Skip to main content

မြန်မာ - စစ်အာဏာသိမ်းခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးကို ပျက်သုန်းစေသည်

စစ်အစိုးရ၏ညှင်းပန်းနှိပ်စက်မှု လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ရာရောက်

“ဖဲကြိုးနီလှုပ်ရှားမှု”တွင် ဆန္ဒပြနေကြသော မန္တလေးမြို့မှ ဆေးဝန်ထမ်းများ (၂၀၂၁၊ ဖေဖော်ဝါရီလ ၃ ရက်)   © ကျော်ဇောဟိန်း/SOPA Images/Sipa USA via AP Images

(နယူးယောက်၊ ဇန်နဝါရီ ၁၃၊ ၂၀၂၁) - ၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာပြည်တွင် စစ်အာဏာသိမ်းလိုက်ခြင်းဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖြုတ်ချလိုက်ပြီး နိုင်ငံတဝှမ်းတွင်လည်း တဖြည်းဖြည်း ပိုဆိုးရွားလာသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ၂၀၂၂ ကမ္ဘာ့အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဉီးဆောင်သော လုံခြုံရေးတပ်ဖွဲ့များသည် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကို မြန်မာပြည်နေရာအနှံ့အပြားတွင် အပြင်းအထန် ကျူးလွန်နေကြသည်။

“နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်လာတဲ့ မြန်မာစစ်တပ်ဟာ ရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရကို ဖျက်သိမ်းလိုက်ပြီး အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်ရာရောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး တိုင်းရင်းသားဒေသတွေမှာလည်း စစ်ပွဲတွေ ပြန်စနေတယ်”ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှဒါရိုက်တာ ဘရက်အဒမ်စ်က ပြောကြားသည်။ “စိုးရိမ်ပူပန်တဲ့ အစိုးရတွေအနေနဲ့ အမည်တပ်ဒဏ်ခတ်ခြင်းတွေ၊ လက်နက်တင်ပို့မှု ပိတ်ပစ်တာတွေအပြင် စစ်အစိုးရဝင်ငွေ ရပေါက်တွေကို ပိတ်ဆို့ပြီး မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာကို တုန့်ပြန်သင့်တယ်။”

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ စာမျက်နှာပေါင်း xxx ပါသော ၂၀၂၂ ကမ္ဘာ့အစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၀၀ ကျော်နီးပါးရှိ လူ့အခွင့်အရေးအခြေအနေများကို လေ့လာသုံးသပ်ခဲ့သည်။ ကမ္ဘာ့အနှံ့အပြားတွင် အာဏာရှင်စနစ် ပျံ့ပွားလာသည်ဟူသော အများယူဆချက်ကို အမှုဆောင်ဒါရိုက်တာ ကဲနက်ရို့သ်က ချေပခဲ့သည်။ အဖမ်းဆီးခံရနိုင်ခြင်း၊ ပစ်သတ်ခံရနိုင်ခြင်းများကို မမှုသော အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ကမ္ဘာအနှံ့တွင် မကြာသေးခင်က ဖြစ်ပွားခဲ့ခြင်းမှာ ဒီမိုကရေစီစနစ်ကို လူထုက ပိုမိုလိုလားနေကြကြောင်း သက်သေ ဖြစ်သည်။ အာဏာရှင်များမှာ ရွေးကောက်ပွဲများကို သူတို့ထင်သလို မခြယ်လှယ်နိုင်တော့ပေ။ သို့ရာတွင် ဒီမိုကရေစီခေါင်းဆောင်များက ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် ပိုမိုကြိုးစားရမည်ဖြစ်ပြီး ဒီမိုကရေစီက ကတိပေးထားသောရလဒ်များကို အမှန်တကယ်ရရှိစေရန် စွမ်းဆောင်ရမည်။

နိုင်ငံတဝှမ်းတွင် လူပေါင်းသန်းချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြ၍ အရပ်သားအစိုးရကို အာဏာပြန်ပေးရန် တောင်းဆိုခဲ့ကြပြီး ပါလီမန်အမတ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရကို တည်ထောင်ခဲ့ကြသည်။ လုံခြုံရေးတပ်များက လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ရာရောက်သော အမှုများဖြစ်သည့် သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ လွတ်လပ်ခွင့်ကို အပြင်းအထန်ကန့်သတ်ထားခြင်း၊ အဓမ္မဖမ်းဆီးဖျောက်ဖျက်ခြင်း၊ မုဒိန်းကျင့်ခြင်းအပါအဝင် အခြားလိင်ပိုင်းဆိုင်ရာစော်ကားခြင်းများနှင့် လူသားမဆန်သော ပြုမူခြင်းများ ကျူးလွန်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့အတွင်း စစ်တပ်နှင့် ရဲတို့မှ ဆန္ဒပြသူနှင့်ရပ်ကြည့်သူ အနည်းဆုံး ၁၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြပြီး ထိုအထဲမှ ၇၅ ယောက်ခန့်မှာ ကလေးငယ်များ ဖြစ်သည်။ အစိုးရအရာရှိများ၊ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် အရပ်ဖက်ဝန်ထမ်းများအပါအဝင် ၁၀၅၉၆ ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပထမဆုံးအဖမ်းဆီးခံရသူများထဲမှ တဉီးဖြစ်ပြီး လုပ်ကြံဖန်တီးထားသော ရာဇဝတ်မှုများဖြင့် အထိန်းသိမ်းခံရဆဲဖြစ်သည်။

အာဏာသိမ်းပြီးချိန်မှစ၍ လုံခြုံရေးတပ်များနှင့် စစ်အစိုးရကို သတင်းပေးသူများကို ပစ်မှတ်ထားရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို နိုင်ငံတဝှမ်းတွင် ထူထောင်လာကြသည်။ ပြည်သူ့စစ်တပ်ဖွဲ့အချို့မှာ အဆောက်အဉီးများနှင့် အများပိုင်နေရာများတွင် ဗုံးခွဲခြင်းများကဲ့သို့သော တရားမဝင်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။ စစ်တပ်ဘက်မှလည်း အရပ်သားများကို တိုက်ခိုက်ခြင်း၊ ကျေးရွာများနှင့် မြို့ပြရပ်ကွက်များကို ဖျက်ဆီးပစ်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။ တိုင်းရင်းသားနယ်မြေများ အထူးသဖြင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့သောကြောင့် လူပေါင်း ၃ သောင်းကျော် အိမ်ယာများစွန့်ခွာထွက်ပြေးခဲ့ကြရသည်။

၂၀၁၇ တွင် မြန်မာစစ်တပ်မှ စတင်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုစစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးပေါင်း ၆ သိန်းကျော်မှာလည်း ဒုက္ခသည်စခန်းများ၊ ရွာများတွင် အထိန်းသိမ်းခံနေရပြီး လူမျိုးရေးခွဲခြားခြင်း၊ ဖမ်းဆီးထောင်ချခြင်းစသော လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ရင်ဆိုင်နေရသည်။ သူတို့ကို လုံလောက်သော စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အရေးများလည်း မပေးပေ​။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူသားချင်းဆိုင်ရာစာနာထောက်ထားသောအကူအညီပေးမှုများကို ကန့်သတ်လိုက်ခြင်းကြောင့် ရိုဟင်ဂျာစခန်းများနှင့် ရွာများတွင် ကာကွယ်ကုသနိုင်သော ရောဂါများမှ သေဆုံးမှုများနှင့် အခြားရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာသည်။

ချင်း၊ ကချင်၊ ကရင်၊ ကယားနှင့် ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် ပိုမိုပြင်းထန်လာသည့် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများကြောင့် လူသားချင်းဆိုင်ရာစာနာထောက်ထားသော အကူအညီပေးမှုလုပ်ငန်းများ ပိုမိုခက်ခဲလာသည်။ နိုင်ငံအနှံ့အပြားတွင် စားနပ်ရိက္ခာခေါင်းပါးမှုများ ဖြစ်ပေါ်ခဲ့သည့်သတင်းများ ထွက်ပေါ်နေပြီး လူဉီးရေ ၆.၂ သန်းအထိ ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံရနိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းခဲ့သည်။

ကနေဒါ၊ ဉရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများက စစ်တပ်ထိပ်သီးခေါင်းဆောင်များ၊ စစ်အစိုးရအဖွဲ့ဝင်များ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးများနှင့် ကုမ္ပဏီကြီးများကို အမည်တပ်ဒဏ်ခတ်ခဲ့သည်။ သို့သော် စစ်အစိုးရ၏အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့မှရသော ဝင်ငွေများကို မည်သည့်အစိုးရကမှ မကန့်သတ်ခဲ့ပေ။

ဇွန်လတွင် ကုလသမဂ္ဂအထွေထွေညီလာခံက အာဏာသိမ်းမှုကို အပြင်းအထန်ရှုံ့ချကြောင်း ဆုံးဖြတ်ခဲ့သည်။ မြန်မာပြည်သို့ လက်နက်များဝင်ရောက်မှုကို တားမြစ်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းအား အကြံပြုချက်ကိုလည်း အထွေထွေညီလာခံက ထုတ်ပြန်ခဲ့သည်။ သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အထွေထွေညီလာခံ၏ အကြံပြုချက်ကို တရားဝင်ဆုံးဖြတ်ချက်အဖြစ် မပြဌာန်းနိုင်ခဲ့ပေ။

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed