Skip to main content

မြန်မာနိုင်ငံ- ရွေးကောက်ပွဲသည် အခွင့်အရေးတိုးတက်စေရေးလမ်းစဉ်ကို ညွန်ပြသည်

ခွဲခြားနှိမ့်ချဆက်ဆံသော၊ ဖိနှိပ်ချုပ်ချယ်သောဥပဒေများ အဆုံးသတ်ရေးသည် အစိုးရသစ်၏အဓိကဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်သည်။

(နယူးယော့ခ်၊ ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၆ ခုနှစ်)- မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသောရွေးကောက်ပွဲများသည် တိုးတက်မှုမရှိသောနိုင်ငံ အတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေအားလုံးကို ခြုံငုံ ပြသနိုင်ခဲ့သောနှစ်တစ်နှစ်၏ အထွတ်အထိပ် ဖြစ်သည်ဟုလူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က၄င်း၏ ယနေ့ထုတ် ကမ္ဘာ့ အစီရင်ခံစာ ၂၀၁၆ တွင်ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သောအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ဖွဲ့စည်းတည်ဆောက်ပုံအရချို့ယွင်းချက် ရှိသော်လည်းလုပ်ထုံးလုပ်နည်းအရ လွတ်လပ်သော နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ သို့သော် နိုင်ငံရေးအကျဉ်းသားအရေအတွက် ပိုမိုများပြားလာပြီး ငြိ်မ်းချမ်းစွာသဘောထားကွဲလွဲခွင့်နှင့် ရိုဟင်ဂျာ မွတ်စလင် လူမျိုးများအားဖိနှိပ်ချုပ်ချယ်သော ဥပဒေများ ကျယ်ပြန့်စွာသုံးစွဲလာခဲ့သည်။ 
 
၂၆ ကြိမ်မြောက် တည်းဖြတ်ထုတ်လုပ်ခဲ့သည့် ကမ္ဘာ့အစီရင်ခံစာ ၂၀၁၆ မှ စာမျက်နှာ ၆၅၉ တွင် လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲမှနိုင်ငံပေါင်း ၉၀ ကျော်တို့၏ လူ့အခွင့်အရေးကျင့်သုံးမှုများကို သုံးသပ်လေ့လာကြပါသည်။ အမှုဆောင်ဒါရိုက်တာ Kenneth Roth မှ သူ၏မိတ်ဆက်မိန်းခွန်းစာတွင် အကြမ်းဖက်တိုက်ခိုက်မှုများ အရှေ့အလည်ပိုင်း ကျော်လွန်ပြီးကူးစက်ပျံ့နှံ့မှုနှင့် ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှု ကြောင့် ဒုက္ခသည်များအစုလိုက်အပြုံလိုက်စီးဝင်လာမှုများအပြင် ၎င်းတို့၏လုံခြုံရေးများကို ခုခံကာကွယ်ရန် မမှန်မကန်သည့်အား ထုတ်လုပ်ဆောင်မှုအခွင့်အရေးများကို လျှော့ချရန်အတွက် အစိုးရအဖွဲ့များမှ ဦးတည်လုပ်ဆောင်ခဲ့သည့်ပဋိပက္ခအကြောင်း စသည်တို့ကို ရေးသားထားပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့တစ်ဝှမ်းလုံးမှ အာဏာရှင်စစ်အစိုးရများသည် လူမှုရုပ်သံများမှ အလျဉ်းသင့်သလို ပုံကြီးချဲ့ထားသော ငြိမ်းချမ်းစွာ သဘောထားကွဲလွဲမှုကို စိုးရိမ်ကြောက်ရွံ့လာသဖြင့် မကြာသေးမီက တစ်သီးပုဂ္ဂလအဖွဲ့အစည်းများ အပေါ် ဆိုးရွားပြင်းထန် သည့် တိုက်ခိုက်ဖြိုခွဲမှုတစ်ခု စတင်လုပ်ဆောင်ခဲ့ပါသည်။
 
“နောင်တက်လာမည့် အစိုးရသစ်သည် ယခင်စစ်အစိုးရ၏ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးအောက်တွင် ထုတ်ပြန်ခဲ့ သည့် တရားမျှတမှု မရှိသောဥပဒေများနှင့် မပြေလည်သေးသည့်အခွင့်အရေး ချိုးဖောက်မှုများကိုကိုင်တွယ် ဖြေရှင်းပေးရန် မြန်မာ ပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းမှ မျှော်လင့်လျက်ရှိသည်” ဟုလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှဆိုင်ရာလက်ထောက် ညွှန်ကြားရေးမှူး Phil Robertson ကပြောကြားခဲ့သည်။ “အစိုးရသစ်အနေဖြင့် နိ်ုင်ငံရေးအကျဉ်းသားများအားချက်ချင်းလွှတ်ပေးပြီး ဖိနှိပ်ချုပ်ချယ်သောဥပဒေများအားရုတ်သိမ်းခြင်းနှင့် မွတ်စလင်နှင့် အခြားလူနည်းစုများအပေါ်ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ရေးတို့ ကိုအမြန်ဆုံးဆောင်ရွက်သင့်သည်။ ထိုသို့မဟုတ်လျှင် မကြာမီတွင် ပြန်လည်ပြုပြင်ခြင်းနှင့် ပတ်သက်သည့်ပဋိပက္ခများကိုရင်ဆိုင်ရနိုင်သည်။” 
 
မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲများတွင် ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ မူမမှန်မှုများနှင့် ပတ်သက်၍ တိုင်ကြားချက် အနည်းငယ်သာ ရှိခဲ့သည်။ ပါတီလူထုစုဝေးပွဲများကို နိုင်ငံအနှံ့ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့ပြီး သတင်းမီဒီယာများ သို့မဟုတ် လွပ်လပ်စွာ ရေးသားဖော်ပြခွင့်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ထိန်းချုပ်ဟန့်တားမှုများ သိသိသာသာမရှိခဲ့ပေ။ မဲပေးခြင်းနှင့် မဲရေတွက် ခြင်းတို့တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သူများမှ တွေ့ရှိခဲဲ့ကြသည်။ သို့ရာတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနည်းမကျသော ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမရှိသည့်အတွက် လွှတ်တော်အတွင်းအမတ်နေရာ လေးပုံ တစ်ပုံနှင့် ဝန်ကြီးအဆင့်ရာထူးများတွင် စစ်ဘက်ဆိုင်ရာအရာရှိများအား ခန့်အပ်တာဝန် ပေးဆဲဖြစ်သည်။
 
ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရုတ်သိမ်းခံရသောရိုဟင်ဂျာများနှင့် အခြားလူနည်းစုမဲဆန္ဒရှင်ပေါင်း ၈၀ဝ,ဝ၀ဝ ကျော်သည် မဲပေးခွင့် မရရှိခဲ့ချေ။ ခွဲခြားနှိမ့်ချသော ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့် နိုင်ငံရေးပါတီများ၏ ဥပဒေဆိုင်ရာပြောင်းလဲမှုများကြောင့် ကိုယ်စားလှယ် အမတ်လောင်းအရည်အချင်းပြည့်မီမှုဆိုင်ရာ စစ်ဆေးရာ၌မွတ်ဆလင်အမတ်လောင်းအနည်းဆုံး ၅၀ကျော် ပယ်ချခံခဲ့ရ သည်။ အကြီးဆုံးပါတီနှစ်ခုဖြစ်သောအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အန်အယ်ဒီပါတီနှစ်ခုစလုံးသည် မြန်မာနိုင်ငံ တဝန်းလုံးတွင် မွတ်စလင် အမတ်လောင်းတစ်ဦးကိုမျှ ကိုယ်စားပြု ရွေးချယ်ခြင်းမရှိခဲ့သဖြင့် လွှတ်တော်အတွင်း၌ မွတ်စလင် အမတ်ဟူ၍ မရှိချေ။
 
အစိုးရ၏ ၂၀၁၅ ခုနှစ်တွင် ခွဲခြားဆက်ဆံသော၊ အခွင့်အရေး ချိုးဖောက်သော“လူမျိုးရေးနှင့် ဘာသာရေးဥပဒေများ” (လူဦးရေ ထိန်းချုပ်ရေး ဥပဒေ၊ ဘာသာရေး ကူးပြောင်းမှု ဥပဒေ၊ ဗုဒ္ဒဘာသာဝင် မြန်မာအမျိုးသမီးများ အထူးထိမ်းမြားခြင်း ဥပဒေ၊ နှင့် တစ်လင်တစ်မယား ဥပဒေ) ပြဌာန်းမှုသည် မြန်မာ မွတ်စလင်များအား ပိုမို ဖယ်ထုတ်ထား သကဲ့သို့ ဖြစ်ပြီး ဘုန်းတော်ကြီးများ ဦးဆောင်သော ဗုဒ္ဒဘာသာဝင် အမျိုးသား အစွန်းရောက်များဖြင့် ဖွဲ့စည်းထားသည့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) လှုပ်ရှားမှုအပေါ် အားပေးရာရောက်စေခဲ့သည်။ 
 
၂၀၁၅ ခုနှစ်တွင် ရိုဟင်ဂျာမွတ်ဆလင်များသည် ၎င်းတို့၏မိသားစုများနှင့်အတူ မြန်မာနိုင်ငံမှ မှောင်ခိုကူး လှေများဖြင့် ရေကြောင်းမှ ထွက်ပြေးတိမ်းရှောင်မှု သည် ကြောက်ခမန်းလိလိ များပြားခဲ့ပြီး ရံဖန်ရံခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရိုဟင်ဂျာများ၊ ရွေ့ပြောင်းလုပ်သား များနှင့် ပူးပေါင်းခဲ့ကြသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလနှင့် ၂၀၁၅ခုနှစ် မေလကြားတွင် ထွက်ပြေးခဲ့သူပေါင်း ၉၄၀ဝ၀ ခန့်ရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂမှ ခန့်မှန်းတွက်ချက်ထားသည်။ မေလတွင် လှေပေါ်သောင်တင်နေသည့် လူပေါင်း ၅၀ဝ၀မှ ၇၀ဝ၀ ခန့်မှာလူ မှောင်ခိုသမားများ၏ စွန့်ပစ်ခြင်းခံခဲ့ရပြီး ၎င်းတို့အား ထိုင်း၊ မလေးရှား၊ နှင့် အင်ဒိုနီးရှားနိုင်ငံများမှလည်း ဝင်ခွင့်မပြုခဲ့သဖြင့်ယင်း အခက်အခဲအတွင်း အနည်းဆုံးလူပေါင်း ၇၀ ခန့် သေဆုံးခဲ့ရသည်။ 
 
“သမ္မတဦးသိန်းစိန်သည် ရိုဟင်ဂျာမွတ်စလင်များအပေါ်နှိပ်ကွပ်မှုများ နှင့် အစွန်းရောက် ဗုဒ္ဒဘာသာဝင် ဘုန်းတော်ကြီးများအား ၄င်း၏ အစိုးရမှ ဖြည့်ဆည်းထောက်ပံ့မှုများကိုအမှတ်ရနေမည် ဖြစ်သည်”ဟု Robertson ကဆိုသည်။ “အစိုးရသစ်သည် ခွဲခြားဆက်ဆံသော ဥပဒေများ၊ အမျိုးသမီးအခွင့်အရေးများ နှင့် လူနည်းစုတို့၏ ဘာသာရေးဆိုင်ရာအခွင့်အရေးများကို ခြိမ်းခြောက်နေသောအ စဉ်အလာ များကိုပယ်ဖျက်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။”
 
နိုင်ငံရေးအကျဉ်းသားဦးရေမှာ ၂၀၁၅ ခုနှစ်တွင် ပိုမိုများပြားလာခဲ့သည်။ ဤနှစ်အကုန်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် အခြားအခြေ ခံလွတ်လပ်ခွင့်များကို ချိုးဖောက်ခြင်းကြောင်း ခန့်မှန်းခြေလူပေါင်း ၁၁၂ ဦးခန့်ကို ထောင်ချခဲ့ပါသည်။ အနည်းဆုံး ၄၈၆ ဦးမှာ လယ်ယာမြေရပိုင်ခွင့်ဆိုင်ရာကန့်ကွက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ တရားရင်ဆိုင်ခဲ့ကြရသည်။ မတ်လတွင် ဆန္ဒပြ ကျောင်းသူ/ သားများအားရဲများမှ အင်အားသုံးဖြိုခွဲမှုများကြောင့် ကျောင်းသူ/သားအရေး တက်ကြွလှုပ်ရှားသူပေါင်း ၅၀ ထက်မနည်းအဖမ်းခံခဲ့ရပြီး အမှု ရင်ဆိုင်ရဆဲဖြစ်သည်။
 
“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် သာမန်မြန်မာပြည်သူ/သား များ၏ ဘဝများ မှာ အဓိပ္ပါယ်ရှိသော ပြောင်းလဲလာနိုင်စေရေးအ တွက် မျှော်လင့်ချက် အသစ်များ၊ တောင်းဆိုချက် အသစ်များကို ဖြစ်ပေါ်လာစေခဲ့သည်။” “ဒေါ်အောင်ဆန်းစုကြည် နှင့် အန်အယ်ဒီပါတီသည် ၄င်းတို့၏ အောင်မြင်မှုများကိုအသုံးပြု၍ အတိတ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများအားပြောင်းပြန်လှန်ပစ်ပြီး ကာလရှည်ကြာ အသုံး ဝင်သော ပြုပြင်ပြောင်းလဲမှုများကိုစီမံကိန်းချ ဆောင်ရွက်သင့်သည်။” 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed