Skip to main content

အနောက်အုပ်စုကမြန်မာနိုင်ငံကိုလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက်တာဝန်မခံစေနိုင်ခဲ့ပေမဲ့အာဖရိကနိုင်ငံငယ်လေးကဒီကိစ္စမှာဝင်ပါလာခဲ့ပြီ။

Published in: Newsweek
သြဂုတ်၂၅၊ ၂၀၁၉ ။ မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု (၂) နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အခမ်းအနား ကျင်းပရန် စုစည်းနေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ ယူခီယာ၊ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ © 2019 K M Asad/LightRocket via Getty Images

ထင်မြင်ချက်ဆောင်းပါး

သတိရှိပါ၊ မြန်မာပြည်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စ်လင်မ်တွေအပေါ်မှာ မြန်မာအစိုးရရဲ့ မရေမတွက်နိုင်အောင် ကျူးလွန်ထားတဲ့ ရက်စက်မှုတွေကနေ မြန်မာအစိုးရက ပြီးခဲ့တဲ့အပတ်ကအထိ လွတ်မြောက်နေဆဲပါပဲ။ စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုအနေနဲ့ကျူးလွန်ခဲ့တဲ့ မုဒိန်းမှု၊ လူသတ်မှုနဲ့ အခြားသော ရက်စက်မှုတွေကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတွေ၊ သတင်းတွေ၊ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိတဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ အခြားသောလူ့အခွင့်အရေး အဖွဲ့အစည်းတွေက အသေးစိတ် အစီရင်ခံတင်ပြခဲ့ကြပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို တာဝန်ယူခိုင်းဖို့ဆိုတာက ပိတ်ထားတဲ့တံခါးကို ခေါက်နေရသလိုပါပဲ။

ပြီးခဲ့တဲ့ အပတ်လေးရက်အတွင်းမှာပဲ တိုးတက်လာတဲ့အခြေအနေတွေက အဲ့ဒီတံခါးကို ချိုးဖျက်

လိုက်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဂမ်ဘီယာဆိုတဲ့ အနောက်အာဖရိကက နိုင်ငံငယ်လေး၊ ရက်စက်တဲ့ အာဏာရှင်လက်အောက်က မကြာသေးခင်ကမှ ရုန်းထလာတဲ့နိုင်ငံလေးက သတ္တိရှိစွာနဲ့ပဲ မြန်မာအစိုးရကို ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကြောင့် လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်တားဆီးရေးနှင့် ပြစ်ဒဏ်ချမှတ်ခြင်း သဘောတူညီချက်ဖောက်ဖျက်မှုနဲ့ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။ အဆိုပါ ရာဇဝတ်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိတဲ့ ဂမ်ဘီယာနိုင်ငံက ဒီရာဇဝတ်မှုကို ကမ္ဘာ့တရားရုံးမှာတရားစွဲဆိုဖို့အတွက် လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်ထားတဲ့အချက်ကို အားကိုးထားပါတယ်။ အခြားနိုင်ငံ တွေအနေနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တာဝန်ယူခိုင်းတဲ့ကိစ္စမှာ အားတက်သရော ထောက်ခံကြောင်းကို အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့အတူ ပြသသင့်ပါတယ်။

ရိုဟင်ဂျာတွေ ကျူးလွန်ခံခဲ့ရတဲ့ တသီးပုဂ္ဂလဆိုင်ရာ အရေးကြီးတဲ့ ရာဇဝတ်မှုတွေကို တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးဖို့ကလည်း ပိုမိုနီးကပ်လာပါပြီ။

အာဂျင်တီးနားနိုင်ငံမှာလည်း ရိုဟင်ဂျာနဲ့လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံက ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေနဲ့အရပ်ဖက်ခေါင်းဆောင်တွေကို ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တရားစွဲဆိုလိုက်ပါပြီ။ အဲ့ဒီအဖွဲ့အစည်းတွေက

ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာကဝင်ရောက်ကိုင်တွယ်နိုင်တဲ့ Principle Jurisdiction ဆိုတဲ့လမ်းကြောင်းကို အသုံးပြုပြီးတရားစွဲဆိုခဲ့တာပါ။

ယခုတော့ နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ စတင်စုံစမ်းပါတော့မယ်။ အဲ့ဒီအမှုကတော့ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို လူဦးရေ ၇ သိန်း ၄ သောင်းကျော် အတင်းအဓမ္မ မောင်းထုတ်ခြင်းဆိုတဲ့ ပြစ်မှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုပါ။ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ရှေ့နေတွေက သနားညှာတာမှုကင်းမဲ့တဲ့ စီမံကိန်းတွေရဲ့ နောက်ကွယ်က စီစဉ်သူတွေ အပါအဝင် အခြားတစ်ဦးတစ်ယောက်ချင်းစီက ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် သက်သေအချက်အလက်တွေ တရားဝင်စတင်ကောက်ယူခွင့်ရရှိပြီး အမှုတည်ဆောက်နိုင်ပြီ ဖြစ်ပါတယ်။

ဒီဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေက မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာနဲ့ အခြားသောတိုင်းရင်းသား လူနည်းစုတွေ အပေါ်မှာ ကျူးလွန်ခဲ့တဲ့ စံချိန်တင်ကျူးလွန်မှုတွေကို အရေးယူဖို့တုံ့ဆိုင်းနေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက် မှားယွင်းနေကြောင်းကိုလည်း ထောက်ပြလိုက်ခြင်းဖြစ် ပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စကို ပုံမှန်အတိုင်း ကိုင်တွယ်လိုခြင်းမရှိဘဲ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးသို့သာ လွှဲပြောင်းပေးလိုပါတယ်။ ဒီကိစ္စဟာ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်နေတာကတော့ မြန်မာနိုင်ငံက နိုင်ငံတကာတရားရုံးရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ပါပဲ။ နိုင်ငံတကာတရားရုံးရဲ့ လွှဲပြောင်းချက်က အရေးပါနေဆဲပါပဲ။ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ အရေးကြီးတဲ့ ရာဇဝတ်မှုတွေ အပါအဝင် တခြားကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့က တိုင်းရင်းသားလူနည်းစုတွေ အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပါ ကိုင်တွယ်နိုင်ဖို့ပါ။

မြန်မာနိုင်ငံကတော့ ဒီရာဇဝတ်မှုတွေ မလုပ်ခဲ့ပါဘူးလို့ ငြင်းဆိုထားပြီး ARSA-Arakan Rohingya Salvation Army ဆိုတဲ့ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်အုပ်စုက ကြီးမားတဲ့ ရာဇဝတ်မှုတွေ လုပ်ထားပါတယ်ဆိုတဲ့ သက်သေပြချက်မခိုင်လုံ၊ ယုတ္တိမတန်တဲ့ဇာတ်လမ်းကိုပဲ ပြောနေပါတယ်။

ကောင်းကင်က ရိုက်ယူထားတဲ့ ဂြိုလ်တုဓါတ်ပုံတွေက သက်သေပြနေတာကတော့ မြန်မာအစိုးရက ရိုဟင်ဂျာရွာပေါင်းများစွာကို ဘူဒိုဇာနဲ့ဖုံးပြီး တန်ဖိုးရှိတဲ့ သက်သေတွေ ဖျောက်ဖျက်ပစ်တယ် ဆိုတာပါပဲ။

တရားမျှတမှုကို ရှောင်ရှားလိုတဲ့ မြန်မာနိုင်ငံရဲ့ သဘောဆန္ဒကိုတော့ အမျိုးသားစုံစမ်းစစ်ဆေးရေး ကော်မရှင်ကနေသိနိုင်ပါတယ်။ ကော်မရှင်ဥက္ကဌက ”အပြစ်တင်တာတွေရှိမှာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ လက်ညှိုးထိုးမှာမဟုတ်ဘူး” လို့ပြောခဲ့ပါတယ်။ အဲ့ဒီကော်မရှင်အနေနဲ့လည်းတွေ့ရှိချက်တွေကို တင်သွင်းရမှာဖြစ်ပါတယ်။ အစိုးရက ဖွဲ့စည်းခဲ့တဲ့ပြီး မအောင်မြင်ခဲ့တဲ့ ယခင်ကော်မရှင် (၈) ခု နည်းတူ ဘာမှမတင်သွင်းဘဲ နေချင်လည်းနေပါလိမ့်မယ်။

ဒီလို စိတ်ပျက်စရာ အနေအထားမျိုးမှာ ဖြစ်ပေါ်လာတဲ့ ဥပဒေလမ်းကြောင်းဆိုင်ရာ တိုးတက်မှုတွေက

မြန်မာနိုင်ငံအနေနဲ့ ဒဏ်ခတ်မခံရဘဲ လွတ်မြောက်နေခြင်းကို တင်းပြည့်ကျပ်ပြည့် စိစစ်ပါလိမ့်မယ်။ တရားဥပဒေရဲ့ လည်နေတဲ့ ဘီးတွေက မြန်မာခေါင်းဆောင်တွေကို နောက်ထပ်ရာဇဝတ်မှုတွေ မကျူးလွန်မီ (၂) ကြိမ် စဉ်းစားစေပါလိမ့်မယ်။ ဒီလိုလုပ်ရပ်တွေက မြန်မာနိုင်ငံကို နိုင်ငံတကာရဲ့ အရေးယူမှုကနေ ကာကွယ်ပေးထားတဲ့ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေအတွက်လည်း ခေါ်သံတစ်ခုပဲ ဖြစ်ပါတယ်။ အပယ်ခံနိုင်ငံ ဖြစ်သွားတဲ့ မြန်မာနိုင်ငံရဲ့ ဇာတ်ကြောင်းကို ပိုမိုအားကောင်းလာစေပြီး မြန်မာအစိုးရရဲ့ ရက်စက်မှုတွေကို မျက်နှာလွှဲနေခဲ့ကြပြီး ဆက်လက် မျက်နှာလွှဲနေမယ့် နိုင်ငံတွေကို ပေးဆပ်ရမယ့် နိုင်ငံရေးကုန်ကျစရိတ်က မြန်မာနိုင်ငံအတွက် ပိုတက်လာပါပြီ။

နောက်ဆုံးအနေနဲ့တော့ ဒီရက်စက်တဲ့ ရာဇဝတ်မှုတွေက နေလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေအနေနဲ့ ကျူးလွန်ခံခဲ့ရခြင်းတွေအတွက် စစ်မှန်တဲ့ တာဝန်ခံမှုတစ်ခု တစ်နေ့တော့ဖြစ်လာရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ မေယုအလီရေးခဲ့သလိုပါပဲ။

“ငါတို့ဒဏ်ရာတွေကို စေ့စေ့ကြည့်ခဲ့ကြပြီ။ ငါတို့ဒုက္ခတွေကို အသိအမှတ်ပြုခဲ့ကြပြီ။ အမေ့ခံထားခဲ့ရတဲ့ ငါတို့ကံကြမ္မာကို အသိအမှတ်ပြုခဲ့ကြပြီ။”

 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed