာ ပြန်ပို့ရမည်ဖြစ်ပြီး ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိရှိဖြစ်အောင်စီစဉ်ရမည်။ ထို့ပြင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့်အခြားအဖွဲ့အစည်းများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်ရမည် ဖြစ်ပြီး၊ အမျိုးသမီးများနှင့်မိန်းကလေးငယ်များကို ကိုယ်စားပြုသူများအပါအဝင် ဒုက္ခသည်များ အခွင့်အရေးကိုယ်စားလှယ်များနှင့် ရပ်ရွာခေါင်းဆောင်များနှင့် ပြည့်ပြည့်ဝဝတိုင်ပင်ဆွေးနွေးခြင်း၊ အစီအမံချမှတ်ခြင်းများလည်း ရှိစေရမည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့

  • နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်၍၎င်း၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ မူဝါဒရေးရာ အခြေခံ ရပ်တည်မှုနှင့်ပတ်သက်၍လည်းကောင်း ဆုံးဖြတ်ချက်ချမှတ်ရသည့်အဆင့်များတွင် အမျိုးသမီးများ၏ ပါဝင်မှုကို အားပေးထောက်ခံရန်။ ထို့ပြင် အပစ်ရပ်ညှိနှိုင်းမှုများနှင့် အပစ်ရပ်စောင့်ကြည့်ရေးအသင်းများ အပါအဝင် အားလုံးသောညှိနှိုင်းရေးအသင်းများတွင် အမျိုးသမီးများပါဝင်မှုကိုလည်း ထောက်ခံကူညီရန်
  • အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများအတွက် သက်ဆိုင်ရာညှိနှိုင်းရေးစင်မြင့်များရရှိစေရန် ၎င်းတို့နှင့် လက်တွဲပြီး မူများနှင့်အခြေခံသတ်မှတ်ချက်များ တည်ဆောက်ပါ။ ယင်းမူများတွင် အပစ်ရပ်စဲရေး၊ နိုင်ငံရေးအာဏာခွဲဝေမှု၊ လက်နက်ဖြုတ်သိမ်းမှုနှင့် တပ်ပြန်ရုပ်သိမ်းမှု၊ ရင်းမြစ်ခွဲဝေသုံးစွဲမှုတို့အပေါ် တိကျသည့်အမျိုးသမီးအခွင့်အရေးဆိုင်ရာ သဘောထားများပါဝင်သင့်သည်။
  • ကျားမအပေါ်အခြေခံကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် စစ်ပွဲများဆိုင်ရာဥပဒေများနှင့် နိုင်ငံ တကာ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် အပြည့်အဝညီညွတ်မှုရှိစေရေးအတွက် လိုအပ်သည့် ခြေလှမ်းများ ချမှတ်လုပ်ဆောင်ပါ။ ကြီးမားသည့်ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို သင့်တော်သလို အရေးယူဆောင်ရွက်ရန်။

နိုင်ငံတကာအလှူရှင်များ၊ အစိုးရအဖွဲ့များနှင့် ကုလသမဂ္ဂသို့

  • ငြိမ်းချမ်းရေးကိစ္စညှိနှိုင်းမှုအားလုံးနှင့် မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု၏မျက်နှာစာတိုင်း၌ အမျိုးသမီးများ ပြည့်ပြည့်ဝဝနှင့်ထိထိရောက်ရောက်ပါဝင်ခွင့်ရရေးလိုအပ်ချက်နှင့်ပတ်သက်ပြီး သက်ဆိုင်သည့်အဖွဲ့အစည်းဂိုဏ်းဂဏအားလုံးတို့အား အများကြားအောင်ရော နှစ်ကိုယ်ကြားပါ တိုက်တွန်းနားချပါ။
  • အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးအပြောင်းအလဲတွင် အမျိုးသမီး များ ပါဝင်မှုကို ထောက်ခံသည့် အခြားသော သီးခြားလွတ်လပ်သည့် ဇာတ်ကောင်များအား စဉ်ဆက်မပြတ်သော ထိရောက်သည့်အကူအညီများပေးပါ။

[1] “Extracts from the nationwide ceasefire agreement,Myanmar Times, October 15, 2015, http://www.mmtimes.com/index.php/national-news/17022-extracts-from-the-nationwide-ceasefire-agreement.html (accessed August 5, 2016).

[2] Nan Lwin Hnin Pwint, “‘21st Century Panglong Conference’ Set for Late July,” The Irrawaddy, May 20, 2016 http://www.irrawaddy.com/burma/21st-century-panglong-conference-set-late-july.html (accessed August 5, 2016); Matthew Walton, “Ethnicity, Conflict and History in Burma: The Myths of Panglong,” Asia Survey, vol. 48, 6 (2008), pp. 889-910.

[3] Convention on the Elimination of All Forms of Discrimination against Women (CEDAW), adopted December 18, 1979, G.A. res. 34/180, 34 U.N. GAOR Supp. (No. 46) at 193, U.N. Doc. A/34/46, entered into force September 3, 1981, arts. 4, 7, and 8.  Burma ratified CEDAW in 1997.  CEDAW General recommendation No. 30 on women in conflict prevention, conflict and post-conflict situations, Committee on the Elimination of Discrimination against Women, CEDAW/C/GC/30, (2013), http://www.ohchr.org/Documents/HRBodies/CEDAW/GComments/CEDAW.C.CG.30.pdf (accessed August 5, 2016); United Nations Security Council, Resolution 1325 (2000), S/RES/1325 (2000)  http://www.un.org/en/ga/search/view_doc.asp?symbol=S/RES/1325(2000) (accessed August 5, 2016); United Nations Security Council, Resolution 1820 (2008), S/RES/1820 (2008), http://www.un.org/en/ga/search/view_doc.asp?symbol=S/RES/1820(2008) (accessed August 5, 2016); United Nations Security Council, Resolution 1888 (2009), S/RES/1888 (2009), http://www.un.org/en/ga/search/view_doc.asp?symbol=S/RES/1888(2009) (accessed August 5, 2016); United Nations Security Council, Resolution 1889 (2009), S/RES/1889 (2009), http://www.un.org/en/ga/search/view_doc.asp?symbol=S/RES/1889(2009) (accessed August 5, 2016); United Nations Security Council, Resolution 1960 (2010), S/RES/1960 (2010), http://www.un.org/en/ga/search/view_doc.asp?symbol=S/RES/1960(2010) (accessed August 5, 2016); United Nations Security Council, Resolution 2106 (2013), S/RES/2106 (2013), http://www.un.org/en/ga/search/view_doc.asp?symbol=S/RES/2106(2013) (accessed August 5, 2016); United Nations Security Council, Resolution 2122 (2013), S/RES/2122 (2013), http://www.un.org/en/ga/search/view_doc.asp?symbol=S/RES/2122(2013) (accessed August 5, 2016); United Nations Security Council, Resolution 2242 (2015), S/RES/2242 (2015), http://www.un.org/en/ga/search/view_doc.asp?symbol=S/RES/2242(2015) (accessed August 5, 2016).

[4] Sarah Margon (Human Rights Watch), “Aung San Suu Kyi Must Focus on Ending Burma’s Civil War,” commentary, Foreign Policy, July 11, 2016, http://foreignpolicy.com/2016/07/11/aung-san-suu-kyi-must-focus-on-ending-burmas-civil-war/ (accessed August 5, 2016). See also, Human Rights Watch, “Burma: Q & A on an International Commission of Inquiry,” March 24, 2011, https://www.hrw.org/news/2011/03/24/burma-q-international-commission-inquiry; Human Rights Watch, “They Came and Destroyed Our Village Again": The Plight of Internally Displaced Persons in Karen State, June 2005,  https://www.hrw.org/report/2005/06/09/they-came-and-destroyed-our-village-again/plight-internally-displaced-persons.

[5] သမ္မတဦးထင်ကျော်ထံသို့ HRW မှပေးစာ, “Human Rights Priorities for the New Government,” May 4, 2016,  https://www.hrw.org/news/2016/05/04/hrw-letter-president-u-htin-kyaw.

[6] Nan Tin Htwe, “Tatmadaw admits rapes but denies they are ‘institionalised,’” Myanmar Times, March 3, 2014,  http://www.mmtimes.com/index.php/national-news/9742-tatmadaw-admits-rapes-but-denies-they-are-institionalised.html (accessed August 5, 2016).

[7] See for example, Women’s League of Burma, “‘If they had hope, they would speak’ - The ongoing use of state-sponsored sexual violence in Burma's ethnic communities,” November 2014, http://womenofburma.org/if-they-had-hope-they-would-speak/ (accessed August 5, 2016).

[8] “တပ်မတော်သား ၆၁ ဦးကို လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေခံအကြမ်းဖက်မှုများအတွက် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြားတွင် တရားစွဲဆိုခဲ့ပြီး ၎င်းတို့အနက် ၃၁ ဦးကို စစ်ဘက်ဆိုင်ရာ တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက အထူးကိုယ်စားလှယ်ထံအကြောင်းကြားသည်။ အစိုးရဘက်မှရသည့်အချက်အလက်များအရ မိသားစုဝင်များအနေဖြင့် တပ်တရားရုံးများသို့ အမှုကြားနာစစ်ဆေးသည်ကို လာရောက်ကြည့်ရှုရန်ဖိတ်ခေါ်ခဲ့သည်။ သို့ရာတွင် တရားစီရင်စစ်ဆေးသည့်ဆောင်ရွက်ချက်များမှာ လျှို့ဝှက်မှုရှိနေဆဲဖြစ်ပြီး ခံစားနစ်နာရသူများအနေဖြင့် ကျူးလွန်သူများအပေါ် အရေးယူမှုပြီးစီးခြင်းရှိမရှိကို ဖြစ်ရပ်အများအပြားတွင် မသိရှိကြရပါ။” Report of the Special Rapporteur on the situation of human rights in Myanmar, A/HRC/31/71, para. 40, March 18, 2016, http://www.ohchr.org/EN/HRBodies/HRC/RegularSessions/Session31/Pages/ListReports.aspx (accessed August 5, 2016).

[9] သမ္မတဦးထင်ကျော်ထံသို့ HRW မှပေးစာ၊ “Human Rights Priorities for the New Government,” May 4, 2016,  https://www.hrw.org/news/2016/05/04/hrw-letter-president-u-htin-kyaw.

[10] “US urges Burma to investigate deaths of two female teachers,” Associated Press, January 22, 2015,  https://www.theguardian.com/world/2015/jan/22/us-burma-investigate-deaths-teachers (accessed August 5, 2016). ထိုအမှုအခင်းတွင် လူတစ်ယောက်ကိုဖမ်းဆီးထားကြောင်း ထုတ်ပြန်သည်။ သို့ရာတွင် မည်သည့်ရုံးတင်စစ်ဆေးမှု၏ ရလဒ်ကိုမျှ အများသိအောင် မထုတ်ပြန်သေးပါ။ “Thousands gather to farewell slain teachers,” Myanmar Times, January 23, 2015, http://www.mmtimes.com/index.php/national-news/12879-thousands-gather-to-farewell-slain-teachers.html (accessed August 5, 2016); “Impunity for Sexual Violence in Burma’s Kachin Conflict,” Human Rights Watch news dispatch, January 21, 2016, https://www.hrw.org/news/2016/01/21/dispatches-impunity-sexual-violence-burmas-kachin-conflict.

[11] “Local army commander to be questioned over Kachin teachers’ murder,” Mizzima, May 21, 2016, http://mizzima.com/news-domestic/local-army-commander-be-questioned-over-kachin-teachers%E2%80%99-murder (accessed August 5, 2016). See also, Ye Mon, “Human rights commission urges action in investigation of Kachin teachers’ murder,” Myanmar Times, July 27, 2016, http://www.mmtimes.com/index.php/national-news/21585-human-rights-commission-urges-action-in-investigation-of-kachin-teachers-murder.html (accessed August 5, 2016).

[12] Report of the Secretary-General on conflict-related sexual violence, U.N. Doc. S/2016/361, April 20, 2016, http://www.un.org/ga/search/view_doc.asp?symbol=S/2016/361 (accessed August 5, 2016).

[13] သမ္မတဦးထင်ကျော်ထံသို့ HRW မှပေးစာ၊ “Human Rights Priorities for the New Government,” May 4, 2016,  https://www.hrw.org/news/2016/05/04/hrw-letter-president-u-htin-kyaw.

[14] United Nations Population Fund (UNFPA), “‘Women and Girls First’: Donors visit to Northern Shan on Joint Mission,” May 27, 2016, http://myanmar.unfpa.org/news/%E2%80%9Cwomen-and-girls-first%E2%80%9D-donors-visit-northern-shan-joint-mission (accessed August 5, 2016).

[15] Fiona MacGregor and Thu Thu Aung, “Women guardians protect deserted villages in northern Shan State,” Myanmar Times, April 6, 2016, http://www.mmtimes.com/index.php/in-depth/19852-women-guardians-protect-deserted-villages-in-northern-shan-state.html (accessed August 5, 2016).

[16] “လက်ဖက်ရည်သောက်ချိန် ချဉ်းကပ်ဆွေးနွေးခြင်း” ဆိုသည်မှာ မြန်မာနိုင်ငံမှတက်ကြွလှုပ်ရှားသူများက HRW နှင့်တွေ့ဆုံစဉ် ၎င်းတို့ အတွေ့အကြုံဖြစ်သည့် အမျိုးသမီးများ၏အဆင့်လျှောကျမှုကိုဖော်ပြရန်သုံးသည့်စကားဖြစ်သည်။ ပင်မဆွေးနွေးခန်းများ၏အပြင်ဘက် လက်ဖက်ရည်၊ ကော်ဖီသောက်ချိန်များတွင်သာ အမျိုးသမီးများက ၎င်းတို့အရေးကိုစဉ်းစားဖို့တိုက်တွန်းရခြင်းဖြစ်သည်။ အမျိုးသမီးစစ်သားများနှင့်ပတ်သက်ပြီး Michelle Barsa, Olivia Holt-Ivry, and Allison Muehlenbeck, Inclusive Security, “Inclusive Ceasefires: Women, gender, and a sustainable end to violence,” undated, https://www.inclusivesecurity.org/wp-content/uploads/2016/03/Inclusive-Ceasefires-ISA-paper-Final-3.10.2016.pdf (accessed August 5, 2016) တွင် ကြည့်ပါ။

[17] Human Rights Watch interview with MP Ms. Ja Seng Hkawn, Myitkinya, Kachin State, May 16, 2016.

[18] See Jenny Hedström, “Myanmar” in Women in Conflict and Peace, International Institute for Democracy and Electoral Assistance, 2015, http://www.idea.int/publications/women-in-conflict-and-peace/upload/Women-in-Conflict-and-Peace-myanmar.pdf (accessed August 5, 2016). Hedström က “အမျိုးသမီးများ၏အတွေ့အကြုံများနှင့် အသိဗဟုသုတများကို အများနှင့်ဆိုင်သည့်လုပ်ငန်းစဉ်များမှ ဖယ်ထုတ်ထားခြင်း ကြောင့် ကချင်အမျိုးသမီးများမှာ ၎င်းတို့အရေးကိစ္စများနှင့် လိုအပ်ချက်များကို ဖွင့်ဆိုသတ်မှတ်ခွင့်နှင့် ကိုင်တွယ်ဖြေရှင်းခွင့် ဆုံးရှုံးရသည်။ D’Costa (2006: 131) ၏ အဆိုအရ ၎င်းသည် ထိန်းကျောင်းခြင်းမဟုတ်ဘဲ လွှမ်းမိုးကြီးစိုးသည့်အုပ်စုများက အေဂျင်စီနှင့် လူမျိုးရေးဘာသာရေးလူနည်းစုအုပ်စုများမှ အမျိုးသမီးများ၏အသံကို ထိန်းချုပ်ခြင်းဖြင့် မိမိဖြစ်လိုသည်ကိုပုံဖော်ရန် ရည်ရွယ်ချက်ရှိရှိကြိုးပမ်းခြင်းဖြစ်သည်” ဟုလည်း ရေးသားသည်။ Ibid.

[19] Jenny Hedström, “Myanmar” in Women in Conflict and Peace, International Institute for Democracy and Electoral Assistance, 2015, http://www.idea.int/publications/women-in-conflict-and-peace/upload/Women-in-Conflict-and-Peace-myanmar.pdf (accessed August 5, 2016).

[20] Kate Hodal, “Burmese army recruits female soldiers as it struggles to tackle rebel groups,” The Guardian, October 16, 2013, https://www.theguardian.com/world/2013/oct/16/burmese-army-recruits-female-soliders-rebels (accessed August 5, 2016).

[21] Kyaw Thu and Myo Thant Khine, “Myanmar Military’s First Women Representatives Join Parliament,” Radio Free Asia, January 14, 2014, http://www.rfa.org/english/news/myanmar/women-01142014143827.html (accessed August 5, 2016).

[22] Cherry Thein, “Anger as women kept ‘in the kitchen’ during peace process”, Myanmar Times, September 23, 2015, http://www.mmtimes.com/index.php/national-news/16630-anger-as-women-kept-in-the-kitchen-during-peace-process.html (accessed August 5, 2016).

[23] Human Rights Watch interview with Women’s Initiatives Network for Peace: WIN-Peace, Rangoon, May 18, 2016.

[24] Human Rights Watch meeting with female MP Ms. Ja Seng Hkawn, Myitkinya, Kachin State, May 16, 2016.

[25] Mercy Corps, “Building a Robust Civilian Ceasefire Monitoring Mechanism in Myanmar: Challenges, Successes and Lessons Learned,” Working Paper, May 2016, http://reliefweb.int/sites/reliefweb.int/files/resources/Working_Paper_Building_a_Robust_Civilian_Ceasefire_Monitoring_Mercy_Corps_May2016.pdf (accessed August 5, 2016).

[26]  International Crisis Group, “Myanmar’s Peace Process: A Nationwide Ceasefire Remains Elusive,” Crisis Group Asia Briefing N°146, Yangon/Brussels, September 16, 2015, http://www.crisisgroup.org/~/media/Files/asia/south-east-asia/burma-myanmar/b146-myanmar-s-peace-process-a-nationwide-ceasefire-remains-elusive.pdf (accessed August 5, 2016). Ye Mon, “KIO accuses Tatmadaw of trying to force a ceasefire,” Myanmar Times, October 2, 2015, http://www.mmtimes.com/index.php/national-news/16791-kio-accuses-tatmadaw-of-trying-to-force-a-ceasefire.html  (accessed August 5, 2016).

[27] Alliance for Gender Inclusion in the Peace Process (AGIPP), “Women, Peace and Security Policymaking in Myanmar,” December 2015, http://agipp.org/sites/agipp.org/files/agipp_policy_brief_1_eng.pdf (accessed August 5, 2016).

[28] “National Reconciliation and Peace Center Formed,” Republic of the Union of Myanmar, President’s Office, Order No.50/2016, July 11, 2016, hereinafter “President’s Office Order No. 5/2016,” http://www.president-office.gov.mm/en/?q=briefing-room/orders/2016/07/12/id-6529 (accessed August 5, 2016).

[29] Human Rights Watch interview with female MP Ms. Ja Seng Hkawn, Myitkinya, Kachin State, May 16, 2016.

[30] Human Rights Watch interview with Soe Soe New, Women’s League of Burma, Rangoon, May 18, 2016.

[31] Human Rights Watch group interview with Kachin Independence Organization Technical Assistance Team, Myitkyina, Kachin State, May 16, 2016.

[32] Gender Equality Network and Global Justice Center, “Shadow Report on Myanmar for the 64th Session of the Committee on the Elimination of Discrimination Against Women,” July 2016, http://globaljusticecenter.net/documents/CEDAWFactSheetJuly2016.pdf (accessed August 5, 2016). See also, Alliance for Gender Inclusion in the Peace Process (AGIPP), “Women, Peace and Security Policymaking in Myanmar” and President’s Office Order No. 5/2016.

[33] Nyein Nyein, “Calls for More Women in Peace Process on European Study Tour,” The Irrawaddy, May 2, 2016, http://www.irrawaddy.com/burma/calls-for-more-women-in-peace-process-on-european-study-tour.html (accessed August 5,  2016).

[34] See the United Kingdom international development funding, https://www.gov.uk/international-development-funding/myanmar-peace-support-fund (accessed August 5, 2016). Peacebuilding Support Fund ၏ ရန်ပုံငွေပေးခြင်းဆိုင်ရာ မဖြစ်မနေလိုက်နာရမည့်အချက်များတွင် “အချက် (၅) - အမျိုးသမီးများ၏ ကောင်းကျိုးစီးပွားများပါဝင်ရမည်။ စီမံကိန်းသည် အမျိုးသမီးများ၏ လိုအပ်ချက်နှင့်လိုလားချက်များကို ထည့်သွင်းစဉ်းစားဖြေရှင်းပေးရ မည်။ ဥပမာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သို့မဟုတ် လူမျိုးစုပဋိပက္ခများလျှော့ချရေးစီမံကိန်းများတွင် အမျိုးသမီးပါဝင်မှုအားကောင်းလာအောင် လုပ်ပေးခြင်း၊ သို့မဟုတ် ပဋိပက္ခဒဏ်ကိုခံစားခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အမှန်တကယ်ဘေးကင်းရေးနှင့် အန္တရာယ်ရှိသည်ဟုယူဆရသည့်အရာများမှ ဘေးကင်းရေးတို့ကိုတိုးမြှင့်ခြင်း (အထူးသဖြင့် ပြည်တွင်းစစ်ပြေးစစ်ရှောင်များ၊ ဒုက္ခသည်များနှင့် အပစ်ရပ်ဒေသများမှလူများ)။” See “Peace Support Fund Criteria” www.peacesupportfund.org (accessed July 26, 2016).

[35] Human Rights Watch meeting with Kachin Women’s Association – Thailand (KWAT), Myitkyina, Kachin State, May 16, 2016.

[36] Human Rights Watch group interview with Kachin Independence Organization Technical Assistance Team, Myitkyina, Kachin State, May 16, 2016.

[37] Human Rights Watch interview with Soe Soe New, Women’s League of Burma, Rangoon, May 18, 2016.

[38] Fiona Macgregor, “Woman MPs up, but hluttaw still 90% male,” Myanmar Times, December, 1, 2015, http://www.mmtimes.com/index.php/national-news/17910-woman-mps-up-but-hluttaw-still-90-male.html (accessed August 5, 2016).

[39] Committee on the Elimination of Discrimination against Women, Forty-second session 20 October to 7 November 2008 Concluding observations of the Committee on the Elimination of Discrimination against Women, CEDAW/C/MMR/CO/3, 7 November 2008, http://www.burmalibrary.org/docs5/CEDAW-C-MMR-CO-3.pdf (accessed August 5, 2016); Women’s League Of Burma, “Shadow Report On Burma For The 64th Session Of The Committee On The Elimination Of Discrimination Against Women”, July 2016 http://tbinternet.ohchr.org/Treaties/CEDAW/Shared%20Documents/MMR/INT_CEDAW_NGO_MMR_24233_E.pdf (accessed  August 5, 2016).

[40] ထိုကြေညာချက်ကို ၂၀၁၄ ခုနှစ်အတွင်း လန်ဒန်မြို့၌ကျင်းပသည့် ထိပ်သီးစည်းဝေးပွဲတွင် ထုတ်ပြန်သည်။ ကြေညာချက်တွင် ပါဝင်လက်မှတ် ရေးထိုးကြသည့် အစိုးရများအနေဖြင့် “၎င်းမှုခင်းများဆိုင်ရာ အသိပညာပေးများပိုမိုတိုးမြှင့်ရန်၊ ရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်မှုများကို စိန်ခေါ်ရန်နှင့် ကျူးလွန်သူများကို အပြစ်ဒဏ်ပေးနိုင်ရန်၊ ထိခိုက်နစ်နာသူများအတွက် ပိုမိုထောက်ပံ့ပေးရန်၊ ပဋိပက္ခကာလအတွင်း လိင်အကြမ်းဖက်မှုများကို ကြိုတင်တားဆီးပြီး ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည် တည်ဆောက်ပေးမည့် ပြည်တွင်းပြည်ပကြိုးပမ်းမှုများကို အားပေးကူညီရန်” ကတိကဝတ်ပြုခဲ့ကြသည်။ “A Declaration of Commitment To End Sexual Violence In Conflict,” undated, https://www.gov.uk/government/uploads/system/uploads/attachment_data/file/274724/A_DECLARATION_OF_COMMITMENT_TO_END_SEXUAL_VIOLENCE_IN_CONFLICT.pdf (accessed August 5, 2016).

[41] Report of the Special Rapporteur on the situation of human rights in Myanmar, A/HRC/31/71, para. 40, March 18, 2016, http://www.ohchr.org/EN/HRBodies/HRC/RegularSessions/Session31/Pages/ListReports.aspx (accessed August 5, 2016). See also, Women’s League of Burma, "‘If they had hope, they would speak’ - The ongoing use of state-sponsored sexual violence in Burma's ethnic communities.”

[42] Report of the Secretary-General on conflict-related sexual violence, U.N. Doc.  S/2015/203, March 23, 2015, http://www.un.org/en/ga/search/view_doc.asp?symbol=S/2015/203 (accessed August 5, 2016).

[43] ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ မုဒိမ်းမှုသည် ရာဇဝတ်မှုဖြစ်ပြီး အနိမ့်ဆုံးနှင့်အမြင့်ဆုံးပြစ်ဒဏ်များကို ဖော်ပြထားသည်။ သို့သော် မုဒိမ်းမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ကိုမပေးဘဲ အမြဲလိုလိုလျှော့ချပေးသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ For further analysis see, “Rape victims struggle to find justice in Myanmar,” Myanmar Now, February 2, 2016, http://www.myanmar-now.org/news/i/?id=aa0320cc-cb14-4750-ad79-25d085739969 (accessed August 5, 2016).

[44] Report of the Secretary-General on conflict-related sexual violence, S/2016/361, April 20, 2016, http://www.un.org/ga/search/view_doc.asp?symbol=S/2016/361 (accessed August 5, 2016).

[45] မြန်မာနိုင်ငံ၏လက်ရှိမုဒိမ်းမှုအပေါ်ဖွင့်ဆိုချက်သည် ဖြစ်စဉ်အနည်းငယ်မျှနှင့်သာသက်ဆိုင်ပြီး လိင်အင်္ဂါအတွင်းသွင်းဝင်ခြင်းနှင့်ဆိုင်သည့် ဖွင့်ဆိုချက်မှာလည်း မရှင်းလင်းပေ။ ကျားမရေးရာညီမျှမှုကွန်ရက်၏အဆိုအရ “ရာဇသတ်ကြီးပါ မုဒိမ်းမှုဆိုင်ရာဖွင့်ဆိုချက်တွင် ကာမစပ်ယှက်မှုအပေါ် အစဉ်အလာ ဖွင့်ဆိုမှုမျှသာမကဘဲ အလိုမတူသော လိင်အကြမ်းဖက်မှုမျိုးစုံကိုပါထည့်သွင်းနိုင်ပါက ပိုမိုကောင်းမွန်လိမ့်မည်”ဖြစ်သည်။ See Gender Equality Network, “Myanmar Laws And CEDAW: The Case for Anti‐Violence Against Women Laws,” Briefing paper, January 2013, http://www.genmyanmar.org/publications/Myanmar%20Law%20and%20CEDAW%20Book%20(English%20).pdf (accessed August 5, 2016).

[46] “Burma Launches National Plan to Empower Women,” The Irrawaddy, October 7, 2013, http://www.irrawaddy.com/burma/burma-launches-national-plan-empower-women.html (accessed August 5, 2016).

[47] ၎င်းအပြင် ၎င်းနှင့်အတူထိုအချိန်ကပြဋ္ဌာန်းခဲ့သည့်ဥပဒေများသည် မွတ်စလင်များနှင့်အမျိုးသမီးများ အပေါ်ပစ်မှတ်ထားပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ကုလသမဂ္ဂအထူးလုပ်ငန်းစဉ်အဖွဲ့၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ “Burma: Discriminatory Laws Could Stoke Communal Tensions,” Human Rights Watch news release, August 23, 2015, https://www.hrw.org/news/2015/08/23/burma-discriminatory-laws-could-stoke-communal-tensions.  See also, “Burma: Reject Discriminatory Marriage Bill - Imperils Right to Marry Freely, Fuels Anti-Muslim Groups,” Human Rights Watch release, July 9, 2015, https://www.hrw.org/news/2015/07/09/burma-reject-discriminatory-marriage-bill