Skip to main content

မြန်မာနိုင်ငံ။ ။ စစ်တပ်က လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပဒေများအား ချိုးဖောက်မှုများကို ရပ်ရန် လုပ်ဆောင်သင့်သည်။

စစ်တပ်ထိပ်တန်းရှေ့နေက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ထောက်ခံသင့်သည်။

(နယူးယောက်) – မြန်မာစစ်တပ်များ၏ စစ်ဥပဒေချုပ် ဗိုလ်ချုပ်ရာပြည့်သို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပေးပို့သော စာတွင် မြန်မာစစ်ခေါင်းဆောင်များက လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပဒေများအား ချိုးဖောက်မှုများကို ရပ်ရန်နှင့် တာဝန်ရှိသူများအား တရားမျှတစွာ အပြစ်ပေးဖို့ လုပ်ဆောင်မှုများအား ပြုလုပ်သွားဖို့ ယနေ့တွင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

မတ်လ ၂၇ ကျင်းပမည့် မြန်မာနိုင်ငံ၏ ၆၆ ကြိမ်မြောက် တပ်မတော်နေ့တွင်ကျရောက်အောင် ပေးပို့လိုက်သည့် ထိုစာတွင်၊ စစ်တပ်အဖွဲ့ဝင်များအားလုံး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပဒေများအား လိုက်နာအောင် လူသိရှင်ကြားအမိန့်ပေးသွားဖို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က စစ်တပ်၏ ဥပဒေဆိုင်ရာ ဦးစီးအရာရှိ၊ စစ်ဥပဒေချုပ်အားတောင်းဆိုထားသည်။ မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် စစ်ဆင်ရာတွင် ဆိုးရွားသော ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကျူးလွန်နေမြဲဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကဆိုသည်။ ထို ချိုးဖောက်မှုများတွင် သူတပါးပိုင်ဆိုင်သည့်ပစ္စည်းနှင့် အစားအစာများကို ခိုးယူမှုနှင့် ဖျက်ဆီးမှု၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှု၊ မုဒိမ်းကျင့်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ ဥပဒေဘောင်ပြင်ပတွင် သတ်ဖြတ်မှုတို့ပါဝင်သည်။

© 2010 Reuters

“အစိုးရလိုမဟုတ်ဘဲ၊ မြန်မာစစ်တပ်က ‘အသစ်ဖြစ်၊ တိုးတက်ကြောင်း’ကိုတောင် ဟန်ဆောင်ပန်ဆောင်ပြုခြင်းမရှိဘူး။ စစ်တပ်ရဲ့ ဆိုးရွားလှတဲ့မှတ်တမ်းက အဲဒါကို ပြနေတာပဲ” ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ဥပဒေရေးရာနှင့် ပေါ်လစီ ဒါရိုက်တာ James Ross ကဆိုသည်။ “စစ်တပ်ခေါင်းဆောင်များက ထိုချိုးဖောက်မှုများကို ရပ်ရန် အသိပေးမှာကြားပို့ဖို့လိုပြီ၊ ထိုသို့အသိပေးမှာကြားမှုကို ချိုးဖောက်သူများအား တရားစီရင်ခြင်းဖြင့် အတည်ပြု အကောင်အထည်ဖော်ရမယ်။”

မြန်မာစစ်တပ်က စစ်မက်များအတွင်းအရပ်သားများအား ထိခိုက်မှုကို လျှော့နည်းအောင် လုပ်ဆောင်ဖို့နှင့် ချိုးဖောက်မှုများအား ကျူးလွန်သူ စစ်သည်များအား အပြည့်အဝ စုံစမ်းစစ်ဆေးဖို့နှင့် စည်းကမ်းအရ အရေးယူသွားဖို့ (သို့) သင့်တော်သလို တရားစွဲအရေးယူဖို့ လုပ်ဆောင်မှုများအားလုံးကို ပြုသင့်သည်။စစ်သားများက အရပ်သားများအပေါ် ကျူးလွန်ပြစ်မှားမှုအတွက် တရားစီရင်ရာတွင် အရပ်သားများပါဝင်ကြီးကြပ်မှုကို အားပေးသင့်သည်။ အစိုးရမဟုတ်သည့် လက်နက်ကိ်ုင်တပ်ဖွဲ့များအား ၄င်းတို့၏ စစ်မှန်သော ရာဇဝတ်မှုကျူးလွန်မှုများအတွက် စစ်ခုံရုံးများတွင် မစီရင်ပဲ၊ အရပ်သားတရားခုံံရုံးများတွင် စီရင်သင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံသည် စစ်ဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်။ သို့သော် မြန်မာစစ်တပ်များ (သို့) တပ်မတော်က ထိုစစ်ဥပဒေများအား ချိုးဖောက်သည့် စစ်သည်များအား အလေးအနက် စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် ပျက်ကွက်မှုများအပေါ် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က အင်မတန်စိုးရိ်မ်လျှက်ရှိသည်။

၂၀၁၀ နိုင်ဝင်ဘာလကတည်းက၊ ကရင်ပြည်နယ်အလယ်ပိုင်းတွင် တပ်မတော်စစ်ဆင်မှုများ တိုးတက်လာနေခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်နှစ်ဖက်စလုံးတွင် သောင်းပေါင်းများစွာသော အရပ်သားများ စစ်ပွဲဒဏ်ကြောင့် နေရာမရာဖြစ်ခဲ့သည်။ ရရာဖြင့်ပြုလုပ်ထားသောဗုံးများ၊ လူသတ်မိုင်းများ ထောင်ထားသည့်နေရာများကြား အရပ်သားများကို ဒဏ်ရာရစစ်သည်များအား အတင်းသယ်ဆောင်ခိုင်းသည်။ မြန်မာနိုင်ငံတလွှား အကျဉ်းထောင်များမှ မြောက်များစွာသောထောင်သားရဲဘက်များကိုလည်း စစ်ဆင်မှုများတွင် စစ်တပ်အတွက် အတင်းပေါ်တာလုပ်ခိုင်းပြီး “atrocity de-mining” ဟုခေါ်သည့် နင်းမိုင်းများကို ဖော်ထုတ်ရန် စစ်တပ်များရှေ့တွင် လမ်းလျှောက်စေခြင်းဖြစ်သည်။

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပဒေများအား ချိုးဖောက်မှုများကို စုံစမ်းရန်ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းဖို့တောင်းဆိုမှုများအပေါ် စစ်ဥပဒေချုပ်ကထောက်ခံရန် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က တောင်းဆိုသည်။ မြန်မာနိုင်ငံ လူ့အခွင်းအရေးအခြေအနေများကိုလေ့လာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တော် Tomás Ojea Quintana က ၂၀၁၀ မတ်လ၌ လူ့အခွင့်အရေးကောင်စီသို့တင်သွင်းသောအစီရင်ခံစာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့ရန် ထောက်ခံမှုများနောက် ထိုတောင်းဆိုများမှာ ပိုမို တွင်ကျယ်လာခဲ့သည်။ ိုစစ်ဥပဒေချုပ်အား ပေးပို့သောထိုစာတွင် ပြုပြင်မွမ်းမံထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုင်ရာ အမေးအဖြေများကို အင်္ဂလိပ်လိုရော၊ မြန်မာလိုပါ ပူးတွဲပေးပို့ထားသည်။ ယခုအချိန်ထိ ထိုစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့လူသိရှင်ကြားထောက်ခံသည့်နိုင်ငံများမှာ ၁၆ နိုင်ငံဖြစ်သည်။ ထိုနိုင်ငံများမှာ သြစတြေးလျ၊ ဘယ်ဂျီယံ၊ ကနေဒါ၊ ချက်စ့် သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်စတိုးနီးယား၊ ပြင်သစ်၊ ဟန်ဂေရီ၊ အိုင်ရာလန်၊ လက်ဗီယာ၊ လီသူးနီးယား၊ နယ်သာလန်၊ နယူးဇီလန်၊ ဆလိုဗားကီးယား၊ ဗြိသိလျှ နှင့် အမေရိကန်နိုင်ငံများဖြစ်သည်။

“မြန်မာနိုင်ငံတွင်ထားရှိမယ့် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်မက်များတွင် ပါဝင်သူအဖွဲ့များအားလုံးမှ ချိုးဖောက်မှုများကို ရပ်ဖို့ ကူညီပေးလိမ့်မယ်။” ဟု Ross ကဆိုသည်။ “အဲဒီကောင်မရှင်က တရားမျှတမှုနဲ့ တာဝန်ယူဖြေရှင်းမှုများဆိုင်ရာ လေးနက်သော ဆွေးနွေးဖလှယ်မှုများအတွက်လည်း တံခါးဖွင့်သွားစေမှာဖြစ်တယ်။”

၂၀၁၀ နိုင်ဝင်ဘာလ ရွေးကော်ပွဲများတွင် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က လွှတ်တော်နေရာ အများဆုံးကို ရရှိသွားသည်။ ထိုအဖွဲ့က မဲရုံများတွင် ခြိမ်းခြောက်မှုများ၊ စည်းမျဉ်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆန့်ကျင်မှုများ၊ အတိုက်အခံအများစုကို ဘေးဖယ် အရေးမပေးသည့် ဥပဒေများဖြင့်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်စဉ်ဖြစ်သည်။ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုနှင့် အမျိုးသားလွှတ်တော်၂ ခုတို့က ၂၀၁၁ ဇန်နဝါရီလ မှ စတင် အစည်းအဝေးထိုင်ရာ၊ လွှတ်တော်တွင် အရေးကြီးသည့်နေရာများ၊ နာယကနေရာများအားလုံးနီးပါးကို ဝါရင့် စစ်တပ်အရာရှိများက ပေးထားသည်။ အမျိုးသားနှင့် တိုင်းဒေသကြီး ဥပဒေပြုလွှတ်တော်၏ လေးပုံတပုံကို စစ်တပ်အရာရှိများကိုပေးထားပြီး၊ USDP အမတ်များကလည်း အများစုဖြစ်နေပြန်သည်။ ဥပဒေပြုရန်လိုအပ်သည့် လေးပုံသုံးပုံနေရာအား စစ်တပ်က ရရှိထားသောကြောင့်၊ ကျန်သည့် စစ်မှန်သော အတိုက်အခံ (သို့) လွှတ်လပ်သည့် ပါလီမန်အဖွဲ့ဝင်လူနည်းစုမှာ ဘေးဖယ်ခြင်းခံရသည်။

“၂၀၁၀ နိုဝင်ဘာလရွေးကောက်ပွဲများဟာ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်စနစ်အား မပြောင်းလဲသလို၊ စစ်တပ်က စစ်မက်ဆိုင်ရာ ချိုးဖောက်မှုများကိုလည်း မပြောင်းလဲစေပါဘူး” ဟု Ross က ဆိုသည်။ “မြန်မာစစ်တပ်က သူတို့လုပ်နေတဲ့ အရပ်သားများအပေါ် နေ့စဉ် ချိုးဖောက်မှုများကို ရပ်စေမဲ့ လုပ်ဆောင်မှုများကို ပြုသွားခြင်းဖြင့်၊ လုံးဝ ပြောင်းလဲရမယ်။”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed