ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အစိုးရသည် တိုင်းပြည်အား လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးကြီးထဲသို့ ပို၍ပို၍ တွန်းပို့နေခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လက်နက်ကိုင်အဖွဲ့များနှင့်တကွ လူထုကြီးတစ်ရပ်လုံး၏ တွန်းလှန်မှုနှင့် ရင်ဆိုင်နေရသော စစ်တပ်သည် တိုင်းပြည်ကို ဆက်လက်ချုပ်ကိုင်နိုင်ရန် ရုန်းကန်ကြိုးစားနေရသည်။ ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးခြင်းများ၊ ညှင်းပန်းနှိပ်စက်ခြင်းများ၊ တရားလက်လွတ်သတ်ဖြတ်ခြင်းများနှင့် အရပ်သားများမရှောင် ဗုံးကြဲတိုက်ခိုက်ခြင်းစသည်တို့ကို နိုင်ငံအနှံ့ စနစ်တကျ ကျူးလွန်နေသော စစ်တပ်၏ ချိုးဖောက်မှုများမှာ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာရောက်သည်။ အာဏာသိမ်းကတည်းက  အရေးပေါ်အခြေအနေကို စစ်တပ်မှ ကြေညာခဲ့ပြီး ဒါဇင်နှင့်ချီသော မြို့နယ်များမှာလည်း စစ်အုပ်ချုပ်ရေးအောက်မှာရှိနေဆဲ ဖြစ်သည်။ အချို့သော နိုင်ငံများမှ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း နိုင်ငံတကာ၏တုံ့ပြန်မှုသည် မြန်မာစစ်တပ်၏ကျူးလွန်ချိုးဖောက်မှုများ ရပ်တန်းက ရပ်သွားရန် လုံလောက်မည်မဟုတ်ပေ။

Myanmar country map

News