Skip to main content

ရိုင်းစိုင်းကြမ်းကြုတ်သည့် တပ်ဖွဲ့များအတွင်းက ဂျပန်သင်တန်းဆင်း မြန်မာအရာရှိ

ရက်စက်ကြမ်းကြုတ်မှုများ အဆုံးသတ်နိုင်ဖို့ တိုကျိုအနေဖြင့် စစ်ဘက်ဆက်နွယ်မှုများကို ဖြတ်တောက်ပြီး စစ်ကောင်စီအား ဖိအားပေးသင့်

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂ ) ရက်နေ့- ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်ပြုလုပ်သည့် "ဆင်ဖြူရှင်" ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပထမနေ့၊ မြန်မာ့လေတပ်မှ စစ်ရဟတ်ယာဥ်တစ်စင်း လေ့ကျင့်ရေးပစ်မှတ်အား ပစ်ခတ်နေပုံ © 2018 Lynn Bo Bo/Pool via AP

(တိုကျို၊ မေ ၂၃၊ ၂၀၂၂) - ဂျပန်နိုင်ငံတွင် စစ်သင်တန်းရရှိခဲ့သည့် မြန်မာ့လေတပ် ဒုတိယဗိုလ်မှူးကြီး တစ်ဦးအား မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်း ကြီးလေးသော ချိုးဖောက်မှုများ တွင် ပါဝင်ကျူးလွန်ထားသည့် တပ်ဖွဲ့များနှင့် တာဝန်ထမ်းဆောင်စေသည်ကို တွေ့ရသည်ဟု Human Rights Watch နှင့် Justice For Myanmar တို့က ယနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်တပ်အရာရှိများအား စစ်သင်တန်းပေးသည့် အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းသင့်ပြီး သင်တန်းအစီအစဉ်တွင် ပါဝင်ခဲ့သည့် အခြားသောသင်တန်းသားများသည်လည်း နိုင်ငံတကာစစ်ပွဲများဥပဒေကို ချိုးဖောက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ခြင်း ရှိမရှိကို စုံစမ်း စစ်ဆေးသင့်သည်။

All Japan Defense Association နှင့် ကာကွယ်ရေးဝန်ကြီးဌာန မှတ်တမ်းတို့မှ သိရှိရသည့် အချက်အလက်များအရ မြန်မာ့လေတပ်၏ ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုးသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ မှ ၂၀၁၇ ခုနှစ်၊ မတ်လ အထိ ဂျပန်နိုင်ငံ၏ လေတပ်ဌာနချုပ်နှင့် စစ်ဦးစီးကောလိပ်တို့တွင် သင်တန်းတက် ရောက်ခဲ့သည်။ မီဒီယာသတင်းတစ်ပုဒ်တွင် လွှမ်းမိုးသည် ဒုတိယလေတပ်စခန်းဌာနချုပ်မှူးဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ၎င်းသည် မကွေးလေတပ်စခန်းဌာနချုပ်တွင် တာဝန်ထမ်းဆောင်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်နှစ်ရပ်က ဆိုပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်း ထိတွေ့တိုက်ပွဲများနှင့် လေကြောင်းတိုက်ပွဲများ အပါအဝင် ပြင်းထန်သော တိုက်ပွဲများကြောင့် အရပ်သားပြည်သူ ၅၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မြန်မာစစ်တပ် သည် မကွေးတိုင်းဒေသကြီးအတွင်း တရားလက်လွတ်လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အကျဉ်းရုံး စီရင်ကွပ်မျက်မှုများ၊ မီးရှို့သတ်ဖြတ်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

“ဂျပန်နိုင်ငံအဖို့ မြန်မာစစ်တပ်က ရှည်လျားတဲ့သမိုင်းကြောင်းတလျောက် စစ်ရာဇဝတ်မှုတွေကို အရေးယူမခံရပဲ ကျူးလွန်နေကြောင်း လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိနေပြီး ဖြစ်ပါ တယ်။ သူတို့ရဲ့ စစ်သင်တန်းအစီအစဉ်မှာ ဒီအကြမ်းဖက်မြန်မာစစ်တပ်ကို ထည့်ထားတာဟာ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ဂျပန်နိုင်ငံကို ကြံရာပါ ပတ်သက်စေတဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်” ဟု Human Rights Watch အဖွဲ့၏ အာရှ အစီအစဉ်အရာရှိဖြစ်သူ Teppei Kasai က ဆိုပါသည်။ ၎င်းက ဆက်လက်၍ “ဂျပန်အစိုးရအနေနဲ့ သူတို့ရဲ့ သင်တန်းအစီအစဉ်တွေက မြန်မာစစ်တပ်ရဲ့ ရိုင်းစိုင်းတဲ့ဓလေ့စရိုက်ကို ပြောင်းလဲနိုင်လိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ်မရှိ တောင့်တနေတဲ့ အတွေးတွေကို စွန့်လွှတ်သင့်ပါပြီ” ဟု ပြောကြားခဲ့သည်။

မြန်မာသတင်းမီဒီယာအုပ်စုဖြစ်သော ခေတ်သစ်မီဒီယာက ၄င်းထံသို့ လျှို့ဝှက်ပေါက် ကြားခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သော မြန်မာ့လေတပ် တပ်ဖွဲ့ဝင်များ၏ အမည်စာရင်း ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းတွင် လွှမ်းမိုး၏ အမည်၊ ရာထူးအဆင့်အတန်း၊ တာဝန်နှင့် ကိုယ်ပိုင်အမှတ် ၂၃၂၁ စသည့် ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်တွေ့ရှိရသည်။ မြန်မာစစ်တပ် တာဝန်ရှိသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ရပ်က လွှမ်းမိုး၏ ဓါတ်ပုံအား စစ်ဆေးကြည့်ရှုပြီး ၎င်း၏ အမည်၊ ကိုယ်ပိုင်နံပါတ်နှင့် ရာထူးအဆင့်အတန်း တို့ကို အတည်ပြုပေးခဲ့သည်။

၂၀၁၅ ခုနှစ်မှစ၍ ဂျပန်အစိုးရသည် မြန်မာနိုင်ငံမှ ဗိုလ်လောင်းများနှင့် အရာရှိများအား မိမိကိုယ်ကို ကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာဥပဒေအရ လက်ခံခဲ့သည်။ ယင်းဥပဒေသည် ကာကွယ်ရေးဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနကျောင်းများတွင် နိုင်ငံခြားတိုင်းပြည်များမှ သင်တန်းသားများ အား သင်တန်းပေးခြင်းနှင့် ပညာသင်ကြားခြင်းကို ခွင့်ပြုထားသည်။ အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၁ ခုနှစ် အတွင်း ဂျပန်နိုင်ငံက ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦးကို လက်ခံခဲ့ သည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံက ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦး အား သင်တန်းပေးရန် ထပ်မံ လက်ခံခဲ့ပြန်သည်။

၎င်းတို့၏ သင်တန်းအစီအစဉ်သည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများတွင် ဂျပန်နိုင်ငံအား ကြံရာပါပတ်သက်စေသည့် အန္တရာယ်ကို ဖြစ်စေခြင်းကြောင့် သင်တန်းအစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်း ရန် ဂျပန်အစိုးရအား Human Rights Watch အဖွဲ့က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက တောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုမှုနှင့် ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ၎င်းတို့အနေဖြင့်

ဂျပန်နိုင်ငံတွင် လေ့ကျင့်သင်ကြားခဲ့သည့် ဗိုလ်လောင်းများနှင့် အရာရှိများ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီးနောက် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ မည်သည့်သတင်း အချက်အလက်မှ မရရှိခဲ့ကြောင်း တုန့်ပြန်ဖြေကြားခဲ့သည်။

သို့ရာတွင် ဧပြီလ ၂၆ ရက်နေ့က လုံခြုံရေးဆိုင်ရာ ပါလီမန်ကော်မတီ အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနတွင် လေ့ကျင့်သင်ကြားခဲ့သည့် မြန်မာ စစ်တပ်ဗိုလ်လောင်းများနှင့် အရာရှိများ လက်ရှိတွင် မည်သည့်ရာထူး တာဝန်များရယူထားကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာနက အတိုင်းအတာတစ်ခုအထိ သိရှိကြောင်း ပြောကြားခဲ့သော်လည်း “အခြားနိုင်ငံများနှင့် ဂျပန်နိုင်ငံ၏ ဆက်ဆံရေးကြောင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော် ပြောကြားရန်ကိုမူ ငြင်းဆိုခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ကာလရှည်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ရပ်များနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်တွင် တာဝန်ရှိပေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း၊ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများဟု ဆိုနိုင်မည့် လူအစုအပြုံလိုက်သတ်ဖြတ်ခြင်းများ၊ ညှဉ်းပမ်းနှိပ်စက်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများနှင့် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ပြီး အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ဆိုးရွားသည့် ပြစ်မှုများကို ကျူးလွန်လုပ်ဆောင် ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မှတ်တမ်းများတွင် လုံခြုံရေးတပ်ဖွဲ့များက ကလေးသူငယ် ၁၃၀ အပါအဝင် အရပ်သားပြည်သူ ၁,၈၀၀ ကျော်အား သတ်ဖြတ်ထားခဲ့ပြီး ပြည်သူ ၁၃,၀၀၀ ကျော်အား တရားဥပဒေမဲ့ ဖမ်းဆီးခဲ့ကြောင်းဖော်ပြထားသည်။ အကြမ်းဖက်မြန်မာစစ်တပ်က လူနည်းစုလူမျိုးစုဒေသများနှင့် စစ်ကောင်စီအားဆန့်ကျင်သည့် လူမျိုးစု လက်နက်ကိုင်အဖွဲ့များအပေါ် ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးများကို တိုးချဲ့ပြုလုပ်ခြင်းကြောင့် အရပ်သားပြည်သူ ၅၅၀,၀၀၀ ကျော် ထွက်ပြေးရွှေ့ပြောင်းနေကြရသည်။ ထို လူနည်းစုလူမျိုးစုဒေသ ထွက်ပြေးတိမ်းရှောင်ရသည့် အရပ်သားပြည်သူများကို စစ်ကောင်စီအားဆန့်ကျင်သည့် လူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် တပေါင်းတည်း အစုလိုက်အပြုံလိုက် ပြစ်ဒဏ်ပေးသည့်နေဖြင့် အကူအညီ လိုအပ်နေသည့် အရပ်သားပြည်သူများထံ ကူညီထောက်ပံ့မှုများ‌မရနိုင်အောင် ရည်ရွယ်ချက်ရှိရှိ တားဆီးပိတ်ဆို့လျက်ရှိသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်မှုများ အပါအဝင် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ တရားလက်လွတ်တိုက်ခိုက်မှုများ ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ ရွှေ့ပြောင်း တိမ်းရှောင်ရသူများ နှင့် ထောက်ပံ့ကူညီရေးလုပ်သားများက စစ်ကောင်စီသည် ၎င်းတို့ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် ဖြတ် ၄ ဖြတ် မဟာဗျူဟာကို ဆက်လုပ်အသုံးပြုနေကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ ဖြတ် ၄ ဖြတ်တွင် စစ်တပ်တပ်ဖွဲ့များက နယ်မြေတစ်ခုအား ထိန်းချုပ်နိုင်ရန် အကြမ်းဖက်နည်းလမ်းဖြင့် နယ်မြေရှိ အရပ်သားပြည်သူများကို ပြင်ပနယ်မြေများနှင့် ဘက်ပေါင်းစုံ အဆက်အသွယ် ဖြတ်တောက် ထားပြီး ကြောက်ရွံ့တုန်လှုပ်ခြောက်ခြားအောင် လုပ်ဆောင်သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်က ၎င်း၏ မြန်မာစစ်တပ်သို့ အစိုးရများ၏ စစ်လက်နက်ရောင်းချမှုများအကြောင်း ဖေဖော်ဝါရီအစီရင်ခံစာတွင် ဂျတ်လေယာဉ်များ၊ တိုက်ခိုက်ရေးဟယ်လီကော်ပတာများ၊ သံချပ်ကာကားများ၊ အပေါ့စားနှင့် အကြီးစား အမြောက် မော်တာများ၊ ဒုံးကျည်များနှင့် ဒုံးပျံလက်နက်များကို အရပ်သားပြည်သူများအား တိုက်ခိုက်ရန် အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ဂျပန်အစိုးရက ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ကျင့်သုံးရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံအစိုးရအရာရှိများအား ပြန်လည်လွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက “လက်နက်မဲ့ အရပ်သားပြည်သူများအပေါ်” စစ်တပ်၏ တိုက်ခိုက်မှုများအား ဝေဖန်ပြစ်တင်ထားသည့် ပူးတွဲထုတ် ပြန်ချက်တစ်စောင်ကို အခြားသော ၁၁ နိုင်ငံနှင့်အတူ ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ဂျပန်အစိုးရက လက်ရှိဆောင်ရွက်ဆဲ အကူအညီ ထောက်ပံ့ရေး စီမံကိန်းများကို ဆက်လက်ခွင့်ပြုခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုနှင့် မသက်ဆိုင်သည့် ဖွံ့ဖြိုးရေးအကူအညီ (ODA) စီမံကိန်းအသစ် များကို ရပ်ဆိုင်းထားခဲ့သည်။ ဂျပန်လွှတ်တော်က စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုံ့ချပြီး ဒီမိုကရေစီ နိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ကျင့်သုံးရေးကို တောင်းဆိုခဲ့သည့် ပြဌာန်းချက်တစ်ရပ်ကို ဇွန်လတွင် အတည်ပြုခဲ့သည်။

“မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို သိလျက်နဲ့ မြန်မာ စစ်တပ်ရဲ့ဗိုလ်လောင်းတွေကို ဆက်ပြီး လေ့ကျင့်ပေးနေတာကို ဂျပန်နိုင်ငံအနေနဲ့ ဆင်ခြေဆင်လက်

တွေပေးပြီး ကာကွယ်ပြောဆိုနေတာက လုံးဝလက်ခံနိုင်စရာမရှိပါဘူး” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားပါသည်။ ၎င်းက ဆက်လက်၍ “ဂျပန်ရဲ့ ဗိုလ်လောင်း သင်တန်းအစီအစဉ်က စစ်ကောင်စီကို ပိုပြီး အတင့်ရဲစေပါတယ်၊ မြန်မာပြည်သူတွေအပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုမယ့် စစ်တပ်က တာဝန်ခံတွေကို ပံ့ပိုးကူညီနေတာပါ။ အဲ့ဒီစစ်သင်တန်းတွေကို ချက်ချင်းရပ်တန့်ဖို့၊ မြန်မာစစ်တပ်နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ စီးပွားရေးလုပ်ကိုင်တာတွေ အဆုံးသတ်ဖို့ အပါအဝင် မြန်မာစစ်တပ်က ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတာကိုရပ်တန့်ဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ ဂျပန်အစိုးရကို ကျွန်မတို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Topic

Most Viewed