မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် စစ်အစိုးရ အုပ်ချုပ်ရေးစနစ်မှ အရပ်သားအစိုးရအုပ်ချုပ်ရေးစနစ်သို့ အသွင်ကူး ပြောင်းရေးသည် နှေးကွေးနေခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် အချို့သောအခန်းကဏ္ဍများတွင် နောက်ကြောင်းပြန်လှည့်နေခဲ့ပါသည်။ လွတ်လွတ် လပ်လပ်ပြောခွင့်ဆိုခွင့်နှင့် သတင်းမီဒီယာများတွင်လွတ်လွတ်လပ်လပ်ရေးသားခွင့်သိသိသာသာတိုးတက်သည့် အနေအထားရှိခဲ့သော် လည်း လူ့အခွင့်အရေးတိုးတက်ရန် အစိုးရအနေဖြင့် မလွဲမသွေလုပ်ဆောင်ရမည့်အဓိကနေရာ များမှာ တုံ့ဆိုင်းမှု သို့မဟုတ် ပျက်ကွက်မှု ရှိနေခဲ့ပါသည်။ ၂၅ နှစ်ကာလအတွင်း ပထမအကြိမ်ကျင်းပသော အမျိုးသား ရွေးကောက်ပွဲဖြစ်ပြီး အပွင့်လင်းဆုံးဖြစ်သည့် နိုဝင်ဘာလ ရွေးကောက်ပွဲများတွင် အတိုက်ခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အပြတ်အသတ်အနိုင်ရခြင်းသည် အချို့နေရာများ၌ပြု ပြင်ပြောင်းလဲမှုများကို ပြန်လည်တွန်းအားပေးနေပုံ ပေါ်ခဲ့ သော်လည်း ယခုစာရေးနေအချိန်မှာ ခန့်မှန်းဖို့ အလွန်စောနေပါသေးသည်။

ရွေးကောက်ပွဲများ

တစ်နိုင်ငံလုံးဆိုင်ရာအမျိုးသားလွှတ်တော်ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယင်းတွင် နိုင်ငံရေး ပါတီပေါင်း ၉၁ ပါတီနှင့် ရာနှင့်ချီသောတသီးပုဂ္ဂလ အမတ် လောင်းများမှ အမတ်နေရာ ၁၁၀၀ အား ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပါသည်။ NLD သည်အမျိုး သားလွှတ်တော်ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် နှစ်ရပ်လုံးတွင် စုစုပေါင်း ၈၅ ရာနှုန်းဖြင့် အများဆုံးအနိုင်ရရှိခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ (UEC) အနေဖြင့် ရွေးကောက်ပွဲများဆိုင်ရာဦးမော့ဆောင်ရွက်ချက်များတွင်လွတ်လပ်မျှတမှုနှင့် သမာသမတ်ကျမှု ကိုရွေးကောက်ပွဲမတိုင်မှီအချိန်အထိလစ်ဟင်းနေခဲ့ပါသည်။ ကော်မရှင်ဥက္ကဌမှ စစ်အစိုးရကျောထောက်နောက်ခံ ပါတီ ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အနိုင်ရရှိမည်ဟု သူအနေဖြင့်မျှော်လင့်ထားကြောင်းကို အကြိမ်ကြိမ်ထုတ် ဖော်ပြောကြားခဲ့ပြီး ကော်မရှင်မှလည်း နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်မှ စည်းကြပ်ထားသော သတင်းမီဒီများပေါ်မှထုတ်လွှင့်သော နိုင်ငံရေးဆိုင်ရာ မဲဆွယ်စည်းလုံးရေး မိန်းခွန်းများတွင် စစ်အစိုးရအား ပြစ်တင် ဝေဖန်ရှုတ်ချခြင်းမှ တားဆီးပိတ်ပင်သည့် ညွန်ကြားချက်များ ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။

နိုင်ငံရေးအဖွဲ့အစည်းဆိုင်ရာဥပဒေများပြောင်းလဲခြင်းများနှင့် ပြင်းထန်သော ၁၉၈၂ ခုနှစ် နိုင်ငံသားဆိုင်ရာဥပဒေပြဌာန်း ချက်များကြောင့် ရိုဟင်ဂျာမူဆလင်ဟု သတ်မှတ်ခံထားရသော လက်ရှိအာဏာရလွှတ်တော်ပါတီအဖွဲ့ဝင် ၂ ဦး အပါအဝင် မူဆလင်အမတ်လောင်း ၅၀ ကျော်တို့၏လျှောက်လွှာများကို အမတ်လောင်းအရည်အချင်း ပြည့်မီမှုရှိ/မရှိ စစ်ဆေးနေချိန် တွင် ပါယ်ချခဲ့ပါသည်။ USDP နှင့် NLD ပါတီ နှစ်ခုလုံးအနေဖြင့် မြန်မာနိုင်ငံရှိ မည်သည့်အရပ်ဒေသတွင်မှ မူဆလင်အမတ်လောင်းများကို ရွေးချယ်ခဲ့မှု မရှိပဲ နိုင်ငံအနှံ့ကျင်း ပသည့် လွတ်တော်ရွေးကောက်ပွဲတွင် မည်သည့် မူဆလင်နိုင်ငံသားကိုမျှ  ထောက်ခံမဲပေးခဲ့ခြင်းမရှိပါ။ 

(ဝှိုက်ကဒ်ဟု ခေါ်ဆိုကြသော) ယာယီနိုင်ငံသားကတ်ပြားများ ကို တစ်နိုင်ငံလုံးရုပ်သိမ်းလိုက်ခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများတွင် မဲပေးရန် ယခင်ကခွင့်ပြုထားသော လူပေါင်း ၈၀၀၀၀၀ ကျော်တို့ မှာ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။ ၎င်းတို့အများစုမှာ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများဖြစ်ကြပါသည်။ 

ထိုသို့သော ပြင်းထန်သည့်ချို့ယွင်းချက်များရှိသော်ငြားလည်း ၂ လတာ နိုင်ငံရေးလှုံ့ဆော်မဲဆွယ်မှုများတွင် ခြိမ်းခြောက်ခြင်း၊ ဆူပူခြင်း သို့မဟုတ် မူမမှန်ဆောင်ရွက်ချက်များဆိုင်ရာအစီရင်ခံချက်မရှိသလောက်နည်းပါးပြီး အံ့သြရလောက်အောင်ပွင့်လင်းမှုရှိခဲ့ပါသည်။ ပါတီ လူထုစုဝေးပွဲများကို နိုင်ငံအနှံ့ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ပြီး လွတ်လွတ်လပ်လပ်ပြောခွင့်ဆိုခွင့်နှင့်သတင်းမီဒီယာများတွင်လွတ်လွတ် လပ်လပ်ရေးသားခွင့်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ထိန်းချုပ်ဟန့်တားမှုများ သိသိသာသာမရှိခဲ့ပေ။ ဆန္ဒမဲပေးခြင်းကို မဲအရေအတွက်ကို လေ့လာစောင့်ကြည့်နေသော ပြည်တွင်း ပြည်ပ စောင့်ကြည့်လေ့လာသူ များ၊ နိုင်ငံရေးပါတီများနှင့်အတူ ပွင့်လင်းမြင်သာသည့်ပုံစံဖြင့် ဆောင်ရွက်ခဲ့ပါသည်။ UEC သည်လည်း နေ့စဉ်နောက်ဆုံးရမဲစာရင်းရလဒ်များကို ရေတွက်နေသည့်ကာလတစ်လျှောက် ကျွမ်းကျွမ်း ကျင်ကျင် လုပ်ဆောင်ခဲ့ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ

တိုင်းရင်းသားလူနည်းစုအဖွဲ့အစည်းများနှင့် အတိုက်ခံပါတီများ မှ ဇွန်၊ ဇူလိုင်လများအတွင်း အမျိုးသားလွှတ်တော်တွင် ၂၀၀၈ ခုနှစ်ဖွဲ့ စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်သုံးသပ်ရန် အကြိမ် ကြိမ်မေတ္တာရပ်ခံတောင်းဆိုသော်လည်း မြန်မာစစ်အစိုးရမှ ငြင်းဆိုခဲ့ပါသည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သား ၂၅ ရာနှုန်း ကို လွှတ်တော်အမတ်နေရာ အသင့်ခန့်အပ်ထားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပြောင်းအလဲလုပ်ရန် လွှတ်တော် ကိုယ်စားလှယ်များ၏နောက်ထပ် ၇၅ ရာနှုန်း ထောက်ခံမဲပေးရ မည်ဟု သတ်မှတ်ပြဌာန်း သောကြောင့် ထိရောက်သောဗီတိုအာဏာကိုစစ်တပ်အားအပ်နှင်းထားသည်။ 

ငြင်းပါယ်လိုက်သော ပြင်ဆင်ချက်များတွင် နိုင်ငံတော်သမ္မတ ရာထူးဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်နှင့်ပတ်သက်၍ ပြောင်းလဲရန် အဆိုပြုထားသော ပုဒ်မ ၅၉(စ) ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်တွင် နိုင်ငံခြားသားအဖြစ်ခံယူထားသော သား ၂ ယောက်ရှိသောကြောင့် အတိုက်ခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားသမ္မတဖြစ်ခွင့်မှ ၎င်းပုဒ်မဖြင့် တားဆီးပိတ်ပင်ထားပါသည်။ ထ့ိုပြင်ပုဒ်မ ၂၆၁ နှင့် ၂၆၂ တို့အား ပြင်ဆင်ပေးရန် တောင်းဆိုမှုကိုလည်း ပါယ်ချခဲ့ပါသေးသည်။ ၎င်းပုဒ်မများကြောင့် မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည် နယ် ၁၅ ခုမှ ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် ၁၄ ဦး ခန့်အပ်သည့်ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးကိုယ်စားလှယ်များမှရွေးချယ်တင်မြောက် ပိုင်ခွင့် ရှိရမည့်အစား သမ္မတကသာ ရွေးချယ်တင်မြောက်ပိုင်ခွင့်ရှိနေသည်။

ဘာသာရေးဆိုင်ရာ လူနည်းစုများ

မြန်မာနိုင်ငံတွင် လူနည်းစုမူဆလင်များအား ခွဲခြားဆက်ဆံခြင်း နှင့် ခြိမ်းခြောက်မှုများ ရှိနေခြင်းအား အစွန်းရောက်မျိုးချစ်ဝါဒ သမားများတိုး ပွားလာခြင်းက သက်သေပြနေပြီး အမျိုးဘာသာသာသနာစောင့်ရှောက်ကာကွယ်ရန်အတွက် ဗုဒ္ဓဘာသာရဟန်း သင်္ဃာများဦးဆောင်သော အဖွဲ့အစည်း မြန်မာလိုအတိုကောက် မ.ဘ.သ ဟု လူသိများသည့်အဖွဲ့ ထင်ပေါ်ကျော်ဇောမှုတိုးတက်လာခြင်းကြောင့် ၂၀၁၅ ခုနှစ် တွင် ပိုမို ဆိုးရွားပြင်းထန်လာပါသည်။ 

မ.ဘ.သ အနေဖြင့် "အမျိုးဘာသာသာသနာ စောင့်ရှောက် ကာကွယ်ရေးဥပဒေများ" အမည်အောက်တွင် မေလထုတ် ပြန်ခဲ့သည့် လူဦးရေ တိုးပွားခြင်းဆိုင်ရာ ထိန်းညှိရေး ဥပဒေ၊ ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အထူးဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူး ပြောင်းရေး ဆိုင်ရာ ဥပဒေ နှင့် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် တစ်လင်တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ စသည့် ဥပဒေ ၄ ရပ် ချမှတ်ရန် အစိုးရအား အောင်မြင်စွာ တိုက်တွန်းနိုင်ခဲ့ပါသည်။ ထိုဥပဒေ ၄ ရပ်လုံးသည် နှိမ့်ချ/ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး ဘာသာရေးလွတ် လပ်ခွင့်ကို ထိပါးစေပါသည်။ ဥပမာ - ထိုဥပဒေများသည် ဗုဒ္ဓဘာသာမဟုတ်သော အမျိုးသားတစ်ယောက်ကို လက်ထပ် ထိမ်းမြားလိုက် သော—သို့မဟုတ် လက်ထပ်ရန် ကြိုးစားနေ သော ဗုဒ္ဓဘာသာဝင်အမျိုးသမီးအတွက် အထူးအခွင့်အရေးပေးသည့် ဥပဒေများချ မှတ်ပေး ထားပြီး၊ ကွာရှင်းခြင်း၊ ကလေးစောင့်ရှောက်ခွင့်အား ပယ်ဖျက်ခြင်း၊ အိမ်ထောင်ဖက်နှစ်ဦးပိုင်ဆိုင်ခွင့်ရှိသော ပစ္စည်းဥစ္စာများအား ရရှိပိုင်ခွင့် မရခြင်း၊ အလားလာရှိသည့် ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်များ စသည်တို့နှင့် စပ်လျဉ်းပြီး စီရင်ချက်ချရာတွင် ရှင်းလင်းစွာ သတ်မှတ်ထားခြင်းမရှိပဲ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သော အရေးယူဆောင်ရွက်ချက်များကို အခြေပြုထားသည့်အပြင် သတ်မှတ်ထားသည့်လူမျိုးစုများမှ မွေးဖွားနိုင် သည့် ကလေးအရေအတွက်ကို ထိန်းချုပ်ပိုင်ခွင့်အား အာဏာပိုင်များ လက်ဝယ်တွင် ပေးထားပါသည်။ 

တစ်နည်းဆိုရလျှင် လွှတ်တော်သည် အမျိုးသမီးများ၏ အခွင့်အရေးများဆိုင်ရာခုခံကာကွယ်မှုများကို အားပေးသော ဥပဒေမူကြမ်းဖြစ်သည့် အမျိုးသမီးများအကြမ်းဖက်ဆန့်ကျင် ရေးဆိုင်ရာ ပြည့်စုံသောဥပဒေတစ်ရပ်ကို မထုတ်ပြန်ခဲ့ပါ။ 

ထိုဥပဒေများကို လူသိရှင်ကြားဝေဖန်သော မြန်မာပြည်သူ လူထု အဖွဲ့အစည်းခေါင်းဆောင်များမှာ မ.ဘ.သ ထိပ်တန်း ခေါင်းဆောင်ကြီးများ၏ "သစ္စာဖောက်" ဟု စွပ်စွဲပြောဆိုခံနေ ရပြီး အချို့သူများမှာ အသက်အန္တရာယ်ခြိမ်းခြောက်မှုများဖြစ် သည်အထိ ရင်ဆိုင်ခဲ့ရသည်ဟု သိရပါ သည်။  စက်တင်ဘာလအတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ဘာသာရေးအလွဲသုံးစားမှုများကိုဆန့်ကျင်သည့်လူသိရှင်ကြားကြေညာ မှုတစ်ရပ်အား ရန်ကုန်မြို့ရှိ သံရုံး ၉ ရုံးမှ ပြုလုပ်ခဲ့ကြသောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရှုံ့ချကန့်ကွက်ခဲ့ရသည်။

အချို့သောနိုင်ငံရေးပါတီများ၊ မှတ်မှတ်ရရ NLD ပါတီ တို့သည် ထိုဥပဒေများကို ဆန့်ကျင်မဲပေးနေစဉ်တွင် အခြားသော နိုင်ငံရေး အရိုက်အရာကြီးပုဂ္ဂိုလ်များမှ မြန်မာနိုင်ငံကို မူဆလင်များခြိမ်းခြောက် မှုအန္တရာယ်မှ ခုခံကာကွယ်မည့် ပုံစံဖြင့် ယင်းဥပဒေကို အား ပေးလုပ်ဆောင်ခဲ့ကြပါသည်။  စက်တင်ဘာလတွင် ရွေးကောက်ပွဲဆိုင်ရာ နယ်လှည့်ခရီးဆောင်ရွက်နေစဉ် ထိုဥပဒေများကို ချမှတ်ခဲ့ သည့်အတွက် လူမှုရုပ်သံသတင်းမီဒီယာတွင်သမ္မတဦးသိန်းစိန်အား အသိအမှတ်ပြုထောက်ခံခဲ့ပါသည်။ မ.ဘ.သ သည် အစ္စလာမ် များ၏ "ကျူးကျော်ဝင်ရောက်မှု" ကို ဗုဒ္ဓဘာသာဝင်များ၏ယုံကြည်မှုဖြင့် ကာကွယ်နိုင်ခဲ့ပါပြီဟု ကြွေးကြော်လျှက် နိုင်ငံအနှံလူထု အောင်ပွဲခံစည်းရုံးရေးပွဲများ ကျင်းပခဲ့ပြီး အချို့သောအခြေအနေများတွင် USDP ကို ထောက်ခံကြောင်းကြေငြာပြီး ရွေးကောက်တင် မြောက်ရေး ဆိုင်ရာ နိုင်ငံရေးထဲတွင် တစတစတိုး၍ လှုပ်ရှားလာပါသည်။

ထင်ရှားကျော်ကြားသော မ.ဘ.သ အဖွဲ့ဝင်နှင့် "၉၆၉" မူဆလင်ဆန့်ကျင်ရေးသပိတ်မှောက်လှုပ်ရှားမှုခေါင်းဆောင်ဦးဝီရသူ မှမြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးအရာရှိ ယန်ဟီလီး (Yanghee Lee) မြန်မာနိုင်ငံ သို့ ဇန်နဝါရီလတွင် အလည်ရောက်ရှိစဉ်အ တွင်း "ခွေးမ" ၊ "ဖာသည်မ" ဟု ခေါ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် နောက်လိုက်နောက်ပါများကိုလည်း သူမအား တိုက်ခိုက်ရန် တိုက်တွန်းခဲ့ပါသည်။ အစိုးရအနေဖြင့် ဤလှုံ့ဆော်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုန့်ပြန်ဆောင်ရွက်မှု မရှိခဲ့ပါ။ ထို့အပြင် မြန်မာနိုင်ငံရှိ ထင်ရှားကျော် ကြားသည့် မည်သည့်ပြည်သူလူထုတစ်ဦးတစ်ယောက်မှလည်း မ.ဘ.သ သို့မဟုတ် ယင်းအဖွဲ့၏အပေါင်းပါ လူထုအဖွဲ့ မှ အားပေးနေသည့် နှိမ့်ချ/ ခွဲခြားဆက်ဆံခြင်းနှင့်ခြိမ်းခြောက်မှု တို့ ပြင်းထန်လာခြင်းအပေါ် ပွင့်ပွင့်လင်းလင်းဝေဖန်ရှုံ့ချမှု မရှိပေ။

အဖွဲ့အစည်းနှင့် လူထုစုဝေးမှုဆိုင်ရာ လွတ်လပ်ခွင့်

အစိုးရမှ နိုင်ငံရေးတက်ကြွသူများအား ထောင်သွင်းအကျဉ်းချမှု ကို ရပ်တန့်ရန် ကတိပေးကြိုးပမ်းမှုသည် ဆုတ်ယုတ်လာသည် နှင့်အမျှ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ နိုင်ငံရေးအကျဉ်းသား အရေအတွက် များပြားခဲ့ပါသည်။  နှစ်ကုန်ပိုင်းတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်း လှည့်လည်ခွင့်ဆိုင်ရာ နည်းလမ်းမကျသောဥပဒေ နှင့် အခြားနိုင်ငံရေးပြစ်မှုများအား ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်များဖြင့်ခန့်မှန်းခြေ လူပေါင်း ၁၁၂ ယောက်ကိုထောင်သွင်းအကျဉ်းချခဲ့ပြီးအကျဉ်းသားအများအပြားကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် ၂၀၁၂ ခုနှစ် နောက် ပိုင်းမှ စ၍ ယင်းဖြစ်ရပ်များ သိသိသာသာ တိုးပွားလာခဲ့သည်။ အနည်းဆုံး ၄၈၆ ယောက်မျှ တရားရင်ဆိုင်ခဲ့ရပါသည်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုများကို ကြီးကြပ်ကွပ်ကဲ ရန် ညွန့်ပေါင်းကော်မတီခေါင်းဆောင်အဖွဲ့ - အား အစိုးရကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသမားဟောင်းများ၊  နိုင်ငံရေးပါတီများဖြင့် စတင်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သော်လည်း ဖေဖော်ဝါရီလ တွင် ခေါင်းမာသည့် လက်ရှိတာဝန်ထမ်းဆောင်နေ သော တပ်မတော်အရာရှိဖြစ်သည့် ဒုတိယပြည်ထဲရေးဝန်ကြီးနှင့် ပြောင်းလဲခဲ့ပြီး ၎င်းအား ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပါသည်။ ထင်ရှားကျော်ကြားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဘိုကြည်အား ကော်မတီမှ ဖယ်ရှားခဲ့ပါသည်။ 

၂၀၀၇ ခုနှစ်မှစ၍ ဆန္ဒပြသူများကို ဆန့်ကျင်တိုက်ခိုက်ရန် တာဝန်ပေးအပ်ခြင်းမခံခဲ့ရသော စွမ်းအားရှင်အဖွဲ့ဝင်များ (စွမ်းအားရှင်အဖွဲ့)  ဖြစ်သည်ဟု ယူဆရသော အရပ်ဝတ်နှင့်အရန် ရဲတပ်ဖွဲ့မှ အစိုးရ၏ပညာရေးဆိုင်ရာဥပဒေကိုဝေဖန်ရှုံ့ချရန် ငြိမ်းချမ်းစွာစုဝေးနေကြသော ၈၈ မျိုးဆက်သစ် ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဆန္ဒပြကျောင်းသူ/သားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပါဝင်သည့် အဖွဲ့ငယ်ကို မတ်လ ၅ရက်နေ့တွင်တိုက်ခိုက်ခဲ့ပါသည်။  ထို့နောက် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပါသည်။ 

၅ ရက် ကြာပြီးနောက် မတ်လ ၁၀ ရက်နေ့တွင် လက်ပံတန်းမှ ရန်ကုန်သို့ ဆန္ဒပြချီတက်လာသောဆန္ဒပြကျောင်းသူ/သားများပါဝင်သည့် အဖွဲ့ငယ်ကို လုံခြုံရေးတပ်များမှ ပိတ်ဆို့တားဆီး ခဲ့ပါသည်။ ထိုအတားအဆီးကို ဖြိုဖျက်ရန် ကျောင်းသူ/သားများမှ ကြိုးစားအားထုတ်နေ ချိန်မှာ ရဲတပ်ဖွဲ့များမှ စည်းမျဉ်းစည်းကမ်း များကို ချိုးဖောက်ကာ ကျောင်းသူ/သားများကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး ၈၀ကျော်ကိုဖမ်း ဆီးလိုက်ပါသည်။ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ဒါဏ်ရာရရှိခဲ့သော ကျောင်းသူ/ သားသည် အခြေခံဆေးဝါးပြုစုစောင့်ရှောက်မှုကိုသာရရှိ ခဲ့သည်ဟု ၎င်းတို့မှ ပြောပြပါသည်။ ယခု စာရေးသားနေချိန်မှာ လူထုအုံကြွရန်လှုံ့ဆော်မှု၊ ရဲအရာရှိများကို တိုက်ခိုက်စော်ကားမှု၊ တရားမ ဝင်လူထုစုဝေးခြင်းများနှင့် စွဲချက်တင်ခံနေရသော ကျောင်းသူ/သားဦးရေ ၅၀ သာယာဝတီအကျဉ်းထောင် အချုပ်ခန်းထဲတွင် ကျန်ရှိနေပါ သည်။

မတ်လ အကြမ်းဖက်မှုဖြစ်ပြီးနောက် လူ့အဖွဲ့အစည်းကို ထိန်းသိမ်းကြပ်မတ်ရန်နှင့် လူထုထိန်းချုပ်ရေးစီမံကိန်း တစ်စိတ်တစ်ဒေသအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နည်းပညာ အထောက်အကူပေးနေသော ဥရောပသမဂ္ဂမှ အစိုးရအာဏာပိုင်များကို ဝေဖန်ချုံ့ချခဲ့ပြီး စုံစမ်း စစ်ဆေး မှုများလုပ်ရန် တောင်းဆိုခဲ့ပါသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အာဏာပိုင်များကို ထိပါး စော်ကားရန် ပြုမှုဆောင် ရွက်ခဲ့သော ဆန္ဒပြကျောင်းသူ/သားများအပါအဝင် ဥပဒေချိုး ဖောက်သောရဲများအား ပြစ်ဒါဏ်ပေးသွားရန် တောင်းဆိုသော အစီရင်ခံစာတစ်စောင်အား ထုတ်ပြန်ခဲ့သည်။ ယခု စာရေးနေချိန်တွင် မည်သည့် ရဲအရာရှိများကိုမှ အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ပါ။

မြန်မာနိုင်ငံမှ လယ်ယာမြေအခွင့်အရေးတက်ကြွလှုပ်ရှားသူများ ကို ဖမ်းဆီးပြီး တရားမဝင်လူစုဝေးခြင်းပြစ်မှုဖြင့်လည်းကောင်း၊ လယ်ယာ မြေကျူးကျော်သိမ်းပိုက်ခြင်းနှင့် ဖယ်ရှားပစ်ခြင်းများ အား ခုခံကာကွယ်သည့်ပြစ်မှုများဖြင့်လည်းကောင်း တရားစွဲ ဆိုခဲ့ပါသည်။ အစိုးရအာ ဏာပိုင်များသည် ဇွန်လနှင့် သြဂုတ်လများတွင် မတရားသဖြင့်သိမ်းပိုက်ခဲ့သောလယ်ယာမြေများအတွက် လျော်ကြေးငွေနှင့်တရားသဖြင့် ဆောင်ရွက်ပေးပါရန် တောင်းဆိုနေကြသော လယ်ယာမြေအခွင့်အရေးတက်ကြွ လှုပ်ရှားသူများနှင့် ကရင်ပြည်နယ်မှ လယ်သမားများကို ဖမ်းဆီးခဲ့ပါသည်။ စုစုနွယ်ကဲ့သို့ ထင်ရှားကြော်ကြားသော နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကိုလည်း ၂၀၁၅ ခုနှစ်တွင်ဖမ်းဆီးခဲ့ပြီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူဟောင်း နော်အုန်းလှ အပါအဝင် မုံရွာမြို့လက်ပံေတောင်းကြေးနီစီမံကိန်းအတွက် ရေရှည်ဆန္ဒပြ ကန့်ကွက်နေသော ခေါင်းဆောင်များကို ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြသခဲ့သောကြောင့် အစိုးရအာဏာပိုင်များမှ ၎င်းတို့အား ထောင်ဒါဏ် ၄ နှစ် ကျခံစေရန် ပြစ်ဒါဏ်ချမှတ်ခဲ့ပါသည်။

မြန်မာနိုင်ငံမှ လိင်တူဆက်ဆံသော မိန်းမ၊ ယောကျၤား၊ လိင်နှစ်မျိုးဆက်ဆံသူ၊ လိင်ပြောင်းလဲထားသူတို့အပေါ် စက်ဆုပ်ရွံရှာလာအောင် လုပ်ဆောင်နေသည့်သူများတွင် အစိုးရထိပ်တန်းအရာရှိများကိုယ်တိုင် ပါဝင်နေပြီး လိင်ပြောင်းလဲထားသော လူများကို ဖမ်းဆီးပြီး "ပညာ ပေးရန်" ရဲတပ်ဖွဲ့အား ခိုင်းစေသော လုံခြုံရေးဝန်ကြီး တို့လည်း အပါအဝင်ဖြစ်သည်။

ဒုက္ခသည်များ

၂၀၁၅ ခုနှစ်တွင် ရိုဟင်ဂျာမူဆလင်များသည် ၎င်းတို့၏မိသား စုများနှင့်အတူ မြန်မာနိုင်ငံနှင့် ဘင်္ဂလားနိုင်ငံများမှ မှောင်ခိုကူး လှေကလေး များဖြင့် ရေကြောင်းမှအစုလိုက်အပြုံလိုက်ထွက်ပြေးတိမ်းရှောင်မှုသည်ကြောက်ကမန်းလိလိ များပြားခဲ့ပြီး ရံဖန်ရံခါ ဘင်္ဂလားရွေ့ပြောင်း လုပ်သားများနှင့် ပူးပေါင်းခဲ့ကြ သည်။ 

၂၀၁၄ ခုနှစ် ဇန်နဝါရီလနှင့် ၂၀၁၅ မေလကြားတွင် ထွက်ပြေး ခဲ့သူပေါင်း ၉၄၀၀၀ ခန့်ရှိသည်ဟုကမ္ဘာ့ကုလသမဂ္ဂနိုင်ငံများမှ ခန့်မှန်းတွက် ချက်ထားပါသည်။ ၂၀၁၅ ခုနှစ် မေလတွင် လှေပေါ်သောင်တင်နေသည့် လူပေါင်း ၅၀၀၀ ခန့်သည် လူ့မှောင်ခိုကူးသမားများ၏ စွန့်ပစ်ခြင်း ခံခဲ့ရပြီး ၎င်းသူတို့အား ထိုင်း၊ မလေးရှား၊ နှင့် အင်ဒိုနီးရှားနိုင်ငံများမှလည်း ဝင်ခွင့်မ ပြုခဲ့သဖြင့် ယင်းအခက်အခဲအတွင်း အနည်းဆုံးလူပေါင်း ၇၀ ခန့် သေဆုံးခဲ့ရသည်။ိနိုင်ငံတကာ သတင်းမီဒီယာများ၏အလေးအနက်ထား စောင့်ကြည့်သတင်းထုတ်ပြန်ပြီး နောက်ဆုံးတွင် မလေး ရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ထိုလှေကလေးများကို ကမ်းကပ်ခွင့်ပြုခဲ့ ပြီး ရောက်လာသူများကို ချက်ချင်းဖမ်းစီးထိန်းသိမ်းခဲ့ပါသည်။ 

ထိုင်းနိုင်ငံမှ တရားဝင်လှေကပ်ခွင့်မပြုခဲ့သော်လည်း ထိုလှေများ အတင်းကမ်းကပ်သောအခါ အာဏာပိုင်ပုဂ္ဂိုလ်များမှ ထိုလှေများတွင်စီး နှင်းလိုက်ပါလာသောလူများကို ဖမ်းဆီးထိန်း သိမ်းခဲ့ပါသည်။ မြန်မာအာဏာပိုင်များဖမ်းဆီးရမိသောလှေများကိုရခိုင်ပြည်နယ်မောင်းတော မြို့သို့ ဆွဲယူလာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပို့ပေးခဲ့ပါသည်။ 

မေလ ၂၉ ရက်နေ့တွင် ထိုင်းအစိုးရမှ ဘန်ကောက်မြို့တွင် ဒေသဆိုင်ရာညီလာခံပွဲတစ်ခု ကြီးမှုးကျင်းပခဲ့ပါသည်။ ထိုညီလာခံပွဲသို့ နိုင်ငံ ပေါင်း ၁၇ နိုင်ငံတက်ရောက်ခဲ့ပြီး ရေကြောင်းထွက်ပြေးတိမ်းရှောင်မှု ဆက်လက်ဖြစ်ပွားစေသည့် ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာများအိုးမဲ့ အိမ်မဲ့ ဖြစ်ရခြင်းနှင့် ညှင်းပန်းနှိပ်စက်ခံရမှုတို့ကို လိုအပ်သလောက် ဖြေရှင်းမှု မပြုနိုင်ခဲ့ပါ။  ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်အတွင်း ရေကြောင်းသွားလာရေး အခြေအနေများတိုးတက်လာသော ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြောင့် ခိုကိုးရာမဲ့ ရိုဟင်ဂျာလူမျိုးများ ရေကြောင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဖြစ်ရပ်မှာပြန်လည်စတင်လာနိုင်ကြောင်းစောင့်ကြည့် လေ့လာသူများက ဤစာတမ်းရေးသားနေချိန်ကပင် ကြိုတင်ခန့်မှန်းခဲ့ကြသည်။

ရိုဟင်ဂျာမူဆလင်အများစုဖြစ်သည့် လူပေါင်း ၁၄၀၀၀၀ တို့သည် ရခိုင်ပြည်နယ်ရှိနိုင်ငံတွင်းအိုးအိမ်စွန့်ခွာပြေးသူများစခန်းများတွင် ဆက် လက်ရှိနေပြီး သွားလာမှု တင်းတင်းကျပ်ကျပ် ကန့်သတ် ထားသဖြင့် အခြေခံဝန်ဆောင်မှုများသာ ရရှိပါသည်။  လူသားချင်းစာနာရေးအဖွဲ့များမှ ယင်းဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာကြည့်ရှုနိုင်မှုမှာ ၂၀၁၅ ခုနှစ်တွင် အတိုင်းတာတစ်ခုထိ တိုးမြင့်လာခဲ့သော်လည်း ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများအား အနည်းငယ်သာထောက်ပံ့ပေးထားသဖြင့် စိုးရိမ်စရာကောင်း သောအခြေအနေတွင်သာ ရှိနေသေးသည်။ ဒုက္ခသည်စခန်းများ၏ အခြေအနေညံ့ဖျင်းမှုနှင့် ရိုဟင်ဂျာများ ကို တဖန်အကြမ်းဖက်ခြိမ်း ခြောက်မှုများသည် ရေကြောင်းဖြင့် အစုလိုက်အပြုံလိုက်ထွက်ပြေးတိမ်းရှောင်ရန် အဓိကတွန်းအား ပေးမှုတစ်ရပ် ဖြစ်နေသည်။  အကောင်းဖက်မှပြောရလျှင် ၂၀၁၅ ခုနှစ်တွင် အစိုးရသည် နိုင်ငံတကာမှ အိုးအိမ်စွန့်ခွာပြေးသူ (IDPs) ခန့်မှန်းခြေဦးရေ ၁၀၀၀၀ ခန့်ကို ကူညီပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ၎င်းတို့ စွန့်ခွာပြေး ခဲ့ရသောနေရာများတွင် နေအိမ်များပြန်လည်ဆောက်လုပ်ရန် ကူညီပေးခဲ့ပါသည်။

ပြည်တွင်းစစ်ပွဲဖြစ်သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော ခန့်မှန်းခြေဒုက္ခသည်ဦးရေ ၁၁၀၀၀၀ တို့သည် ထိုင်းနိုင်ငံအနောက်မြောက်ဘက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ပြည်တွင်း၊ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နှင့် ထိုင်းအစိုးရတို့သည် ဤအဖွဲ့အတွင်းရှိလူများအား ၎င်းတို့ဆန္ဒအရပြန်လည်ပို့ ဆောင် ပေးရန်အတွက် အစီအစဉ်တစ်ခုကို ဆက်လက်ဆွေးနွေး နေကြပါသည်။ ဒုက္ခသည်များသည် ၎င်းတို့နေအိမ်ပြန်ရေး အစီအစဉ်တွင် သူတို့ပြန်သွားရမည့်နယ်မြေအချို့တွင် မြေမြုပ်မိုင်းများ ရှိနေခြင်းအပါအဝင် မြန်မာနိုင်ငံ၏ မသေချာသည့် လုံခြုံရေးအခြေအနေနှင့် ပူးပေါင်းပါဝင်ရန် လုံလောက်သည့် အနေအထားမရှိမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပင်မူများ ရှိနေကြကြောင်းကို ဆက်လက်ဖော်ပြနေကြပါသည်။  

တိုင်းရင်းသား ပဋိပက္ခနှင့် အတင်းအဓမ္မရွှေ့ပြောင်းခြင်း

မြန်မာစစ်အစိုးရနှင့် အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်းများကြား လက်နက်ကိုင်တိုက်ခိုက်မှု ပဋိပက္ခသည် ၂၀၁၅ ခုနှစ်တွင် ပိုမိုပြင်းထန်လာခဲ့ပါသည်။ မြန်မာစစ်အစိုးရနှင့်ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့ကြား တိုက်ပွဲများသည် သဘာဝသံယံဇာ တထုတ်ယူသုံး စွဲမှုနှင့်ပတ်သက်၍ အခြေတင်အငြင်းအခုံများပါဝင်ပြီး မကြာခဏ ဖြစ်ပွားကြသည်။ 

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်အစိုးရနှင့် တအမ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား အပြန်အလှန် တိုက်ခတ်ခြင်း၊ မကြာခဏရခိုင်တပ်မတော်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတပ်မတော်များမှ လက်နက်ကိုင်သမားများ ပူးပေါင်းပါဝင်ပြီး တစ်နှစ်ပတ်လုံး တိုက်ခိုက်ကြပါသည်။ ထိုပဋိပက္ခကြောင့် ထောင်ပေါင်းများစွာသော အရပ်သားများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။ ရှမ်းပြည် ပြည်မတွင် မြန်မာအစိုးရနှင့် ရှမ်းလက်နက်ကိုင်တပ်မ များကြား အပြန်အလှန်တိုက်ခတ်မှုသည်လည်း နိုင်ဝင်ဘာလ ရွေးကောက်ပွဲအချိန်များတွင် ပိုမိုပြင်းထန်လာခဲ့ပြီး အရပ်သား ၆၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မြန်မာကြက်ခြေနီလူ့အဖွဲ့ အစည်း၏သယ်ဆောင်ရေးယာဉ်တန်းကို အမည်မိသိတိုက်ခိုက်ရေး သမားများမှ တိုက်ခိုက်ခဲ့သောကြောင့် စေတနာ့ဝန်ထမ်း ၂ ဦး ထိခိုက်ဒါဏ်ရာရခဲ့ပါသည်။ ထိုဒဏ်ရာရသူတို့သည် ရှမ်းပြည်နယ်ထဲမှ တိုက်ခိုက်မှုကြောင့် အိုးမဲ့အိမ်မဲ့အရပ်သားများအား ရွေ့ပြောင်းပေးခဲ့သည့် ကြက်ခြေနီသယ်ဆောင်ရေးမှ အဖွဲ့ဝင်များဖြစ်သည်။ ၄ ရက်ကျော်လွန်ပြီးနောက် လောက်ကိုင်ဒေသမှ ဖြတ်သန်းလာသော သတ်မှတ်ထားသည့်ကြက်ခြေနီ သယ်ဆောင်ရေးအား တိုက်ခိုက်ရာတွင် မြန်မာကြက်ခြေနီစေတ နာ့ဝန်ထမ်း တစ်ဦး ထိခိုက်ဒါဏ်ရာ ရခဲ့ပါသည်။

မတ်လတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသတွင် စစ်တပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) မှ တပ်ဖွဲ့များနှင့် အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ မြန်မာအစိုးရတပ်ဖွဲ့များသည် MNDAA နှင့် တိုက်ခိုက်စဉ် အတွင်း လေကြောင်းမှ တိုက်ခိုက်ပြီး အမြောက်လက်နက်ကြီး များ မဆင်မခြင်အသုံးပြုခဲ့သည်ဟု သိရပါသည်။  ကိုးကန့်ပိုင်နက်နယ်မြေများမှ ထောင်ပေါင်းများ စွာ သော အရပ်သားများမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး တရုတ်ပြည်သို့ အများအပြား ထွက်ပြေးသွားခဲ့သည်။

မြန်မာ အစိုးရသည် ၂၀၁၅  ခုနှစ်တွင် အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အပြီးသတ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ယင်းအစား ကချင်ပြည်နယ်ရှိ တိုက်ပွဲများ မစမီကပင် ပဋိပက္ခများ အရှိန်မြင့်လာပြီး ၂၀၁၃ ခုနှစ်တွင် ယာယီစစ်ပြေငြိမ်းရေးအတွက် မပြေမလည်ဖြစ်ခဲ့ရသည်။ မြန်မာ စစ်တပ်၏ တားဆီးပိတ်ဆို့မှုများကြောင့် နိုင်ငံတကာ အကူအညီ အနည်း ငယ်လက်ခံရရှိသော KIA မှထိန်းချုပ်ထားသော နယ်မြေများတွင် ဒေသတွင်းအိုးအိမ်မဲ့ များစွာနှင့် အတူ ကချင်တိုင်းရင်းသား ၁၃၀၀၀၀ ကျော်သည် ယင်းစခန်းများတွင် ဆက်လက် နေထိုင်ဆဲဖြစ်သည်။ 

ကလေးစစ်သား 

တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူများအား အတင်းအကြပ်လက်နက်ကိုင်ခိုင်းသည့် အစိုးရစစ်တပ်များကဲ့သို့ပင် မြန်မာ စစ်တပ်သည် စစ်မိန့် စစ်အာဏာဖြင့် ကလေးစစ်သားများကို ဆက်လက်စုဆောင်း အသုံးပြုလျက်ရှိပြီး အစိုးရမဟုတ်သော အခြားလက် နက်ကိုင်အဖွဲ့များမှလည်း ကလေးစစ်သားများ အသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။ မြန်မာစစ်တပ်အနေဖြင့် ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရန် UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းရန် သဘောတူညီထားသည့် ၂၀၁၂ခုနှစ် လုပ်ဆောင်ချက် စီမံကိန်းအား ထောက်ပံ့ကူညီလျက်ရှိပြီး စစ်တပ်နှင့် စစ်အခြေစိုက် စခန်းများကို သွားရောက်ကြည့်ရှုရန် ခွင့်ပြုထားသည်။

အရေးပါသည့် နိုင်ငံတကာလုပ်ဆောင်သူများ

မြန်မာ နိုင်ငံ အပေါ် သြဇာညောင်းသော မိတ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂနှင့် သြစတေးလျနိုင်ငံ များသည် အခြေခံလွတ်လပ်ခွင့်များအပေါ် ချိုးဖောက်မှုအသစ်အသစ်များကြောင့် စိုးရိမ် ပူပန်မှုများတိုးလာနေသော်လည်း သိန်းစိန်အစိုးရ၏ အနည်းငယ်သော ပြုပြင်ပြောင်းလဲမှုများကို ထောက်ပံ့ကူညီလျက်ရှိသည်။ UEC နှင့် ပါတီများ၏စီမံခန့်ခွဲလုပ်ဆောင်မှု အပြင် အတော်အသင့် ပွင့်လင်းသော နိုဝင်ဘာ ရွေးကောက်ပွဲ အပေါ် အစိုးရများစွာမှ ချီးကျူးခဲ့ကြသည်။ 

အီးယူ အနေဖြင့် ကုလသမဂ လူ့အခွင့်အရေးကောင်စီ (HRC) နှင့် ၂၀၁၅ ခုနှစ်အထွေထွေ ညီလာခံမှ မြန်မာနိုင်ငံ၏ ကြေညာချက်အပေါ် ဆက်လက်ကူညီ ထောက်ပံ့ဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ နှင့် အခြားလူနည်းစုများအပေါ် နှိပ်ကွပ်မှုများအား ရှုတ်ချကြောင်း HRC မှကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့၍ အုပ်စုများအားလုံးအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်မှုများရရှိစေရန် မြန်မာအစိုးရအား မေတ္တာရပ်ခံခဲ့သည်။

တရုတ်နိုင်ငံမှ လူ့အခွင့်အရေးပြဿနာများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် တရုတ်လူမျိုး အမြောက်အမြားသေဆုံးခဲ့ရသည့် နယ်စပ်ဖြတ်ကျော်လာသော ကိုးကန့်တိုက်ပွဲအား ရပ်တန့်အောင်မပြုလုပ်နိုင်သည့်အတွက် မြန်မာ အစိုးရအပေါ် သိသိသာသာ ဝေဖန်ထိုးနှက်ခဲ့သည်။

ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ ဆက်လက်ရောင်းချလျက်ရှိပြီး မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် စစ်ရေးအ ရဆက်စပ်မှုများရှိဆဲဖြစ်ကြောင်း ဖော်ပြသော အစီရင်ခံစာများရှိသည်။  ၂၀၁၅ ခုနှစ်တွင် အမေရိကန်၊ ဗြိတိန် နှင့် ဂျပန် တို့သည်မြန်မာ နိုင်ငံနှင့် စစ်တပ်အချင်းချင်း ကန့်သတ်ပူးပေါင်း ဆက်သွယ်မှုများ ရှိခဲ့ပါသည်။