ဤကြေငြာချက်အောက်တွင် လက်မှတ်ထိုးထားသော အဖွဲ့အစည်းများမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မြန်မာပြည်သူများမှ ၎င်းတို့၏အစိုးရအား ဒီမိုကရေစီ နည်းလမ်း ကျစွာ ရွေးချယ်ပိုင်ခွင့်ကိုပိတ်ပင်စေခဲ့သော ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု အပေါ် တုန့်ပြန်သောအားဖြင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ပင်ခြင်းတစ်ခုအား အလျင်အမြန် ချမှတ်ရန်တောင်းဆိုလိုက်သည်။ လက်ရှိဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရိုဟင်ဂျာများ နှင့် အခြားတိုင်းရင်းသား လူနည်းစုအုပ်စုများအပါအဝင်၊ စစ်အုပ်ချုပ်ရေးအား ငြိမ်းချမ်းစွာ ဝေဖန်သူများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ စိုးရိမ်ဖွယ်မတရားဖိနှိပ်ခြင်းများကြောင့် ကျွနှ်ပ်တို့၏ စိုးရိမ်မှုကို ပိုမိုမြင့်တက်စေပါသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏အောက်တွင် မြန်မာစစ်တပ်သည် နိုင်ငံ၏ ရွေးကောက်တင်မြောက်ထားသော အရပ်သားခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲများ၏ ရလာဒ်ကိုပယ်ဖျက်ခဲ့ပြီး၊ အရေးပေါ်အခြေအနေအကြေငြာကာ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းခဲ့သည်။ ဖေဖော်ဝါရီ ၁ရက်နေ့မှစတင်ပြီး စစ်အစိုးရသည် ဆန္ဒပြပွဲများတွင် အလွန်အကျွံနှင့် တခါတရံတွင် လူကိုသေစေနိုင်သော အင်အားအသုံးပြုမှုများကို တိုးမြင့်သုံးစွဲခဲ့ပြီး တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ ကျောင်းသားများနှင့် အရပ်ဖက် ဝန်ထမ်းများအား ခြိမ်းခြောက်ခဲ့ပြီး၊ ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခဲ့ကာ၊ အလှည့်ကျ အင်တာနက် ပိတ်ပင် ခြင်း တို့ကို ချမှတ်ခဲ့သည်။
အာဏာသိမ်းပြီးရက်များအကြာတွင်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres မှ “ဒီအာဏာသိမ်းမှု အရေးနိမ့်စေဖို့အတွက် မြန်မာနိုင်ငံအပေါ် လုံလောက်တဲ့ဖိအားပေးမှုတွေ ဆောင်ရွက် နိုင်ရန်အတွက် အဓိကနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝန်းတို့ကို ဆော်သြစည်းရုံးဖို့အတွက် ကျွနှ်ပ်တို့ လုပ်နိုင်သမျှ အားလုံးလုပ်ရမယ်”ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂအထူးသံတမန်မှ စစ်တပ်အပေါ် ပစ်မှတ်ထားဆောင်ရွက်သော ကုလသမဂ္ဂအရေးယူမှုနှင့် လက်နက်ပိတ်ပင်ခြင်းအတွက် တောင်းဆိုခဲ့ပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီးမှလည်း အာဏာသိမ်းခေါင်းဆောင်များ အပေါ် ပစ်မှတ်ထားသော ကုလသမဂ္ဂအရေးယူမှုများ ချမှတ်ခြင်းအတွက် ထောက်ခံခဲ့သည်။
ထိုသဘောထားနှင့် အလားတူပင်၊ ကျွနှ်ပ်တို့မှ လုံခြုံရေးကောင်စီအား မြန်မာနိုင်ငံအပေါ် ပြီးပြည့်စုံသော လက်နက်ဆိုင်ရာပိတ်ပင်မှုတခုကို အလျှင်အမြန်ချမှတ်ရန်အတွက် တိုက်တွန်းပါသည်။ ထိုကဲ့သိုသော ဆုံးဖြတ်ချက်သည် သင်တန်းပေးခြင်း၊ ထောက်လှမ်းရေးသတင်းနှင့် အခြားစစ်ဖက်ဆိုင်ရာအကူအညီတို့ အပါအဝင် လက်နက်များ၊ ခဲယမ်းများနှင့် ယာဉ်များ၊ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေးကိရိယာများ ကဲ့သို့သော အရပ်ဖက်-စစ်ဖက် နှစ်မျိုးသုံးကုန်ပစ္စည်းများအပါဝင် အခြားစစ်ဖက်နှင့် ဆက်စပ်သော ကိရိယာ များတို့အား တိုက်ရိုက်နှင့် သွယ်ဝှိုက်ပံ့ပိုးခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့အား ပိတ်ပင်သင့်သည်။ ထိုပိတ်ပင်မှုအား ခိုင်မာသောစောင့်ကြည့်မှုနှင့် ကြပ်မတ်မှုဆိုင်ရာ နည်းလမ်း ယန္တယားများဖြင့် ပံ့ပိုးသင့်သည်။
မြန်မာနိုင်ငံသို့ စစ်ဖက်နှင့် ဆက်စပ်သော ကိရိယာများ၊ ရောင်းဝယ်မှု သို့မဟုတ် လွှဲပြောင်းမှုတခုခုသည် နိုင်ငံတကာ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သော မြန်မာပြည်သူများအပေါ် ပိုမိုဖိနှိပ်ရန်အတွက် နည်းလမ်းများကို ပံ့ပိုးစေသည်။
လုံခြုံရေးကောင်စီမှ အရေးယူသည့် အချိန်အထိ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်နက် ဆိုင်ရာပိတ်ပင်မှုအား တကမ္ဘာလုံးအတိုင်းအတာနီးနီးအထိ ကျယ်ပြန့်စေရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသို့ လက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား ရောင်းဝယ်ခြင်းနှင့် အခြားလွှဲပြောင်း ခြင်းများအား နိုင်ငံတော်အဆင့်နှင့် ဒေသဆိုင်ရာအဆင့်များတွင် ပိတ်ပင်ရန် အစီအမံများကို ချမှတ် သင့်သည်။
ဆယ်စုနှစ်များစွာ၊ မြန်မာလုံခြုံရေးတပ်ဖွဲ့များ မှ ကျူးလွန်သောရာဇဝတ်မှုများအပေါ် လုံခြုံရေးကောင်စီ ၏ တုံ့ပြန်မှုသည် လုံလောက်ခြင်းမရှိခဲ့ပဲ၊ စစ်တပ်မှ ပြင်းထန်သော နောက်ဆက်တွဲအကျိုးဆက်များကို အကြောက်အလန့်မရှိပဲ မတရားပြုကျင့်မှုများကို ဆက်လက်ကျူးလွန်ရန်အတွက် ရဲဆေးတင်ပေး သကဲ့သို့ဖြစ်စေသည်။ လက်ရှိအရေးအခင်းသည် ထိုအနေအထားအားပြောင်းလဲရန်အတွက် တောင်းဆို နေသည်။
ဖေဖော်ဝါရီလ ၄ရက်နေ့တွင်၊ လုံခြုံရေးကောင်စီမှ ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးအား လွှတ်ပေးရန်နှင့် နိုင်ငံ၏ ဒီမိုကရေစီအဆောက်အအုံများအား အကာအကွယ်ပေးရန်အတွက် တညီတညွှတ်တည်းတောင်းဆိုခဲ့သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်ဆန်ပြီး ထိရောက်သော အရေးယူမှုတခုကို ချမှတ်နိုင်ရန်အတွက် ယခုရရှိထားသော အများဆန္ဒအား အသုံးပြုသင့်သည်။ လက်နက်ဆိုင်ရာပိတ်ပင်မှုတခုသည် မြန်မာပြည်သူများအား ရက်စက်ပြီး အာဏာရှင်ဆန်သော အုပ်ချုပ်မှုတခုသို့ ပြန်လည်ကျရောက်ခြင်းမှ အကာအကွယ်ပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုတခု၏ အဓိကသော့ချက်တခု ဖြစ်လာမည်ဖြစ်သည်။
အရေးယူရန်အချိန်သည် ယခုပင်ကျရောက်နေပြီဖြစ်သည်။
လက်မှတ်ထိုးတောင်းဆိုသောအဖွဲ့အစည်းများ။
- Access Now
- Advocacy Forum-Nepal
- AFL-CIO
- All Arakan Students’ and Youths’ Congress
- Arakan Information Center
- Arakan Rivers Network
- Arakan Rohingya Society for Peace and Human Rights
- ARTICLE 19
- ASEAN Parliamentarians for Human Rights
- Asia and Pacific Alliance of YMCAs
- Asia Democracy Network
- Asia Justice and Rights (AJAR)
- Asian Forum for Human Rights and Development (FORUM-ASIA)
- Asian Human Rights Commission
- Asian Migrant Centre
- Asian Network for Free Elections (ANFREL)
- Asian Resource Foundation
- Association of Human Rights Defenders and Promoters
- Association of Women for Awareness and Motivation (AWAM)
- Australian Centre for International Justice
- Australian Lawyers for Human Rights
- BALAOD Mindanaw
- Bir Duino Kyrgyzstan
- Brotherhood For Democracy (BFD)
- Burma Campaign UK
- Burma Human Rights Network (BHRN)
- Burmese Rohingya Association in Japan
- Burmese Rohingya Community in Australia
- Bytes For All
- Cambodian Center for Human Rights (CCHR)
- Cambodian Food And Service Workers Federation (CFSWF)
- Cambodian Human Rights and Development Association (ADHOC)
- Cambodian League for the Promotion and Defense of Human Rights (LICADHO)
- Canadian Rohingya Development Initiative
- Center for Alliance of Labor and Human Rights (CENTRAL)
- Center for Peace Education, Miriam College
- Center for Social Integrity
- Centre for Human Rights and Development
- Centre for Peace and Justice, Brac University
- CIVICUS: World Alliance for Citizen Participation
- Climate Change Working Group-Myanmar
- Colorful Girls
- Community Resource Centre Foundation (CRC)
- Cross Cultural Foundation
- CSW
- Dawei Pro Bono Lawyer Network
- Democracy, Peace and Women Organization
- DHEWA (Development for Health, Education, Work, and Awareness) Welfare Society
- Equality Myanmar
- Equitable Cambodia
- European Rohingya Council
- Federal Association of Vietnamese Refugees in the Federal Republic of Germany
- Fortify Rights
- Free Rohingya Coalition
- Global Centre for the Responsibility to Protect
- Global Justice Center
- Global Witness
- Htoi Gender and Development Foundation
- Human Rights First
- Human Rights Foundation of Monland
- Human Rights Law Centre
- Human Rights Office-Sri Lanka
- Human Rights Watch
- Human Rights Without Frontiers
- Info Birmanie
- Innovation for Change Network
- Institute for Asian Democracy
- Institute on Statelessness and Inclusion
- International Campaign for the Rohingya
- International Movement of Catholic Students (IMCS), Asia Pacific
- International NGO Forum on Indonesian Development (INFID)
- International Rehabilitation Council for Torture Victims (IRCT)
- Jewish Alliance of Concern Over Burma
- Jubilee Australia
- Justice for All/Burma Task Force
- Justice for Myanmar
- Kachin State Women’s Network
- Karapatan Alliance Philippines
- Karen Human Rights Group
- KontraS Aceh
- Loka Ahlinn Social Development Organization
- Maldivian Democracy Network (MDN)
- MAP Foundation
- Medical Association for Prevention of War (Australia)
- Mekong Migration Network
- Mennonite Central Committee
- MeSheWe
- Mother Nature Cambodia
- Myanmar Human Rights Alliances Network (MHRAN)
- National Campaign for Sustainable Development Nepal
- Never Again Coalition
- New School for Democracy
- No Business With Genocide
- Nonviolence International
- Odhikar
- Olof Palme International Center
- OutRight Action International
- PAX
- Pax Christi Aotearoa New Zealand
- Pax Christi Australia
- Pax Christi International
- Pax Christi Korea
- Pax Christi Philippines
- People’s Empowerment Foundation
- People’s Watch
- Philippine Alliance of Human Rights Advocates (PAHRA)
- Progressive Voice
- Prosecute; don’t perpetrate
- Public Association “Dignity”
- Pusat KOMAS
- Refugees International
- Restless Beings
- Robert F. Kennedy Human Rights
- Rohingya Association of Canada
- Rohingya Human Rights Initiative
- Rohingya Today
- Rohingya Women Education Initiative
- Rohingya Youth for Legal Action
- Smile Myanmar
- Swedish Burma Committee
- Taiwan Association for Human Rights
- Taiwan Forever Association (台灣永社)
- Tampadipa Institute
- The Arakan Project
- The May 18 Memorial Foundation
- The PLAN: Public Legal Aid Network
- The Swedish Rohingya Association
- Uniting Church in Australia, Synod of Victoria and Tasmania
- US Campaign for Burma
- Viet Tan
- Vietnamese Women for Human Rights
- Voice of Rohingya
- Win Without War
- World Federalist Movement/Institute for Global Policy
- World Organisation Against Torture (OMCT)
- YMCA Mandalay
- Youth Resource Development Program (YRDP)