Skip to main content
Donate Now

မြန်မာအကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်မားနေ

ဗိုင်းရပ်စ်ပိုး စိုးမိုးနေချိန်တွင် စစ်အစိုးရအကျဉ်းထောင်များထဲ အတိုက်အခံများဖြင့် ပြည့်ကျပ်နေ

(ဇွန်လ ၃၀၊ ၂၀၂၁) ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံရသူများ ပြန်လွတ်လာချိန်ကို အင်းစိန်ထောင်ရှေ့တွင် စောင့်မျှော်နေကြသော ဆွေမျိုးသားချင်းများ။ © 2021 Santosh Krl / SOPA Images/Sipa via AP Images

အကျဉ်းသားများအပါအဝင် အပယ်ခံလူတန်းစားများကြား ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံနေမှုကြောင့် မြန်မာပြည် ကိုဗစ်-၁၉ ပြဿနာမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေးအရ ဖမ်းဆီးခံရမှုများ မြင့်တက်လာသည်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းသော၊ လူဉီးရေ အဆမတန်များပြားနေသော၊ မသန့်ရှင်းသော မြန်မာအကျဉ်းထောင်များတွင် ဗိုင်းရပ်စ်ပိုးကူးစက်မှု မြင့်တက်လာနေသည်။ 

မြန်မာထောင်များအတွင်းတွင် ကိုဗစ်-၁၉ လူနာပေါင်း ၆၀၀ ကျော်ရှိသည်ဟု သိရသည်။ နိုင်ငံအနှံ့တွင် တနေ့လျှင် ကူးစက်ခံရသူပေါင်း ၄၀၀၀ နီးပါး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။ သို့သော် ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှု မလုံလောက်ခြင်းနှင့် အခြေအနေကို ထိန်းထားနိုင်သည်ဟု ဆိုသော စစ်အစိုးရထံမှ မည်သည့်သတင်းမှ မရရှိခြင်းတို့ကြောင့် အမှန်တကယ်ကူးစက်ခံရသူ အရေအတွက်မှာ ပိုမိုများပြားနိုင်သည်။

သြဂုတ်လ ၈ ရက်နေ့က ဒီမိုကရေအရေးလှုပ်ရှားသူတစ်ယောက် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးပြီး မန္တလေးမြို့ အိုးဘို ထောင်အတွင်း အကျဉ်းသားဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကြောင့် ဇွန်လ ၁၃ ရက်နေ့တွင် အထိန်းသိမ်းခံခဲ့ရသော ဒေါက်တာမောင်မောင်ငြိမ်းထွန်း (အသက် ၄၅) မှာ ကိုဗစ်ရောဂါလက္ခဏာများပြနေသော်လည်း စစ်တပ်စစ်ကြောရေးစခန်းတစ်ခုတွင် စစ်ဆေးမေးမြန်းပြီး ရဲစခန်းမှတဆင့် အိုဘိုထောင်သို့ အပို့ခံခဲ့ရသည်။ ထို့နောက် မန္တလေးဆေးရုံတွင် အသက်ဆုံးရှုံးခဲ့ရသည်။

အင်းစိန်ထောင်အတွင်း ပိုမိုဆိုးရွားလာသော ကိုဗစ် ၁၉ အခြေအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဉီးဉာဏ်ဝင်း (အသက် ၇၉) ကိုဗစ်-၁၉ ရောဂါဖြင့် အသက်ဆုံးရှုံးရခြင်းတို့ကြောင့် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ထောင်တွင်းဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ သြဂုတ်လ ၉ ရက်နေ့အထိ အင်းစိန်ထောင်အတွင်းတွင် အနည်းဆုံး အကျဉ်းသား ၁၂ ဉီး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့ကြသည်။

အင်းစိန်ထောင်အတွင်း အကျဉ်းသား ၉၀၀၀ ကျော် ရှိသည့်အနက် ၆၀၀ ခန့်သာ ကာကွယ်ဆေးထိုးပြီး ဖြစ်သည်ဟု ဒေသခံမီဒီယာများမှ ထုတ်ပြန်ခဲ့သည်။ ရောဂါပိုး လျင်မြန်စွာ ပျံ့နှံ့နေမှုကို ထိန်းချုပ်ရန် အင်းစိန်၊ တောင်ငူနှင့် မြောင်းမြထောင်တို့တွင် လော့ဒေါင်းချခဲ့သည်။ ရောဂါလက္ခဏာပြနေသော အကျဉ်းသားများကို သီးခြားခွဲထားခဲ့သော်လည်း တချို့ကိုသာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးခဲ့ပြီး လုံလောက်သော ဆေးကုသခွင့် မပေးခဲ့ပေ။ အကျဉ်းထောင်အတွင်းတွင် နှာခေါင်းစည်းမလုံလောက်ကြောင်း၊ သန့်ရှင်းရေး အလွန်ညံ့ဖျင်းကြောင်းနှင့် ရောဂါကို ကာကွယ်နိုင်ရန် ထိထိရောက်ရောက် စီစဉ်ပေးမှု မရှိကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောပြခဲ့သည်။ ရောဂါဒဏ် ပိုခံရနိုင်သည့် အသက်ကြီးပိုင်း အကျဉ်းသားများနှင့် ရောဂါခံရှိသော အကျဉ်သားများကို အကာအကွယ်ပေးရန်လည်း ပြင်ဆင်ထားခြင်း မရှိပေ။

ထောင်အာဏာပိုင်များအနေဖြင့် အကျဉ်းသားများအားလုံးကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ လုံခြုံရေးအရ မထိခိုက်နိုင်သော ထောင်သားများကို ပြန်လွှတ်ပေးခြင်းနှင့် ထောင်တွင်းရှိ ကိုဗစ်-၁၉ ပျံ့နှံ့မှုအခြေအနေကို မှန်ကန်စွာ ထုတ်ပြန်ပေးခြင်းတို့ကို အနည်းဆုံး လုပ်ပေးသင့်သည်။ သို့မဟုတ်ပါက ဗိုင်းရပ်စ်ပိုးအခြေအနေသာမက အကျဉ်းသားများ သေဆုံးမှုကိုပါ မည်သူမှ သိရမည်မဟုတ်ပေ။

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Topic

Most Viewed