Skip to main content

မြန်မာ: ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်မှုကိုတရားမစွဲပါနဲ့

ဝေဖန်သူများအားဖမ်းဆီးထောင်ချခြင်းကို အစိုးရမှကာကွယ်ပေးရန် ပျက်ကွက်နေခြင်း၊

(ရန်ကုန်)--မြန်မာနိုင်ငံအစိုးရအနေဖြင့်ငြိမ်းချမ်းစွာဝေဖန်သောသူများ၏လွတ်လပ်စွာထုတ်ဖော် ပိုင်ခွင့်ကိုချိုးဖောက်ရာရောက်သည့်အပြစ်ပေးအရေးယူခြင်းများအားရပ်တန့်ရန် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ယနေ့တွင်ပြောကြား လိုက်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင် သောအစိုးရအနေဖြင့် အကြမ်းမဖက်သည့်ထုတ်ဖော်မှုများ၊ ပြောဆိုမှုများကို ရာဇဝတ်ပြစ်ဒဏ် တပ်သည့် ဥပဒေများအား ပြုပြင်ခြင်း၊ပယ်ဖျက်ခြင်းများပြုလုပ်သင့်ပါသည်။

ငြိမ်းချမ်းစွာထုတ်ဖော်သူများအပေါ်အရေးယူနေမှုများ၊ ၎င်းတို့၏အခြေခံအခွင့်အရေးများကိုချိုး ဖောက်သောဖမ်းဆီးမှုများအားရပ်တန့်ရန်နှင့် ဖမ်းဆီးခံထားရသူများအားပြန်လည်လွှတ်ပေးရန် အတွက်မြန်မာနိုင်ငံသို့ကူညီထောက်ပံ့ပေးနေသူများအနေဖြင့်အစိုးရအား ဖိအားပေးတောင်းဆို သင့်သည်ပုာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကပြောပါသည်။

“မြန်မာအစိုးရသစ်ထဲမှာနိုင်ငံရေးအကျဉ်းသားပောာင်း ၁၀၀ ကျော်ပါနေပေမယ့်လည်း၊ ငြိမ်းချမ်း စွာထုတ်ဖော်မှုကို အပြစ်ပေးအရေးယူဖို့အတွက်သုံးစွဲနေတဲ့ဥပဒေတွေကို ပယ်ဖျက်ဖို့နေရာမှာ တော့တော်တော်လေးကိုအားနည်းနေပါတယ်။” ပာုလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏အာရှရေး ရာဒါရိုက်တာ Brad Adams ကပြောပါသည်။ “အဲဒီလိုဥပေဒတွေကိုပယ်ဖျက်ရမယ့်အစား၊ အ စိုးရသက်တမ်းရဲ့ပထမနှစ်အတွင်းမှာကိုပဲ ငြိမ်းချမ်းစွာ ပြောဆိုတဲ့ နိုင်ငံရေးဆိုင်ရာဝေဖန်ထုတ်ဖော် မှုတွေကိုအရေးယူမှုတွေတိုးတာလာကိုတွေ့ရပါတယ်” ပာုဘရက်အက်ဒန်စ်ကဆက်ပြောပါသည်။

အီလဲဗင်းမီဒီယာ (Eleven Media) ၏အယ်ဒီတာချုပ်ဝေဖြိုးနှင့်စီအီးအို (CEO) ဖြစ်သောသန်းထွတ် အောင်တို့သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အား လာဘ်စားမှုတစ်ခုနှင့်ပတ်သတ်ပြီးစွပ်စွဲရေး သားထားသည့်ဆောင်းပါးတစ်ခုအတွက်၂၀၁၇ခုနှစ် ဇန်နဝါရီလ၂၇ရက်နေ့တွင်အသေရေဖျက်မှုဖြင့် တရားရင်ဆိုင်ရမည်ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့်အဆိုပါသတင်းဆောင်းပါးအား ပြန်လည်ရုပ်သိမ်း သည့်စာနှင့်တောင်းပန်စာတို့ကို ထုတ်ပြန်ထားသော်လည်း ဆက်လက်၍တရားရင်ဆိုင်ရမည်ဖြစ်ပါ သည်။ ၄င်းတို့နှစ်ဦးအား ဇန်နဝါရီလ ၆ ရက်နေ့တွင် ခံဝန်ချုပ်ဖြင့် လွတ်မြောက်ခွင့်မပေးမီသုံးလခန့်နီး ပါး တရားရင်ဆိုင်မှုအကြို ထိန်းသိမ်း ဖမ်းဆီးထားခဲ့ပါသည်။ ခံဝန်ချုပ်ဖြင့် လွှတ်ပေးရန် အသနားခံလွှာ သုံးစောင်ကိုလည်း အစောပိုင်းတွင် ပယ်ချခဲ့ပါသေးသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးမျိုးရန်နောင်သိမ်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာ ၉ရက်နေ့က ဖြစ်ပွားခဲ့သောနယ်ခြားစောင့်ရဲစခန်းများအားဝင်ရောက် တိုက်ခိုက်မှုနှင့် ဆက်စပ်သောတိုက်ခိုက်မှုများအပေါ်တွင် တပ်မတော်၏ကိုင်တွယ်ပုံအားဝေဖန်မှုပြု သော ပို့စ်တစ်ခုအား လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်သည့်အတွက်ကြောင့် ထောင်ဒဏ်သုံး နှစ်အထိကျခံရနိုင်သော အသရေဖျက်မှုကို ရင်ဆိုင်နေရပါသည်။ တပ်မတော်မှဗိုလ်မှူးကြီး အဆင့်ရှိ သူတစ်ဦးက အမှုဖွင့်ထားခြင်းလည်းဖြစ်ပါသည်။ နို၀င်ဘာလ၃ရက်နေမှစ၍ ဖမ်းစီးခံခဲ့ရသော ဦးမျိုးရန် နောင်သိမ်း သည် အာမခံသုံးကြိမ်လျှောက်ထားရာတွင် သုံးကြိမ်တိုင်တိုင်ငြင်းပယ်ခံခဲ့ရပြီးနောက်၊ အာမခံလျှောက်ထားခြင်းမပြုတော့ပာု ဇန်နဝါရီလ၁၈ရက်နေ့တွင်ပြောကြားခဲ့ပါသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့်အခြားသော အသရေဖျက်မှုများတွင် ရခိုင်အမျိုးသားပါတီဥက္ကဌအား စော်ကားပြောဆိုသည်ပာု ဆိုကာရခိုင်အမျိုးသားပါတီမှ ပါတီဝင်တစ်ယောက်က တိုင်ကြားထားသည့် အမှု၊ အမျိုးသမီးတစ်ဦးက ၎င်း၏အိမ်အကူနှင့်ဖြစ်သည့်ပဋိပက္ခတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးနှစ်ဦးက ၀င်ရောက်ပြောဆိုသည့်အခါ၎င်းတို့အား အဆိုပါအမျိုး သမီးမှဝင်ရောက်စွက်ဖက်သည် ပာုဝေဖန်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်အမျိုးသမီးနှစ်ဦးမှ တရားစွဲဆိုထားသောအမှုနှင့်စစ်တပ်၏ကျောထောက်နောက်ခံရထားသော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ပောာင်းတစ်ယောက်က ၎င်းအား“ကုသိုလ်တရားများ”  လုပ်ရန်ပြောဆိုသော အခြားလူပုဂ္ဂိုလ်တစ်ယောက် အပေါ်တွင်စွဲဆိုထားသည့် အမှုတို့ ပါ၀င်သည်။ ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားစော်ကားပြောဆိုသည်ပာုစွပ်စွဲ ခံထားရသောအမျိုးသမီးတစ်ဦးနှင့် ဒေသအာဏာပိုင်တစ်ယောက်အား ရေဘေးအတွက်ကူညီသော ပစ္စည်းများကို ခိုးယူသည်ပာုပြောဆိုသည့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးတို့သည်လည်း အ သရေဖျက်မှုနှင့်ရင်ဆိုင်နေရပါသည်။

ပြီးခဲ့သောနှစ်များအတွင်း မြန်မာအာဏာပိုင်တို့အနေဖြင့်၂၀၁၃ ခုနှစ်ဆက်သွယ်ရေး ဥပဒေပါ ပုဒ်မ၆၆ (ဃ) ကိုပိုမို၍ပြင်းထန်စွာသုံးစွဲလာခဲ့ပါသည်။ အဆိုပါဥပဒေသည်အင်တာနက်ပေါ်တွင်အသရေဖျက်မှု များကို ထောင်ဒဏ်သုံးနှစ် ထိထိုက်သင့်သည့်ပြစ်ဒဏ်တပ်ထားပါသည်။ ထို့အပြင် အဆိုပါ ဥပဒေ၏ အောက်တွင် အရေးယူခြင်းခံရသောသူများသည် အာမခံမရရှိနိုင်ပါ။ တရားရုံး၏ဆုံးဖြတ်ချက်ကို စောင့် နေရစဉ်အတွင်း အရေးယူခံရသူများသည် လပေါင်းများစွာ ချုပ်နှောင်ခံရပါသည်။

သမ္မတပောာင်းဦးသိန်းစိန်ကို စော်ကားသည့်ကဗျာရေးသားသည် ပာုစွပ်စွဲခံရကာ ထောင်ဒဏ် ၆လကျ ခံခဲ့ရသည့် မောင်ဆောင်းခ ဦးဆောင်သည့် အရပ်ဖက်လူ့အဖွဲ့အစည်း၏ပြောပြချက်အရ အဆိုပါ ဥပ ဒေစတင်အသက်ဝင်သည့် အချိန်မှစ၍ အစိုးရသစ်အာဏာယူသည့် ၂၀၁၆ခုနှစ် ဧပြီလအကြား နှစ်နှစ် တာကာလတွင် ယင်းဥပဒေဖြင့်စွဲဆိုသည့် အမှုပေါင်း ရခု သာရှိခဲ့ရာမှ အစိုးရသစ်စတင် အာဏာရယူ အချိန်မှစ၍ ပထမ၈လအတွင်းပုဒ်မ၆၆ (ဃ) နှင့်စွဲဆိုခံရသည် အမှုပေါင်းအနည်းဆုံး ၄၀ ခန့် ရှိသည် ပာုသိရပါသည်။

ထိုဥပဒေအောက်တွင် မကြာမီကာလများအတွင်းက အပြစ်ပေးအရေးယူခံရသူများအနေဖြင့် ပိုမိုကြာ ရှည်သောထောင်ဒဏ်များချမှတ်ခံရပါသည်။သမ္မတဦးထင်ကျော်ကို “ငတုံး” “အရူး” ပာုခေါ်သောသူ တစ်ဦးအားအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက တရားစွဲဆိုခဲ့ရာအဆိုပါပုဂ္ဂိုလ်မှာ ထောင်ဒဏ် ၉လကျခံခဲ့ရပါသည်။ ကာကွယ်ရေးဦးစီးချုပ်၏ပုံများကိုဒစ်ဂျစ်တယ်နည်းဖြင့်ပြုပြင်ပြီးလူမှု ကွန်ယက်တွင်တင်သူတစ်ယောက်အား တပ်မတော်မှဗိုလ်မှူးကြီးတစ်ဦးက တရားစွဲဆိုခဲ့ရာထောင် ဒဏ်၂နှစ်ထိကျခံခဲ့ရပါသည်။

“ဒီမိုကရေစီအစိုးရဆိုတာပာာဝေဖန်သူတွေ ဒါမှမပာုတ်အစိုးရအရာရှိတွေနဲ့တပ်မတော်ကို တစ်နည်း နည်းနဲ့ “စော်ကား” တယ်ဆိုတဲ့သူတွေကို ထောင်ချလေ့မရှိပါဘူး။” ပာု အက်ဒန်စ်ကပြောပါသည်။ “အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်အစိုးရပာာ ဒီလိုမျိုးဖိနှိပ်မှုတွေကို အဆုံးသတ်လိမ့်မယ်၊ နိုင်ငံရေးအ ကျဉ်းသားတွေထပ်တိုးလာစေမှာမပာုတ်ဘူးလို့ မြန်မာပြည်သူတွေက မျှော်လင့်ထားကြတာပါ။” 

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်ကတည်းကရှိခဲ့သော ရာဇသတ်ကြီးဥပဒေကို ငြိမ်းချမ်းစွာထုတ်ဖော်မှုပြု သူများအားအပြစ်ပေးအရေးယူသည့်အခါ ဆက်လက်အသုံးပြုနေသေးသည် ပာုလူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့ကပြောပါသည်။ရခိုင်ပြည်နယ်တွင် တပ်မတော်မှ စစ်ရာဇဝတ်မှုများကျူးလွန်နေသည်ပာုစွပ် စွဲထားသည့် ရေးသားထုတ်ပြန်မှုတစ်ခုပြုလုပ်ခြင်းနှင့် ပြည်သူများအား “အထိတ်တလန့်”  ဖြစ်စေရန် “လှုံ့ဆော်”  ခြင်းတို့ ပြုလုပ်သည်ပာုဆိုကာ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သည့် ခိုင်ညိုထွန်းကို အာဏာပိုင်များက အရေးယူခဲ့ပါသည်။ခိုင်ညိုထွန်းသည် စတင်ဖမ်းဆီးခံရသည့်ဇူလိုင်လမှစ၍ အာမခံ မရရှိခဲ့ဘဲ၊ စွဲချက်တစ်ခုချင်းစီအတွက် ထောင်ဒဏ်၂နှစ်ထိကျခံရနိုင်ပါသည်။ အထင်ကရတက်ကြွလှုပ် ရှားသူ တစ်ဦးဖြစ်သည့် ကိုထင်ကျော်သည် “တပ်မတော်သားများအနေဖြင့် ၎င်းတို့၏တာဝန်များ ထမ်း ဆောင်စဉ်တွင် ကြန့်ကြာအောင်နှောင့်ယှက်ခြင်း” ကိုဖြစ်စေသည့်ရေးသားထုတ်ပြန်ချက်ကို ပြုလုပ် ခြင်းပာူသော စွဲချက်ဖြင့်အရေးယူခံခဲ့ရပါသည်။

အသရေဖျက်မှုအပေါ်တွင်ရာဇဝတ်ပြစ်ဒဏ်တပ်ခြင်းသည် လွတ်လပ်စွာပြောဆိုမှုကို တရားမျှတခိုင် လုံစွာကန့်သတ်ခြင်းမျိုးမပာုတ်ပာူသောနိုင်ငံတကာအသိအမှတ်ပြုမှုကိုဆန့်ကျင်လျက်ရှိသည့်အချက် မှာ ရာဇဝတ်ပြစ်ဒဏ်တပ်ထားသည့် အသရေဖျက်မှုဆိုင်ရာဥပဒေများကို အသုံးပြုခြင်းပင်ဖြစ်ပါသည်။ ရာဇဝတ်ပြစ်ဒဏ်တပ်ထားသော အသရေဖျက်မှုများ အားလုံးကိုပယ်ဖျက်သင့်ပြီး၊ လိုအပ်ပါကတရားမ ကြောင်းဆိုင်ရာ အသရေဖျက်မှုများနှင့် အစားထိုးသင့်သည်ပာုလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကပြော ပါသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်အနေနဲ့ သူရရှိထားတဲ့လွှတ်တော်တွင်းက နေရာအများစုကိုအသုံးပြု ပြီး၊ ဖိနှိပ်တဲ့ဥပဒေတွေကိုပြင်ဆင်တာတွေ၊ ပယ်ဖျက်တာတွေလုပ်ရမှာပါ။ လူတွေရဲ့ လွတ်လပ်စွာထုတ် ဖော်မှုတွေကိုဆန့်ကျင်ပြီး၊ ရာဇဝတ်ပြစ်ဒဏ်တပ်တာတွေ လုပ်ရမှာမပာုတ်ပါဘူး။”ပာုအက်ဒန်စ်ကပြော ပါသည်။“အဲဒီလိုမလုပ်နိုင်ခင်အချိန်အထိတော့၊ သမ္မတဦးထင်ကျော်အနေနဲ့သူ့မှာရှိတဲ့အာဏာကိုသုံး ပြီး၊ ငြိမ်းချမ်းစွာထုတ်ဖော်မှုပြုခြင်းနဲ့ ပတ်သတ်တဲ့အပြစ်ပေးအရေးယူမှုတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုပြီး၊ ကြေငြာခြင်းအားဖြင့်အနာဂတ်မှာဖြစ်လာမယ့်အပြစ်ပေးမှုတွေကိုပာန့်တားပေးသင့်ပါ တယ်။ ဒါမှလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင် ဝေဖန်ထောက်ပြခဲ့တဲ့ စစ်အစိုးရအဆက် ဆက်ရဲ့လမ်းကြောင်းတွေပေါ် ပြန်ရောက်သွားခြင်းကနေရှောင်ရှားနိုင်မှာပါ။”

Your tax deductible gift can help stop human rights violations and save lives around the world.

Topic

Most Viewed