Skip to main content

စပ်လျဉ်းသည့်အကြာင်းအရာ- အစိုးရသစ်အတွက် လူ့အခွင်အရေးဆိုင်ရာ ဦးစားပေးမှုများ

နေပြည်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 
စပ်လျဉ်းသည့်အကြာင်းအရာ-  အစိုးရသစ်အတွက် လူ့အခွင်အရေးဆိုင်ရာ ဦးစားပေးမှုများ
 
လေးစားရပါသော သမ္မတဦးထင်ကျော်
 
၁၉၆၂ နောက်ပိုင်းတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ၍ တက်လာသည့် လွှတ်တော်မှ ခန့်အပ်လိုက်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အရပ်သားသမ္မတဖြစ်လာသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်။   တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်ထားသည့် စစ်အစိုးရ အုပ်ချုပ်မှုကို အဆုံးသတ်ရာတွင် လူကြီးမင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သန်းပေါင်းများစွာသော မြန်မာပြည်သူများ ပေးဆပ်ခဲ့ရမှုများကို ကျွန်ုပ်တို့မှ လေးစားပါသည်။
 
Human Rights Watch သည် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်း ၉၀ ကျော်တွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာများ တင်သွင်းနေပါသည်။  မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေကို မှတ်တမ်းတင်ထားပြီး လူ့အခွင့်အရေးကို မြှင့်တင်ရန်နှင့် အကာအကွယ်ပေးရန် အားပေးထောက်ခံလာခဲ့သည်မှာ ၂၅ နှစ်ကျော်လာပြီ ဖြစ်ပါသည်။ 
 
ကျွန်ုပ်တို့ လူကြီးမင်းထံသို့ စာရေးသားရခြင်းမှာ မြန်မာနိုင်ငံတွင် ကြုံတွေ့နေသည့် အဓိက လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများအကြောင်း ဖော်ပြရန်နှင့် လူကြီးမင်း၏ အစိုးရမှ ၎င်းတို့ကို ဖြေရှင်းနိုင်စေရန် အကြံ ပေးအပ်လို၍ ဖြစ်သည်။  တိုင်းပြည်၏ လူ့အခွင့်အရေး ပြဿနာအများအပြားကို ဖြေရှင်းသည့်အခါတွင် မူဝါဒများ ရေးဆွဲခြင်း၊ ထိုမူဝါဒများကို အကောင်အထည်ဖော်ခြင်းလုပ်သည့်အခါ ဤအကြံပေးချက်များသည် အသုံးဝင်မည်ဟု ကျွန်ုပ်တို့မှ မျှော်လင့်ပါသည်။  စစ်အာဏာရှင် အုပ်စိုးမှုလက်အောက်တွင် ရာစုနှစ်တစ်ဝက်ကျော်ကြာ နေပြီးနောက် မြန်မာနိုင်ငံကို အခွင့်အရေးများကိုလေးစားသည့် ဒီမိုကရေစီဖြစ်စေရန် ပြောင်းလဲရာတွင် အစိုးရအနေဖြင့် ကြုံတွေ့ရမည့် စိန်ခေါ်မှု ပမာဏကို ကျွန်ုပ်တို့မှ အသိအမှတ်ပြုပါသည်။  လူကြီးမင်းတို့ အမွေဆက်ခံရသည့် မတော်မတရားအုပ်ချုပ်မှုတွင် အခြေခံမှစ၍ မှားယွင်းနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါဝင်ပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည် အရပ်သားများထံမှ ပြုပြင်ပြောင်းလဲမှုကို ကန့်သတ်ရန်နှင့် တပ်မတော် (အမျိုးသားလက်နက်ကိုင်အဖွဲ့အစည်း) အတွက် ကျန်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာများကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားခြင်း ဖြစ်ပါသည်။  
 
Human Rights Watch မှ ထပ်မံ၍ပြောလိုသည်မှာ အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုပါသည်။ ထိုမှသာ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ်များ နေရာယူထားမှုကို အဆုံးသတ်နိုင်ပြီး အဓိက ဝန်ကြီးဌာနသုံးခုကို စစ်တပ်မှ ထိန်းချုပ်ရန် အားပေးထားသည့် ပြဌာန်းချက်များကို ပယ်ဖျက်၍ ရွေးကောက်ခံ အရပ်သားအစိုးရမှ လုပ်ဆောင်သင့်သည့် ဆုံးဖြတ်ချက်များကို စစ်တပ်မှ ချမှတ်နိုင်စေရန် ခွင့်ပြုထားသည့် ကျန်ရှိနေသေးသော အာဏာများ အဆုံးသတ်သွားမည်ဖြစ်သည်။  လာမည့် အမျိုးသား ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် နေရာ အားလုံးအတွက် ဖြစ်သင့်သည်။ ထိုမှသာ မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် အရပ်သားအစိုးရတစ်ရပ်ကို ပြည့်ပြည့်ဝဝ ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ 
 
မြန်မာနိုင်ငံတွင် ပညာရှင်ပီသသော တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးကို ဆယ်စုနှစ်များစွာ လျစ်လျူရှုမှုများနှင့် လေ့ကျင့်သင်ကြားခံရမှုနည်းပါးပြီး တာဝန်မယူသည့်စစ်တပ်နှင့် ရဲ ကဲ့သို့သော အတွင်းအထိလှိုက်စားနေသည့် ပြဿနာများကို ကြုံတွေ့နေရပါသည်။  အစိုးရပိုင်းတွင် အပြောင်းအလဲ ဖြစ်ပေါ်နေသည်အထိ အာဏာပိုင်များသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများနှင့် ဝေဖန်သူများကို ဆက်လက် ဖမ်းဆီးနေဆဲဖြစ်ပါသည်။ လူကြီးမင်း၏ အစိုးရသည် ယခုအခါတွင် နိုင်ငံရေးအကျဥ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် စတင်ပေးနေပြီး နိုင်ငံရေး အကြောင်းပြချက်ကြောင့် တရားရင်ဆိုင်နေရသူများကို စွဲထားသည့် အမှုများကိုလည်း ပယ်ဖျက်နေသည့်အတွက် ထိုသို့လိုက်လံ ဖမ်းဆီးနေမှုများလည်း အဆုံးသတ်သွားမည်ဟု ကျွန်ုပ်တို့မှ မျှော်လင့်ပါသည်။  အစွန်းရောက်သူများသည် အကြမ်းဖက်မှုများနှင့် ဘာသာရေး၊ လူမျိုးရေးအရ လူနည်းစုဖြစ်သူများ အပေါ်တွင် ခွဲခြားဆက်ဆံမှုများကို မီးလောင်လေပင့်
လုပ်နေကြပါသည်။  ပြီးခဲ့သည့် ဆယ်စုနှစ်များတွင် အရှေ့တောင်အာရှ၌ သိသာထင်ရှားသည့် စီးပွားရေး တိုးတက်မှုကို ကြုံတွေ့ခဲ့ရသော်လည်း စစ်တပ်အုပ်ချုပ်မှုကြောင့် ခန့်မှန်းခြေအရ လူဦးရေ၏ ၂၆% ရှိသော မြန်မာနိုင်ငံရှိ လူအများအပြားသည် အလွန်တရာ ဆင်းရဲမွဲတေမှုတွင် ကျန်နေသေးပါသည်။ မြင့်မားလှသည့် အကျင့်ပျက်ခြစားမှုကြောင့်လည်း ပိုမိုဆိုးရွားခဲ့ပါသည်။  နိုင်ငံတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား ယခုထက်ထိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကြောင့် မရေမတွက်နိုင်အောင် အသက်ဆုံးရှုံးရမှုများ ရှိခဲ့ပြီး တိုင်းပြည်၏ အစွန်အဖျားအကျဆုံးတွင် ရောက်နေသည့် သန်းနှင့်ချီသော အရပ်သားအများစုအတွက် စီးပွားရေးတွင် ခက်ခဲမှုများကြုံတွေ့ရပါသည်။ 
 
Human Rights Watch မှ သတိထားမိသည်မှာ မြန်မာနိုင်ငံရှိ မည်သည့်အစိုးရသစ်မဆို လူ့အခွင့်အရေး အခြေအနေများတွင် တိုးတက်စေရေးနှင့် ပတ်သက်၍ ပြည်တွင်းနှင့် နိုင်ငံတကာမှ ကြီးကြီးမားမား မျှော်လင့်ထားမှုများအတိုင်း ဖြစ်ပေါ်စေရန် လျှင်လျှင်မြန်မြန် လုပ်ဆောင်နိုင်စွမ်းမရှိနိုင်ပါ။  သို့သော်လည်း မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဘဝကို တိုးတက်စေရန် လျှင်လျှင်မြန်မြန် လုပ်ဆောင်နိုင်သည့် နည်းလမ်းအများ အပြားရှိပြီး တစ်ချိန်တည်းတွင် အသီးအပွင့်များကိုခံစားနိုင်ရန်၊ အကောင်အထည်ဖော်နိုင်ရန် အချိန်ယူရမည့် မူဝါဒရေးဆွဲခြင်းများလည်းရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။   အောက်တွင် အဓိက ပြဿနာများကို ကျွန်ုပ်တို့ ဖော်ပြထားပြီး မြန်မာနိုင်ငံအား အခွင့်အရေးများကို လေးစားသည့် တိုင်းပြည်ဖြစ်စေရန် ကြီးကြီးမားမား ပုံသွင်းရာတွင် လူကြီးမင်းနှင့် လူကြီးမင်း၏ အစိုးရ လုပ်ဆောင်ရန် တိုက်တွန်းလိုသည့် ချက်ချင်းလုပ်ဆောင်ရန်နှင့် တဖြည်းဖြည်း လုပ်ဆောင်ရန် အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။  
 
ဤအကြံပြုချက်များသည် လူကြီးမင်းအတွက် အသုံးဝင်မည်ဟု ကျွန်ုပ်တို့မှ မျှော်လင့်ပါသည်။  လူကြီးမင်းလုပ်ဆောင်မည့် ဆောင်ရွက်မှုများကို လေ့လာလိုပြီး လာမည့် လများ နှစ်များတွင်
အပြုသဘော ဆောင်၍ လူကြီးမင်း၏ အစိုးရနှင့် အလုပ်လုပ်ဆောင်ရန် ကျွန်ုပ်တို့အနေဖြင့်
ဆန္ဒရှိပါသည်။
 
ရိုးသားစွာဖြင့်
 
Brad Adams
အမှုဆောင်ဒါရိုက်တာ
အာရှဌာနခွဲ
 
မိတ္တူကို
ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနနှင့် သမ္မတရုံး ဝန်ကြီးဌာန ဝန်ကြီး
ဦးထွန်းထွန်းဦး၊ ရှေ့နေချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး
ဦးဖေမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး
 
 
 
အစိုးရသစ်အတွက် လူ့အခွင့်အရေးဦးစားပေးမှုများ
 
၁။ နိုင်ငံရေး အကျဥ်းသားများအားလုံးကိုလွှတ်ပေးခြင်း
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်သည် ယခင်က နိုင်ငံရေး အကျဥ်းသားများ ဖြစ်ကြသောကြောင့် ဧပြီ ၈ရက် ၂၀၁၆တွင် အကျဥ်းသား ၁၉၉ဦးကို လွှတ်ပေးခဲ့သလို
လက်ရှိ နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးခြင်းသည် လူကြီးမင်း၏ အစိုးရအတွက် အဓိကရည်ရွယ်ချက် ဖြစ်မည်ဆိုသည်ကို ကျွန်ုပ်တို့ ယုံကြည်မှုရှိပါသည်။  ပြီးခဲ့သည့်အစိုးရသည် ၂၀၁၁ မှ ၂၀၁၄အတွင်း နိုင်ငံရေး အကျဥ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့မှုကို အသိအမှတ်ပြုရမည် ဖြစ်သော်လည်း ၎င်းအုပ်ချုပ်ခဲ့သည့် နောက်ဆုံးနှစ်တွင် သိန်းစိန်အစိုးရသည် လူထုသို့ ကတိကဝတ် ပြုထားသည့် အတိုင်း ကျန်ရှိသည့် နိုင်ငံရေး အကျဥ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် ပျက်ကွက်ခဲ့ပါသည်။  အစိုးရ၏ အဓိကလုပ်ဆောင်ချက်တစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ ကျန်ရှိသည့် နိုင်ငံရေး အကျဥ်းသားများကို လွှတ်၍ လက်ရှိတွင် အမှုရင်ဆိုင်နေရသည့် ကျန်သည့် လူ ၄၀၀ကို အမှုရုတ်သိမ်းခြင်းကို ကျွန်ုပ်တို့မှ ကြိုဆိုပါသည်။ ဤဖြစ်စဥ်ကို ဧပြီ ၈ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အစပြုခဲ့ပြီဖြစ်ပါသည်။  ဤဖြစ်စဥ်ကို တတ်နိုင်သမျှ စောစီးစွာလုပ်ဆောင်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။
 
ယခင်က နိုင်ငံရေးအကျဥ်းသား အုပ်စုများနှင့် တိုင်ပင်ဆွေးနွေးပြီး “နိုင်ငံရေး အကျဥ်းသား”ဟူသော အနက်အဓိပ္ပါယ်ဖွင့်ဆိုမှုကို NLD အစိုးရမှ အပြီးသတ်ပြီးပါက တရားမျှတမှုမရှိဘဲ အကျဥ်းချခံထားရသည့် သူများကို လွှတ်ပေးမှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်ပါသည်။  သဘောတူထားသည့် အနက်အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် အညီ နိုင်ငံရေးအကျဥ်းသားဆိုသည်မှာ “လူတစ်ဦးတစ်ယောက်သည် ကဏ္ဍတစ်ရပ်ရပ်တွင် တက်ကြွသည်ဟု သိမြင်သောကြောင့် သို့မဟုတ် သိထားသောကြောင့်၊ အားပေးထောက်ခံသည်ဟု သိမြင်သောကြောင့် သို့မဟုတ် သိထားသောကြောင့် သို့မဟုတ် လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေး အပါအဝင် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများကို မြှင့်တင်ပေးသည့် လုပ်ငန်းနှင့် သက်ဆိုင်မှု ကြောင့် နိုင်ငံရေးအရ ပြစ်မှုဖြင့် စွဲချက်တင်ပြီး သို့မဟုတ် ရာဇဝတ်မှု သို့မဟုတ် အရပ်သားပြစ်မှုဖြင့် မမှန်မကန် စွဲချက်တင်ပြီး နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ထောင်ချခြင်း ခံရသည့် မည်သူ့ကိုမဆို” ခေါ်သည်။ 
 
Human Rights Watch သည် လူကြီးမင်း၏ အစိုးရကို လက်ရှိ နိုင်ငံရေးအကျဥ်းသားများ အားလုံးကို လွှတ်ပေးရေးကို အပြီးသတ်ရန်နှင့် ထိန်းသိမ်းထားသူများ သို့မဟုတ် အမှုရင်ဆိုင်နေရသူများကို တရားစွဲဆိုထားသည့် နိုင်ငံရေးအရ ဦးတည်သော စွဲချက်များကို ဒေသခံ အာဏာပိုင်များမှ ချက်ချင်း ရုတ်သိမ်းရေး အမိန့်ပေးရန် ဦးစားပေးအဖြစ် လုပ်ဆောင်ပါဟု ကျွန်ုပ်တို့မှ တိုက်တွန်းလိုပါသည်။  လူကြီးမင်း၏အစိုးရသည် နိုင်ငံရေးအရ ဦးတည်သော ဖမ်းဆီးမှုသံသရာကို အဆုံးသတ်ပြီး အခြေခံ လွတ်လပ်ခွင့်များကို ချိုးနှိမ်သည့် အခွင့်အရေးချိုးဖောက်သည့် ဥပဒေများကို အသုံးပြုသည့် ဒေသဆိုင်ရာ အရာရှိများကို ထိန်းချုပ်ရန် လုပ်ဆောင်ရန် တိုက်တွန်းပါသည်။ 
 
၂။အခြေခံအခွင့်အရေးများကို ချိုးဖောက်သည့် ပြုပြင်ပြောင်းလဲရေး ဥပဒေများ
 ဖိနှိပ်ချုပ်ချယ်ပြီး ထင်သလို လုပ်တတ်သည့် စစ်တပ်အုပ်စိုးမှုအောက် ဆယ်စုနှစ်များစွာ နေလာပြီးသည့်အခါ NLD သည် တရားဥပဒေ
စိုးမိုးရေးကို တည်ထောင်ရန် ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။  အစိုးရ သို့မဟုတ် စစ်တပ်ကို ငြိမ်းချမ်းစွာ ဝေဖန်သူများကို တရားစွဲဆိုရန် အသုံးပြုသည့် ဥပဒေများကို လျှင်လျှင်မြန်မြန် ပယ်ဖျက်ရန် သို့မဟုတ် ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်ခြင်းဖြင့် အာဏာကို အလွဲသုံးစားပြုသူများ အသုံးချသည့် နည်းလမ်း
များကို ဖယ်ရှားပြီး နိုင်ငံရေးအရ ဦးတည်သော ဖမ်းစီးမှုများနှင့် ထိန်းသိမ်းမှုများ သံသရာကို အဆုံးသတ် နိုင်မည်ဖြစ်သည်။ 
 
Human Rights Watch သည် အောက်ပါဥပဒေများနှင့် ပြဌာန်းချက်များကို ပယ်ဖျက်ခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ခြင်းလုပ်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေးကြရန် လူကြီးမင်း၏ အစိုးရကို တိုက်တွန်းပါသည် (မကြာမီ ထုတ်ပြန်မည့် အစီရင်ခံစာတွင် မည်သို့လုပ်ရမည်ဆိုသည့်အကြောင်း ပိုမို အသေးစိတ်ကျသည့် အကြံပြုချက်များကို ပေးအပ်မည်ဖြစ်ပါသည်)-
 
  • ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် အက်ဥပဒေ၊ ပုဒ်မ - စီတန်းလှည့်လည်လိုသူများသည် ရိုးရှင်းစွာ နို့တစ်စာ ပေးပို့မှုမျိုးမဟုတ်ပဲ “သဘောတူမှု”ရယူရန်လိုအပ်စေခြင်း၊ ပုဒ်မ - စကားပြောရန် “ခွင့်ပြုထားသည့်”သူများသည် မည်သူမည်ဝါဖြစ်သည်ဆိုသည်နှင့် “ခွင့်ပြုသည့် ကြွေးကြော်သံများ” ကဲ့သို့သော အသေးစိတ်အချက်အလက်များကို ဖော်ပြရန် သဘောတူမှုလိုအပ်ခြင်း၊ ပုဒ်မ ၁၈- ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို လုပ်ဆောင်သည့်အတွက် ထောင်ဒဏ် ခြောက်လအထိ ရာဇဝတ်ပြစ်ဒဏ်များကို ကျခံစေခြင်း၊ ပုဒ်မ ၁၉- သတ်မှတ်ထားသည့် နေရာမှလွဲ၍ အခြားနေရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသခြင်းနှင့် စီတန်းလှည့်လည်ရာတွင် စာများနှင့် ပတ်သက်၍ ရှည်လျားစွာ ရေးသားထားသည့် စည်းမျဥ်းများအပါအဝင် စည်းမျဥ်းအများအပြားကို ချိုးဖောက်မှုအတွက် ထောင်ဒဏ် သုံးလအထိ ရာဇဝတ်ပြစ်ဒဏ်များကို ကျခံစေခြင်း
  • ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၁၂၄(က) (နိုင်ငံတော် အကြည်ညိုပျက်စေမှု)- အစိုးရကို “အမုန်းပွားစေရန် သို့မဟုတ် အထင်အမြင်သေးစေရန် သို့မဟုတ် အကြည်ညိုပျက်စေရန် လုပ်ဆောင်သည့် သို့မဟုတ် လုပ်ဆောင်ရန် ကြိုပမ်းအားထုတ်သည့်” မိန့်ခွန်းအတွက် ရာဇဝတ်ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ်သုံးလကို ကျခံစေခြင်း၊ ပုဒ်မ ၁၄၁-၁၄၇၊ ဆန္ဒပြသူများကို ပြစ်မှတ်ထားသည့် “တရားမဝင် စီတန်းလှည့်လည်မှုများ” နှင့် သက်ဆိုင်သည့် များပြားလှစွာသော ပြဌာန်းချက်များ၊ ပုဒ်မ ၂၉၅(က)- လူတစား၏ ဘာသာရေးစိတ်ကို “တမင် မသမာသောအကြံဖြင့်” နာကြည်းစေခြင်း သို့မဟုတ် နာကြည်းအောင် ကြိုးစားခြင်းကြောင့် ရာဇဝတ်ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ်နှစ်နှစ်အထိ ကျခံစေခြင်း၊ ပုဒ်မ ၂၉၈- “သာသနာညိုးနွမ်းစေမှု” အတွက် ရာဇဝတ်ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ်တစ်နှစ်အထိ ကျခံစေခြင်း၊ ပုဒ်မ ၄၉၉-၅၀၂ အထိ၊ အသရေဖျက်မှုအတွက် ရာဇ၊တ်ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် နှစ်နှစ်အထိ ကျခံစေခြင်း၊ နှင့် ပုဒ်မ ၅၀၅ ()“နိုင်ငံတော် ငြိမ်ဝမ်ပိပြားရေး သို့မဟုတ် အများပြည်သူ အကျိုးပျက်စီးခြင်းကို လုပ်ဆောင်၍ လူထု သို့မဟုတ် လူထု၏မည်သည့်အဖွဲ့အစည်းတွင်မဆို ကြောက်ရွံအောင် သို့မဟုတ် မငြိမ်မသက်ဖြစ်အောင် လုပ်လိုသည့် သို့မဟုတ် လုပ်ဆောင်နိုင်သည့် စိတ်ဆန္ဒဖြင့်” မည်သည့်စာ၊ ကောလဟာလ သို့မဟုတ် သတင်းတို့ကို ထုတ်လုပ်၊ ရိုက်နှိပ်၊ သို့မဟုတ် ဖြန့်ဝေသည့်အတွက် ရာဇဝတ်ပြစ်မှု ထောင်ဒဏ် နှစ်နှစ်အထိ ကျခံစေခြင်း
  • ဆက်သွယ်ရေး အက်ဥပဒေ၊ ပုဒ်မ ၆၆()- “ဆက်သွယ်ရေး ကွန်ရက်တစ်ခုကို အသုံးပြု၍ မည်သူတစ်ဦးတစ်ယောက်ကိုမဆို ပုံဖျက်ခြင်း၊ အတင်းအကျပ်တိုက်တွန်းခြင်း၊ ဥပဒေနှင့်မညီသည့် တားမြစ်မှုများလုပ်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မမှန်မကန် ပြောဆိုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” အတွက် ရာဇဝတ်ပြစ်မှု ထောင်ဒဏ် သုံးနှစ်အထိ ကျခံစေခြင်း။
  • သတင်းမီဒီယာဥပဒေ၊ ပုဒ်မ -မီဒီယာကို ထင်ထင်ရှားရှားမရှိဘဲ ရှည်လျားစွာ ရေးသားထားသည့် ကျင့်ဝတ်စည်းကမ်းများဖြင့် ထိန်းချုပ်ထားခြင်း၊ အထူးသဖြင့် ပြဿနာဖြစ်နိုင်သည့် ပုဒ်မခွဲများဖြစ်သည့် ၉(ဆ) (အလွန် ကျယ်ပြန့်လှသည့် အသရေဖျက်မှု ပြဌာန်းချက်) နှင့် ၉ (ဇ) (နိုင်ငံသားရေး၊ ဘာသာရေးနှင့် လူမျိုးရေးနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်စေရန် ဖန်တီးသည့် ရေးသားခြင်းများ)၊ ပုဒ်မ၂၅()- ပုဒ်မ၉ ရှိ ကျင့်ဝတ်စည်းကမ်းများ၏ ပုဒ်မခွဲများဖြစ်သော (ဃ)၊ (စ) သို့မဟုတ် (ဆ)ကို ချိုးဖောက်ခြင်းကြောင့် ရာဇဝတ်ပြစ်မှု ငွေဒဏ် ၁,၀၀၀,၀၀၀ ကျပ်ကို ကျခံစေခြင်း။
  • အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး (က) “နိုင်ငံတော် လုံခြုံရေး သို့မဟုတ် တရားဥပဒေနှင့် တည်ငြိမ်အေးချမ်းမှု သို့မဟုတ် ရပ်ရွာတည်ငြိမ်အေးချမ်းမှု သို့မဟုတ် အမျိုးသား စည်းလုံးညီညွတ်မှု သို့မဟုတ် အမျိုးသားစီးပွားရေး သို့မဟုတ် အမျိုးသား ယဥ်ကျေးမှုကို နှောင့်ယှက်ဖျက်စီးသည့် မည်သည့်လုပ်ရပ်ကိုမဆို လုပ်ဆောင်ခြင်း” သို့မဟုတ် (ခ) “နိုင်ငံတော် လုံခြုံရေး သို့မဟုတ် တရားဥပဒေနှင့် တည်ငြိမ်အေးချမ်းမှု သို့မဟုတ် ရပ်ရွာတည်ငြိမ်အေးချမ်းမှု သို့မဟုတ် အမျိုးသား စည်းလုံးညီညွတ်မှု သို့မဟုတ် အမျိုးသားစီးပွားရေး သို့မဟုတ် အမျိုးသား ယဥ်ကျေးမှု၏ လျို့ဝှက်ချက်များနှင့် သက်ဆိုင်သည့် မည်သည့်သတင်းအချက်အလက်များကိုမဆို ရယူခြင်း သို့မဟုတ် ပေးပို့ခြင်း” ကြောင့် ရာဇဝတ်ပြစ်မှု ခုနှစ်နှစ်အထိ ကျခံစေခြင်း၊ နှင့် ပုဒ်မ ၃၄()-“အဖွဲအစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်များကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း” ကြောင့် ရာဇဝတ်ပြစ်မှု ငွေဒဏ် ၁၀,၀၀၀,၀၀၀ ကျပ်အထိ ကျခံစေခြင်း။
  • တရားရုံးကို မထေမဲ့မြင်ပြုမှု အက်ဥပဒေ-ရာဇဝတ်ဆိုင်ရာ မထေမဲ့မြင်မှုကို ကျယ်ပြန့်စွာ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားသောကြောင့် တရားရိုးရှိ ကြားနာမှုများကို မီဒီယာများ တိကျစွာ သတင်းပေးပို့နိုင်ခြင်းနှင့် မီဒီယာနှင့် လူထု ဝေဖန်နိုင်မှုကို တားမြစ်ထားခြင်း၊ ဝေဖန်သူ၊ သတင်းပေးပို့သူတို့သည် ထောင်ဒဏ် ခြောက်လအထိ ကျခံရနိုင်သည်။
  • တရားဝင် လျှို့ဝှက်ချက်များ အက်ဥပဒေ၊ ပုဒ်မ - အစိုးရမှ အမျိုးသားလုံခြုံရေးကို ထိခိုက်စေပါသည်ဟု သက်သေပြရန်လိုအပ်ခြင်းမရှိဘဲ ရှင်းရှင်းလင်းလင်းမရှိ ခေတ်မမှီတော့သည့် ပညာရပ်ဆိုင်ရာ ဝေါဟာရများကို အသုံးပြု၍ ရည်ရွယ်ချက်ကိုဖော်ထုတ်ရန် “သိရှိသည့် အကျင့်စရိုက်”ကို သက်သေအဖြစ်ထားခြင်းကိုခွင့်ပြုသည့် “သူလျိုလုပ်မှု” အတွက် ရာဇဝတ်ပြစ်ဒဏ်များကို ကျခံစေခြင်း။ ပုဒ်မ ()- “မည်သည့်တရားဝင်စာရွက်စာတမ်းကိုမဆို” ဖွင့်ချမှု သို့မဟုတ် လက်ခံမှုအတွက် ထိုစာရွက်စာတမ်းများကို လက်ခံမှုသည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် အန္တရာယ်ရှိကြောင်း ပြသရန် မလိုအပ်ဘဲ ရာဇဝတ်ပြစ်ဒဏ်များ ကျခံစေခြင်း
  • ပုံနှိပ်နှင့် ထုတ်ဝေရေးလုပ်ငန်း ဥပဒေ၊ ပုဒ်မ - “လူမျိုးတစ်မျိုး သို့မဟုတ် နိုင်ငံသားတစ်ဦး၏ လူမျိုး၊ ဘာသာ သို့မဟုတ် ယဥ်ကျေးမှု ညိုးနွမ်းစေသည့် အရာများ” သို့မဟုတ် “အမျိုးသား လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တည်ငြိမ်မှု၊ သို့မဟုတ် တရားမျှတမှု၊ လွတ်လပ်မှုနှင့် နိုင်ငံသားတိုင်း၏ အခွင့်အရေးကို ဟန့်တားနိုင်သည့် အရာများ” နှင့်ပတ်သက်၍ တားမြစ်ထားမှုများ အပါအဝင် ပုံနှိပ်သူများ၊ ထုတ်ဝေသူများနှင့် သတင်းဌာနများအပေါ်တွင် ပါဝင်သည့်အကြောင်းအရာနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ ရေးသားထားသည့် ထိန်းချုပ်မှုများ
  • အရေးပေါ်ပြဌာန်းချက်များ အက်ဥပဒေ ၁၉၅၀ နှင့် နိုင်ငံတော် ကာကွယ်ရေး အက်ဥပဒေ ၁၉၇၅- ပြီးခဲ့သည့် စစ်အစိုးရများမှ ဝေဖန်သူများကို ဖမ်းဆီးရန်နှင့် မကြာသေးမီက မီဒီယာများကို ဖမ်းဆီးရန် အသုံးပြုခဲ့သည့် ခေတ်မမီတော့သော ဥပဒေများ။ 
တရားမဝင် အသင်းအဖွဲ့ အက်ဥပဒေ ၁၉၀၈- “တရားမဝင် အသင်းအဖွဲ့တစ်ခုတွင် အသင်းဝင်ဖြစ်သူမည်သူမဆို သို့မဟုတ် အဆိုပါအသင်းအဖွဲ့၏ အစည်းအဝေးများတွင် ပါဝင်ခြင်း သို့မဟုတ် အဆိုပါအသင်းအဖွဲ့၏ ရည်ရွယ်ချက်အတွက် ထည့်ဝင်ခြင်း သို့မဟုတ် မည်သည့်ထည့်ဝင်မှုကိုမဆို လက်ခံခြင်း သို့မဟုတ် ရယူခြင်း သို့မဟုတ် အဆိုပါ အသင်းအဖွဲ့၏ လည်ပတ်နေမှုများကို မည်သည့်နည်းလမ်းဖြင့်မဆို အကူအညီပေးခြင်း”  ပုံမှန်အားဖြင့် ဤပြဌာန်းချက်ကို တရားမဝင် လက်နက်ကိုင် အုပ်စုတစ်ခုနှင့် ပတ်သက်သည်ဟု သံသယရှိသူများကို အပြစ်ပေးရန် သုံးသည်။  ဤအက်ဥပဒေကို အသုံးပြု၍ ရခိုင် စစ်တပ်ကို ထောက်ပံပေးအပ်သည်ဟု သံသယရှိသည့် ရခိုင် ပြည်နယ်ရှိ အရပ်သား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီး အပြစ်ပေးခဲ့ပြီး အစိုးရ၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်နေ့ မကြာသေးသည့် ဧပြီ ၈ရက်တွင် ဤဥပဒေကို အသုံးပြု၍ ဘာသာမတူသူများအကြားချစ်ကြည်ရေး တက်ကြွလှုပ်ရှားသူနှစ်ဦးဖြစ်သော ပွင့်ဖြူလတ်နှင့် ဇော်ဇော်လတ်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်သည်။
 
၃။ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏အလုပ်ကို ကာကွယ်ခြင်းနှင့် အဆင်ပြေချောမွေ့စေခြင်း
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှ တစ်စိတ်တစ်ပိုင်း အရပ်သားအစိုးရသို့ ကူးပြောင်းမှုတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အန်ဂျီအိုများ) ၏ ရေရှည်ပံ့ပိုးပေးမှုများသည် နိုင်ငံတစ်လျှောက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် တစ်စိတ်တစ်ဒေသပါဝင်ပါသည်။  အချို့သော ဤအုပ်စုများသည် ၂၀၁၁ မတိုင်မီက ပြည်ပမှ စတင်လုပ်ဆောင်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ ပြန်လာသောအခါတွင်လည်း ၎င်းတို့၏အလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
 
မြန်မာနိုင်ငံရှိ အန်ဂျီအိုများသည် အမျိုးသမီးများ၏ အခွင့်အရေးများ၊ မြေယာအခွင့်အရေးများ၊ ငွေကြေး ပွင့်လင်းမြင်သာမှု၊ လူနည်းစုများ၏ အခွင့်အရေးများ၊ ဘာသာရေးဆိုင်ရာ လွတ်လပ်မှုနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် တိုက်ပွဲဝင်ခြင်းဖြင့် ကူးပြောင်းမှုတွင် ထင်ရှားသည့်ကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။  ဤအန်ဂျီအိုများမှ အများအပြားသည် ၂၀၁၅ ရွေးကောက်ပွဲများကို ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်ခဲ့မှုအပါအဝင် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေး တိုးတက်ရေးတို့တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါသည် ဒီမိုကရက်တစ်တန်းဖိုးများ၊ လူ့အခွင့်အရေးများ၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံ လွတ်လပ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ပြည်တွင်း ပြည်ပ အန်ဂျီအိုများမှ မြှင့်တင်ခဲ့ခြင်းကို မြန်မာနိုင်ငံသည် အခွင့်အရေးများကို လေးစားသည့် နိုင်ငံအဖြစ် ရေရှည်ဆောင်ရွက်ရာတွင် အရေးပါသည့် လက္ခဏာရပ်တစ်ရပ်အဖြစ် အသိအမှတ်ပြုရမည်ဖြစ်သည်။  ဤအုပ်စုများသည် လူနည်းစု သို့မဟုတ် မတူသည့်အမြင်များ သို့မဟုတ် ယုံကြည်ချက်များကို ထောက်ခံသည့် လူပုဂ္ဂိုလ်များ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူများ၊ အလုပ်သမား သမဂ္ဂဖွဲ့သူများ၊ မြန်မာနိုင်ငံတွင်ဖြစ်စေ ပြည်ပတွင်ဖြစ်စေ အလုပ်လုပ်နေသော ရွေ့ပြောင်းအခြေချသူများနှင့် အခြားသူများအတွက် အွန်လိုင်းတွင်ဖြစ်စေ ပြင်ပတွင်ဖြစ်စေ လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့ပိုင်ခွင့်ကို ကာကွယ်ရန် ကြိုးစားလုပ်ဆောင်ကြပါသည်။  ၎င်းတို့တွင် အရေးပါသော အမြင်များ၊ သတင်းအချက်အလက်များနှင့် စွမ်းဆောင်ရည်များရှိကြပြီး ထိုအရာများသည် လူကြီးမင်း၏ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်ကို အထောက်အကူပြုမည်ဟု ကျွန်ုပ်တို့မှ ယုံကြည်ပါသည်။  အုပ်ချုပ်ခြင်းနှင့် တရားဥပဒေအရ ပြုပြင်ပြောင်းလဲရေး ကဏ္ဍအလုံးစုံနှင့်ပတ်သက်၍ မတူကွဲပြားသည့် အရပ်ဘက်လူ့အဖွဲ့ အစည်း အုပ်စုများ အားလုံးနှင့် ပုံမှန် အဓိပ္ပါယ်ရှိရှိ တွေ့စုံရန် ကျွန်ုပ်တို့မှ လေးလေးနက်နက် အကြံပြုလိုပါသည်။
 
ထိုနည်းတူစွာ လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့်ဆန့်ကျင်နေသည့် အသင်းအဖွဲ့မှတ်ပုံတင် ဥပဒေ ၂၀၁၄ကို လူကြီးမင်း၏ အစိုးရမှ ပြင်ဆင်ရန် Human Rights Watchမှ တိုက်တွန်းလိုပါသည်။  ဤဥပဒေကို မြန်မာနိုင်ငံ၏ နိုင်ငံတကာ တာဝန်ဝတ္တရားများနှင့်အညီ လုပ်ဆောင်လိုက်ပါက ရှေ့နေချုပ်၏ဌာနမှ ဥပဒေအတွက် စည်းမျဥ်းများကို အကောင်အထည်ဖော်ခြင်းကို နောက်ဆုံးအဆုံးသတ်လုပ်ဆောင်ရမှုကို အစားထိုးလိုက်နိုင်မည်ဖြစ်သည်။
 
မြန်မာနိုင်ငံသည် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) သို့မဟုတ် စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တွင် ပါဝင်ထားခြင်းမရှိပါ။  ICCPR တွင်လက်မှတ်မထိုးသေးသော်လည်း ၂၀၁၅ ဇူလိုင်လတွင် ICESCR တွင်လက်မှတ်ထိုးခဲ့ပါသည်။  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၃ တွင် အကြံပြုခဲ့သည်မှာ အစိုးရသည် သဘောတူ စာချုပ်များနှင့် ရွေးချယ်နိုင်သော ကျင့်ဝတ်စည်းကမ်းများကို အတည်ပြုလက်မှတ်ထိုးသင့်သည်။ ထိုသို့လျှင်လျှင်မြန်မြန်လုပ်ခြင်းဖြင့် မြန်မာနိုင်ငံသည် တိုင်းပြည်၏ ကူးပြောင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ရာတွင် အဓိကဖြစ်သည့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် တစ်ပြေးညီတည်းဖြစ်လာမည် ဖြစ်သည်။  အမျိုးသားလုံခြုံရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးဟူသော ပြဿနာရှိသည့် ကန့်သတ်ချက်များဖြင့် ရောထွေးထားသော်လည်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၈တွင် စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှု အခွင့်အရေးများကို အာမခံထားပြီး ICESCR တွင်ပါဝင်သည့် စည်းမျဥ်းများကို ကျင့်သုံး၍ လိုက်နာခြင်းဖြင့် လူကြီးမင်း၏အစိုးရကြုံတွေ့ရမည့် အဓိက စိန်ခေါ်မှုများဖြစ်သော မြေ၊ ရေ၊ သယံဇာတများနှင့် ယဥ်ကျေးမှုဆိုင်ရာ လွတ်လပ်မှုများအတွက် အရေးပါပါလိမ့်မည်။
 
။ အမျိုးသား လူ့အခွင်အရေး ကော်မရှင်ကို ပြုပြင်ပြောင်းလဲရေး
မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ပြုပြင်ပြောင်းလဲခြင်းသည် အမျိုးသား အင်စတီကျူးရှင်းများ၏ အခြေအနေနှင့် သက်ဆိုင်သည့် ကုလသမဂ္ဂ၏ စည်းမျဥ်းများ (ပါရီစည်းမျဥ်းများ)နှင့် တစ်သားတည်းဖြစ်စေရန် အရေးပါသည့် အစပြုမှုတစ်ရပ်ဖြစ်သည်။  ၂၀၁၁ တွင် သိန်းစိန်အစိုးရမှဖန်တီးခဲ့သည့် ကော်မရှင်တွင် စစ်မှန်သော အမှီအခိုကင်းမှု မရှိပါ။  အင်စတီကျူးရှင်းပိုင်းအရ အားနည်းပြီး ဗဟိုအစိုးရထံမှ အနည်းငယ်သော ဘဏ္ဍာရေးအထောက်အပံ့သာ ရရှိ၍ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအပေါ်တွင် များစွာမှီခိုနေရသည်။  မတ်လ ၂၀၁၅က လက်ပတန်းတွင် သပိတ်မှောက်ကျောင်းသားများကို ရဲများရိုက်နှက်ခြင်း ကဲ့သို့သော ကိစ္စအချို့နှင့်ပတ်သက်၍ အစိုးရ လုပ်ရပ်များကို ဝေဖန်ခဲ့သော်လည်း အထူးသဖြင့် မြန်မာ စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း အရေးပေါ်အစီရင်ခံစာများကို စုံစမ်းစစ်ဆေးခြင်းလုပ်ရန် ရှောင်နေခဲ့သည်။  ရလဒ်အနေဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အဖွဲ့များမှ ၎င်းကိုမကြာခဏ ဝေဖန်ခဲ့ကြသည်။ 
 
အရပ်ဘက်လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များပါဝင်သည့် မတူကွဲပြားစွာ ဖွဲ့စည်းမှုကို သေချာစေရန် လုပ်ဆောင်ပြီး MNHRC ကို ပါရီစည်းမျဥ်းများနှင့် အညီ ပြန်လည်ဖွဲ့စည်းသင့်သည်။  ၎င်း၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းများသည် လိင်ကိုထည့်သွင်းတွက်ချက်မှု ရှိသင့်ပြီး အမျိုးသမီးများ၏ အခွင့်အရေး ပြဿနာများကို အပြည့်အဝ ဖြေရှင်းရန် လေ့ကျင့်သင်ကြား လုပ်ဆောင်ပေးသင့်သည်။  ကော်မရှင်ကိုလည်း လုံလောက်သော ဘတ်ဂျက်ပေးပြီး တိုင်းပြည်အနှံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း စုံစမ်းဖော်ထုတ်၍ အစီရင်ခံစာတင်ရန် အခွင့်အလမ်း ပြည့်ပြည့်ဝဝ ပေးသင့်သည်။  ပထမလုပ်ငန်းအနေဖြင့် ၂၀၁၄ MNHRC ဥပဒေကို ပြင်ဆင်သင့်သည်။ အထူးသဖြင့် ပုဒ်မ ၅ ၊ ၈ နှင့် ၉ တို့တွင် ကော်မရှင်နာများကို ရွေးချယ်ခြင်းနှင့် အမှီအခိုကင်းခြင်း၊ ပုဒ်မ ၄၆ တွင် ကော်မရှင် ဘတ်ဂျက်၏ ပွင့်လင်းမြင်သာမှုနှင့် အမှီအခိုကင်းမှုတို့ကို ပြင်ဆင်ရာတွင် ရွေးချယ်ရေးစံနှုန်းများသည် အားလုံးပါဝင်သည့်ပုံစံဖြစ်စေရန် မြန်မာနိုင်ငံ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တိုင်ပင်၍ လုပ်ဆောင်ရမည်။
 
၅။ လုပ်ပိုင်ခွင့်အာဏာအပြည့်နှင့် ဝန်ထမ်းလုံလောက်စွာရှိသော ရုံးခန်းတစ်ခုဖွင့်ရန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး (OHCHR) ကို ရုံးခန်းသို့ ဖိတ်ကြားပါ။
အစီရင်ခံရန်နှင့် အရည်အသွေး တည်ဆောက်ရန် လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိသည့် OHCHR ရုံးခန်းတစ်ခုကို တည်ထောင်ခြင်းကို အမြန် သဘောတူရန် လူကြီးမင်း၏အစိုးရကို ကျွန်ုပ်တို့မှ တွက်တွန်းပါသည်။ 
ဤရုံးခန်းကို တည်ထောင် ခြင်းသည် သမ္မတ သိန်းစိန်မှ အမေရိကန်သမ္မတ ဘားရက် အိုဘားမားထံသို့ ကတိပြုခဲ့သည့် အဓိကအချက် တစ်ချက်ဖြစ်ပါသည်။ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနထံမှ ခုခံနေခြင်းသည် သမ္မတသိန်းစိန်ဤကတိကို ပြည့်မှီအောင် မလုပ်နိုင်ခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနသည် အင်စတီကျူးရှင်းအရ ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရားများနှင့်
ပြောင်းပြန်အသွင် ဆောင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။  OHCHR ရုံးခန်းကို အပြည့်အဝ တည်ထောင်နိုင်ပါက လူကြီးမင်း၏ အစိုးရသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အတိုင်းအဆမရှိ တိုးတက်သွားမည် ဖြစ်ပြီး ကမ္ဘာတစ်လွှားတွင် အကူအညီပေးခြင်းကို ကုလသမဂ္ဂ၏ “လူ့အခွင့်အရေး ဦးစားပေး” နည်းလမ်းကို မြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်ပါလိမ့်မည်။  ရုံခန်းသည် လွှတ်တော်၊ ဗျူရိုကရေစီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် လက်တွေ့ဖြစ်မြောက်ရန် လုပ်ဆောင်ပြီး လူ့အခွင့်အရေးကို တစိုက်မတ်မတ်လုပ်ဆောင်မှုကို မြှင့်တင်၍ အားကောင်းအောင်လုပ်ခြင်း၊ ဥပဒေပြုရေးတွင် အစိုးရကို နည်းပညာအကူအညီပေးခြင်းနှင့် MNHRC အပါအဝင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အမျိုးသား အင်စတီကျူးရှင်းများကို အားကောင်းအောင်လုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ရမည်။ 
 
၆။ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်ပေး၍ မြှင့်တင်ပါ
မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေးများကို မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းသည် လူကြီးမင်း၏ အစိုးရအတွက် အဓိက ဦးစားပေးဖြစ်သင့်ပါသည်။  ပြီးခဲ့သည် စစ်အစိုးရသည် လူထုဘဝတွင် အမျိုးသမီးများပါဝင်ခြင်းကို အားပေးခြင်းမရှိခဲ့ပါ။  ၂၀၁၅ နိုဝင်ဘာလတွင် ရွေးကောက်လိုက်သော လွှတ်တော်သစ်တွင် မြန်မာနိုင်ငံ၏သမိုင်းတစ်လျှောက် အမျိုးသမီး ကိုယ်စားလှယ်ဦးရေ အများဆုံးပါဝင်သည်။ အမျိုးသမီးများသည် ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ ၁၄.၅ ရာခိုင်နှုန်းရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ လွှတ်တော်များတွင် ၁၂.၅ ရာခိင်နှုန်းရှိသည်။  တိုင်းဒေသကြီး လွှတ်တော်များရှိ ရွေးကောက်လိုက်သည့် တိုင်းရင်းသားရေးရာ ဝန်ကြီးငါးယောက်နှုန်းတွင် တစ်ယောက်မှာ အမျိုးသမီးဖြစ်ပြီး အမျိုးသမီးများသည် တနင်္သာရီ တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် နှစ်ခုလုံးတွင် ဝန်ကြီးချုပ်များအဖြစ် ရွေးချယ်ခံရသည်။  သို့သော်လည်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အခွင့်အရေးများကို မြှင့်တင်ရာတွင် ဆက်လက်လုပ်ဆောင်စရာများရှိနေသေးပြီး အမျိုးသားအစိုးရ၏ အစိုးရအဖွဲ့တွင် ၁၈ ဦးရှိသည့်အနက် အမျိုးသမီး တစ်ဦးသာပါသည်။  မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အခွင့်အရေးများကို တိုးမြှင့်ရာတွင် အထောက်အကူရန် လူကြီးမင်း၏ အစိုးရလုပ်နိုင်သည့် နည်းလမ်းအချို့ကို ကျွန်ုပ်တို့မှ အဆိုပြုချင်ပါသည်။
 
၁၉၉၇ တွင် မြန်မာနိုင်ငံလက်မှတ်ရေးထိုးထားသည့် အမျိုးသမီးများကို ခွဲခြားဆက်ဆံသည့် ပုံစံအားလုံး ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ရှိ တာဝန်ဝတ္တရားများကို မြန်မာနိုင်ငံသည် အပြည့်အဝလိုက်နာရန် အစိုးရသည် လုပ်ဆောင်သင့်သည်။  ၂၀၁၆ တွင် အဖွဲ့ဝင်နိုင်ငံများမှ အကောင်အထည်ဖော်နေမှုကို ကြည့်ရှုလေ့လာနိုင်စေရန် အမျိုးသမီးများကို ခွဲခြားဆက်ဆံသည့် ပုံစံအားလုံး ပပျောက်ရေး ကော်မတီထံသို့ မြန်မာနိုင်ငံမှ အစီရင်ခံစာ ပေးပို့ရန် အချိန်သတ်မှတ်ထားပြီးဖြစ်သည်။  ပြီးခဲ့သည့်အစိုးရသည် ကော်မရှင်ထံသို့ တင်သွင်းသောအခါ အမျိုးသမီးများ၏ အခွင့်အရေးများကို မြှင့်တင်ရန် ဥပဒေခြောက်ခုပြုခဲ့ပြီးဖြစ်သည်ဟု ဆိုထားသော်လည်း ၎င်းတို့ထဲမှ အများအပြားသည် လှုမှုလုံခြုံရေး ဥပဒေကဲ့သို့ သွယ်ဝိုက်၍ လုပ်ဆောင်ထားခြင်းသာဖြစ်သည်။  အမျိုးသမီးများ၏ အခွင့်အရေးများအတွက် အရေးအပါဆုံးသော ဥပဒေမူကြမ်းမှာ လွှတ်တော်၏ လုပ်ငန်းနှင့် အတည်ပြုမှုကို စောင့်ဆိုင်းနေဆဲသာဖြစ်သည်။ ထိုဥပဒေမူကြမ်းမှာ အမျိုးသမီးများကို အကြမ်းဖက်ခြင်းမှ ကာကွယ်ခြင်းနှင့် တာဆီးရေး ဥပဒေဖြစ်သည်။  CEDAW တွင်ပါဝင်သည့် တာဝန်ဝတ္တရားများကို မြန်မာနိုင်ငံမှ အပြည့်အဝလိုက်နာရန် လူကြီးမင်း၏ အစိုးရအနေဖြင့် စစ်ဆေးရန် တောင်းဆိုပါသည်။  ပြီးခဲ့သည့်အစိုးရမှ ရေးဆွဲထားသည့် အမျိုးသမီးများတိုးတက်ရေးအတွက် အမျိုးသား နည်းပရိယာယ်ဆိုင်ရာ အစီအစဥ် ၂၀၁၃-၂၀၂၂ သည် CEDAW နှင့် အခြားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များနှင့် ကိုက်ညီစေရန် ပြင်ဆင်သင့်ပါသည်။ 
 
အမျိုးသမီးများကို အကြမ်းဖက်ခြင်းမှ ကာကွယ်ခြင်းနှင့် တာဆီးရေး ဥပဒေ ကို ဆောင်ရွက်ပေးရန် လူကြီးမင်း၏ အစိုးရကို တိုက်တွန်းပါသည်။ ၎င်း၏ မူကြမ်းသည် မြန်မာနိုင်ငံရှိ အမျိုးသမီး အုပ်စုများနှင့် ကုလသမဂ္ဂနှင့် ကျယ်ပြန့်စွာ ဆွေးနွေးတိုင်ပင်ရာမှ ထွက်ပေါ်လာသည့် ရလဒ်ဖြစ်ပါသည်။  ဤဥပဒေမူကြမ်းသည် ပြီးခဲ့သည်လများတွင် ယုတ်လျော့သွားပြီး အချို့သော အကြံပြုထားသည့် ပြင်ဆင်ချက်များကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများသို့ မြန်မာနိုင်ငံ၏ အားစိုက်ထုတ်မှုသည် နည်းပါးသွားမည်ဖြစ်သည်။ ဤထဲတွင် မုဒိမ်းမှုကို အနက်အဓိပ္ပါယ်ပြည့်ပြည့်ဝဝဖွင့်ရန်နှင့် အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုနှင့် လက်ထိပ်ထိမ်းမြှားထားသော်လည်း မုဒိမ်းကျင့်မှုတို့ကို တရားမဝင်ဟု ဥပဒေထုတ်ရန် စသည်တို့ပါဝင်ပါသည်။  သို့ရာတွင် ဤဥပဒေကို ချမှတ်ပြီးပါက အမျိုးသမီးများကို ကာကွယ်မှုကို အာမခံပေးရန် ပြီးခဲ့သည့် အစိုးရ၏ ဥပဒေပြု ပြုပြင်ပြောင်းလဲရေး တစ်စိတ်တစ်ဒေသထက် ပိုပြီး အမျိုးသမီးများကို ခွဲခြားဆက်ဆံသည့် တည်ဆဲ ဥပဒေများကို ပြင်ဆင်ရန်အတွက် ခိုင်မာသည့်အခြေခံတစ်ခု ဖြစ်လာမည်။
 
အထူးစိုးရိမ်ပူပန်သည်မှာ ပဋိပက္ခဒေသများရှိ အမျိုးသမီးများနှင့် မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်း အစီရင်ခံစာများဖြစ်သည်။  မြန်မာနိုင်ငံ စစ်တပ် အဖွဲ့ဝင်များမှဖြစ်စေ အစိုးရမဟုတ်သည့် လက်နက်ကိုင် အုပ်စုများမှ အဖွဲ့ဝင်များမှဖြစ်စေ အဆိုပါ ရာဇဝတ်မှုများအတွက် တာဝန်ယူမှုမရှိခြင်းကြောင့် ဤကဲ့သို့သော ထပ်တလဲလဲဖြစ်နေသည့် စော်ကားမှုများသည် ပိုမို၍ များလာသည်။  ကာကွယ်ရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအကြောင်း အထူး သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်မှာ ၂၀၁၁ နှင့် ၂၀၁၅ အတွင်းတွင် စစ်တပ်သည် ၆၁ ယောက်သော လက်နက်ကိုင် စစ်သားများကို မုဒိမ်းမှုအတွက် အပြစ်ပေးခဲ့သည်။  သို့သော်ငြားလည်း ဤကိန်းဂဏန်းများသည် အုပ်စုအများအပြား ယုံကြည်သည့် ပြဿနာအတိုင်းအတာအောက် အလွန်နည်းနေသေးပြီး ကြားနာမှုများသည် အရပ်သား တရားရုံးတွင်မဟုတ်ဘဲ တပ်တွင်းတွင် ဖြစ်၍ လူထုကြားသိနိုင်ရန် အခွင့်အရေး အလွန်နည်းပါးပါသည်။  စစ်တပ်မှ လေးနက်စွာ စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည်ဟု စွပ်စွဲသည့် အမှုများ မြောက်များစွာ ရှိပါသည်။ ၎င်းတို့ထဲမှ ကချင်း ကျောင်းဆရာမများဖြစ်သော မရမ်းလုရာနှင့် တန်ဘောက် ခွမ်း နန်းဆင်တို့ကို ၂၀၁၅ ဇန်နဝါရီတွင် သံသယရှိသော မြန်မာစစ်သားများမှ မုဒိမ်းကျင့် သတ်ဖြတ်သည်ဆိုသော အမှုသည် လူသိများ ထင်ရှားပါသည်။  ထို့အပြင် ပဋိပက္ခနယ်မြေများတွင်ရှိသော အမျိုးသမီးများကို အတင်းခေါ်ယူမှုများနှင့် အဓမ္မခေါ်ယူမှုကြောင့် ပျောက်ဆုံးနေမှုများသည် ဖြစ်ပေါ်ဆဲဖြစ်သည့် စိုးရိမ်စရာအချက်ဖြစ်သည်။ ၂၀၁၁ တွင် မြန်မာစစ်တပ်မှ ခေါ်ဆောင်သွားသော ကချင်အမျိုးသမီး ဆမ်လွတ် ရွိုင် ဂျာ၏ ဖြစ်စဥ်တွင်လည်း သူဘာဖြစ်သွားသည်ကို မည်သူမျှမသိကြတော့ပါ။ 
 
Human Rights Watch သည် လူကြီးမင်း၏အစိုးရကို အနာဂတ် စေ့စပ်ညှိနှိုင်းရေးများအားလုံးတွင် အမျိုးသမီးများအပြည့်အဝပါဝင်စေရေး လုပ်ဆောင်ရန်လည်း တိုက်တွန်းလိုပါသည်။  စေ့စပ်ညှိနှိုင်းမှုလုပ်နေသည့် လေးနှစ်နီးပါးကာလတွင် အမျိုးသမီးများ၏ အသံများနှင့် စိုးရိမ်ပူပန်မှုများသည် သိသာမြင်သာစွာ ပျောက်ဆုံးနေပြီး ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းပွဲများတွင် အမျိုးသမီးများသည် အကြီးတန်း ရာထူးများတွင် နေရာမရသလောက်ပင်ဖြစ်ပါသည်။  ယခုအခါတွင် လည်ပတ်ခြင်းမရှိတော့သည့် ဆွေးနွေးညှိနှိုင်းမှုများအတွက် အစိုးရ၏ အတွင်းရေးမှူးရုံးဖြစ်သည့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၏ ဝန်ထမ်းများတွင် အမျိုးသမီး မရှိသလောက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခတွင် ပါဝင်သည့် အမျိုးသမီး အုပ်စုများ၏ အစီရင်ခံချက်အရ ထိုဖြစ်စဥ်တွင် ၎င်းတို့ပါဝင်ခြင်းနှင့် အမျိုးသမီး အခွင့်အရေးများကို ထည့်သွင်းရန် ဖိအားပေးမှုအတွက် MPC အရာရှိများမှ အထင်အမြင်သေးသလို “ဝင်ရှုပ်သူများ” အဖြစ် ဆက်ဆံကြသည်ဟု ဆိုသည်။   ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅တွင် ပါဝင်သည့် စည်းမျဥ်းများနှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်များသည် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှု၊ လူသားချင်းစာနာစွာ တုံ့ပြန်မှုနှင့် ပဋိပက္ခပြီးနောက် ပြန်လည်တည်ဆောက်ခြင်းအပါအဝင် ပဋိပက္ခ ကာကွယ်ခြင်းနှင့် ဖြေရှင်းရေးတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အရေးပါသည့် အခန်းကဏ္ဍအတွက် စံသတ်မှတ်သင့်သည်။  “နိုင်ငံရေး ဒိုင်ယာလော့ဂ်များ၏ အလွှာပေါင်းစုံတွင် အမျိုးသမီးများ ပါဝင်မှုကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း ဖြစ်စေရန်” ဇန်နဝါရီလတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကွန်ဖရင့်၏ ကတိကဝတ်သည် အရေးပါသော တိုးတက်မှုဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဥ်၏ အလွှာတိုင်းတွင် အမျိုးသမီးများ အပြည့်အဝနှင့် အတားအဆီးမရှိ ပါဝင်နိုင်စေရန် တိုက်တွန်းလိုပါသည်။  လူကြီးမင်း၏ အစိုးရသည် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များကိုလည်း အမျိုးသမီးများ အပြည့်အဝ ပါဝင်စေရန် အားပေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအုပ်စုများသည် အမျိုးသမီးများ အဓိပ္ပါယ်ရှိရှိ ပါဝင်စေရေး မလုပ်ဆောင်နိုင်ခဲ့ကြပါ။  အမျိုးသမီးများ၏ အခွင့်အရေး အဖွဲ့အစည်းများသည် ဤဖြစ်စဥ်များကို ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ရာတွင် အဓိကနေရာတွင် ရှိနေမှသာ မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် မူဝါဒနှင့် အစီအစဥ်ရေးဆွဲရာတွင် ကွဲပြားခြားနားသော လူပေါင်းစုံမှ အရေးပါသော အကြံဥာဏ်များ ထည့်သွင်းနိုင်ရေး လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 
 
၇။ မြေယာအခွင့်အရေးများကို ကာကွယ်ပြီး တိုးမြှင့်ပါ
လူကြီးမင်း၏အစိုးရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြုံတွေ့ရမည့် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ မြေယာပြဿနာဖြစ်သည်။  ၂၀၁၁ မှစ၍ မြေယာသိမ်းပိုက်ခြင်းနှင့် ကျေးလက်လူ့အဖွဲ့အစည်းများကို အတင်းအဓမ္မဖယ်ရှားခြင်းများသည် သိသိသာသာ တိုးများလာပြီ လွှတ်တော် စုံစမ်းစစ်ဆေးမှုများ၏ နိဂုံးကောက်ချက်အရ မြေယာသိမ်းယူရန် အဓိကလုပ်ဆောင်သူမှာ မြန်မာ စစ်တပ်ဖြစ်သည်။  မြန်မာနိုင်ငံတစ်လျှောက် မြင့်တက်လာသည့် ဆန္ဒပြမှုများ၏ ရလဒ်အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် မြေယာအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို  များသောအားဖြင့် အထက်တွင်ဖော်ပြထားသည့် အလွဲသုံးစားလုပ်သည့် ဥပဒေများဖြင့် ဖမ်းဆီးအရေးယူမှုများ သိသိသာသာ မြင့်တက်လာခဲ့ပါသည်။ ၂၀၁၆ ဇန်နဝါရီလတွင် အတည်ပြုခဲ့သည့် အမျိုးသားမြေယာအသုံးပြုမှုမူဝါဒတွင် မြေယာပိုင်ဆိုင်ရာ၌ အမျိုးသားနှင့် အမျိုးသမီးများ၏ သာတူညီမျှမှုအကြောင်း အခွင့်အရေးပေါ် အခြေခံသုံးထားသည့် ဘာသာစကား၊ မြေယာရယူမှုနှင့် ပတ်သက်၍ အခွင့်အရေး စံနှုန်းများနှင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးများကို ဖော်ပြထားသောကြောင့် ပြဿနာဖြစ်နေသည့် မြေယာအငြင်းပွားမှုများကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်သည်။ သို့သော်လည်း မြေယာအသုံးပြုမှုမူဝါဒကို လယ်ယာမြေအက်ဥပဒေ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေနှင့် မြန်မာရင်းနှီးမြုပ်နှံမှုဥပဒေ ကဲ့သို့သော မြေယာအသုံးပြုမှုအပေါ်ချုပ်ကိုင်ထားသည့် အခြားဥပဒေများမှ ကန့်သတ်ထားပါသည်။ မြန်မာရင်းနှီးမြုပ်နှံမှုဥပဒေတွင် ဒေသခံ ရပ်ရွာလူထုများ၏ မြေယာပိုင်ဆိုင်ခွင့်ကို လုံလောက်စွာ ကာကွယ်ပေးခြင်းမရှိဘဲ နိုင်ငံအာဏာပိုင်များနှင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများမှ မြေယာယူနိုင်သည်။  ဤဥပဒေသုံးရပ်ကို အမျိုးသားမြေယာအသုံးပြုမှုမူဝါဒတွင် ဖော်ပြထားသည့် စည်းမျဥ်းများနှင့် ကိုက်ညီအောင် ပြင်ဆင်ရန်နှင့် ဤအရေးကြီးသည့် ကဏ္ဍ၏ ဥပဒေပြုရေး အဆင့်တိုင်းတွင် အရပ်ဘက်အခြေပြုအဖွဲ့အစည်းများနှင့် ကျေးလက်ရှိ ရပ်ရွာလူထုများနှင့် အဓိပ္ပါယ်ရှိစွာ တိုင်ပင်ဆွေးနွေးရန် ကျွန်ုပ်တို့မှ လူကြီးမင်းအစိုးရကို တိုက်တွန်းလိုသည်။  ဤဥပဒေများသည် ထုတ်ယူသည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး အစပြုမှု (EITI) တွင်မြန်မာနိုင်ငံမှ ကတိပေးထားမှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊နှင့် လူ့အခွင့်အရေး ကာကွယ်ရေး အပါအဝင် ပွင့်လင်းမြင်သာမှုနှင့်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့် အမြဲ ကိုက်ညီနေရမည်ဖြစ်သည်။   လူကြီးမင်း၏အစိုးရသည် လက်ရှိနှင့် ယခင်က မြေယာအငြင်းပွားမှုများကို ဖြေရှင်းရန် တိုင်ကြားရေးအဖွဲ့ကို ဖွဲ့စည်းပြီး အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ အပြည့်အဝဆောင်ရွက်ရမည်။
 
စီတန်းလှည့်လည်ခြင်းနှင့်ပတ်သက်၍ အလွဲသုံးစားပြုထားသည့် ဥပဒေများတပ်၍ မြေယာအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနေသည့် သံသရာကိုလည်း အဆုံးသတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွက် တရားစွဲခံထားရသည့် မည်သည့်သူကိုမဆို အမှုရုတ်သိမ်းပေးရန် လူကြီးမင်း၏အစိုးရကို ကျွန်ုပ်တို့မှ တောင်းဆိုပါသည်။  ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို မလိုအပ်ပဲ တားမြစ်ထားသည့်အခါ ငြိမ်းချမ်းစွာ ဆန္ဒပြမှုဖြစ်မည့် အခြေအနေမှ ဒေသခံအာဏာပိုင်များမှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုကို လက်မခံဘဲ လူသိများသည့် မြေယာပိုင်ဆိုင်ခွင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးလိုက်သည့်အခါ၂၀၁၂ မှ ၂၀၁၃ ထိ လက်ပတန်းတွင်ဖြစ်ခဲ့သည့် ဆန္ဒပြမှုများအတွင်းဖြစ်ခဲ့သလို အကြမ်းဖက်မှုဖြစ်လာနိုင်သည်။
 
မြေယာအခွင့်အရေး ပြဿနာများကို ဖြေရှင်းရာတွင် တရားဥပဒေများ၊ မူဝါဒများနှင့် အစီအစဥ်များ ရေးဆွဲရာတွင် အမျိုးသမီးများ၏ သိမြင်ထားသည့်၊ တက်ကြွသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ထိရောက်သည့် ပါဝင်ဆောင်ရွက်မှုအပေါ်အခြေခံ၍ ၎င်းတို့ အပြည့်အဝပါဝင်စေရန် အစိုးရမှ စီမံပေးရန် Human Rights Watch မှတောင်းဆိုပါသည်။  လူကြီးမင်း၏ အစိုးရသည် အမျိုးသမီးများ၊ အမျိုးသမီးအုပ်စုများနှင့် စုပေါင်းထားသည့် အုပ်စုများသည် မဲပေးရသည့် ယန္တရားများတွင် အပါအဝင်  မြေယာနှင့် စိုက်ပျိုးရေး နှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်ချမှတ်ရေး ပုံစံများအားလုံးတွင် အမျိုးသားများနှင့် တန်းတူရည်တူ ထိရောက်စွာ ကိုယ်စားပြုနိုင်ရန် လုပ်ဆောင်ပေးသင့်သည်။  မြန်မာနိုင်ငံရှိ အမျိုးသမီးအခွင့်အရေးအုပ်စုများကို မြေယာနှင့် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်ချမှတ်ရေး ဖြစ်စဥ်များနှင့်ပတ်သက်၍ ပြည့်ဝပြီး တိကျသည့် သတင်းအချက်အလက်များကို ပေးအပ်ရမည်ဖြစ်ပြီး ဤသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် အရည်အသွေး တည်ဆောက်ရာမှ အကျိုးရလဒ်ရရှိမည်ဖြစ်သည်။ ထိုမှသာ ၎င်းတို့၏ ဆုံးဖြတ်ချက် ချမှတ်မှုသည် သိမြင်ထားမှုအပေါ်အခြေခံ၍ တက်ကြွပြီး အဓိပ္ပါယ်ရှိရှိ အကျိုးရှိမည်ဖြစ်သည်။  အကဲဖြတ်စစ်ဆေးမှုနှင့် လေ့လာသုံးသပ်မှု၊ အစီအစဥ်ရေးဆွဲမှုနှင့် ဒီဇိုင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သုံးသပ်အကဲဖြတ်ခြင်း အပါအဝင်
ဥပဒေ၊ မူဝါဒနှင့် အစီအစဥ်ရေးဆွဲခြင်း အဆင့်များအားလုံးတွင် ပါဝင်ခွင့်ကို သက်ရောက်စေရမည်။  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေ (IFAD) မှအသိအမှတ်ပြု ထားသည့်အတိုင်း “ဖြစ်ရပ်များအားလုံးတွင် အမျိုးသမီးများကို ၎င်းတို့၏ အခွင့်အရေးများအကြောင်း လေ့ကျင့်သင်ကြား ပေးခြင်းသည် အမျိုးသမီးများတောင်းဆိုနိုင်သည့် အရာများအကြောင်း အသိမြှင့်တက်လာပြီး ၎င်းတို့၏ နိုင်ငံရေးအရ ပိုင်ဆိုင်မှုနှင့် မူဝါဒဖြစ်စဥ်တွင် ၎င်းတို့၏ ပါဝင်မှု မြင့်တက်စေရန်အတွက် အခွင့်အလမ်းများကို ပေးအပ်သောကြောင့် အလွန်အသုံးဝင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။”
 
၈။ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးကို ကာကွယ်ပြီး မြှင့်တင်ပါ
လူကြီးမင်း၏အစိုးရသည် ကျန်းမာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေးလုပ်ရန်နှင့် တိုင်းပြည်အနှံ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်မှုကို မြှင့်တင်ရန် အားထုတ်နေမှုကို ကျွန်ုပ်တို့မှ အသိအမှတ်ပြုပါသည်။  စိတ်ချရသော သောက်ရေနှင့် လုံလောက်သော ယင်လုံအိမ်သာ၊ စိတ်ချရသော အစားအစာ၊ လုံလောက်သော အစာအာဟာရနှင့် အိမ်ယာ၊ ကျန်းမာရေးနှင့် ညီညွတ်သော အလုပ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုရာ အခြေအနေများ၊ ကျန်းမာရေးနှင့်ဆိုင်သည့် ပညာရေးနှင့် သတင်းအချက်အလက်နှင့် ကျားမတန်းတူညီမျှရေးတို့ အပါအဝင် အခြားသော အခွင့်အရေးများကို ခံစားနိုင်ရန် သက်ဆိုင်သည့် ကျန်းမာစွာနေထိုင်ခွင့်ကို အသိအမှတ်ပြုထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကျန်းမာရေးကဏ္ဍသည် တစ်ပြေးညီတည်းဖြစ်အောင် ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။ 
 
မြန်မာနိုင်ငံတစ်လွှားရှိ အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အမှန်တစ်ကယ်လိုအပ်မှုအပေါ်တွင်မူတည်၍ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား သို့မဟုတ် လိင်ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ ရရှိနိုင်စေရန် လုပ်ဆောင်ရမည်။  အထူးသဖြင့် ပဋိပက္ခကြောင့်၊ လူ့အဖွဲ့အစည်းအချင်းချင်း အကြမ်းဖက်မှုကြောင့် သို့မဟုတ် တည်ဆောက်ရန် သို့မဟုတ် စီးပွားရေး လုပ်ငန်းလုပ်ရန်ဟူ၍ မြေယာသိမ်းယူခံရမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသူများထံသို့  လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်မှုများနှင့် ကျန်းမာရေး စောင့်ရှောက်ကုသမှု အကြောင်း ပြဌာန်းချက်ကို ဒေသအဆင့်မှ လုံခြုံရေးဆိုင်ရာ တားမြစ်ချက်များမှ ထင်သလို တားမြစ်ပိတ်ပင်ခြင်း မရှိသင့်ပါ။   ပဋိပက္ခဖြစ်ပွားသည့် ဒေသများရှိ ကျန်းမာရေး လုပ်သားများနှင့် ဆေးခန်းများကို ပစ်မှတ်ထားသည့် အစိုးရ တပ်များအကြောင်း နှစ်ပေါင်းများစွာက သတင်းပေးပို့ကြပါသည်။ ထို့ကြောင့် လူကြီးမင်း၏ အစိုးရကို ကျန်းမာရေး စောင့်ရှောက်ကုသမှု ဌာနများနှင့် လုပ်သားများကို ပစ်မှတ်ထားမှုအားလုံးကို အဆုံးသတ်ရန်နှင့် မည်သည့်ရာထူးရှိသည်ဖြစ်စေ တာဝန်ခံမှုရှိစေရန် လုပ်ဆောင်ပေးပါဟု တိုက်တွန်းလိုပါသည်။ 
 
၂၀၁၅ တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို အတည်ပြုလိုက်ခြင်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အရေးပါသည့် အောင်မြင်မှုတစ်ရပ်ဖြစ်ပါသည်။  မြန်မာနိုင်ငံတစ်လျှောက်လုံးရှိ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများရှိသည့် သူများကို
ကျန်းမာရေး ဝန်ဆောင်မှုများ ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှုမရှိစေရေး အစိုးရမှ လုပ်ဆောင်ရန် တိုက်တွန်းပါသည်။
 
မြန်မာနိုင်ငံသည် တရားမဝင် မူးယစ်ဆေးဝါးများကို အဓိက ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်ပြီး မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အသုံးပြုမှု မြှင့်တင်လာကြောင်း အစီရင်ခံစာများက ဖော်ပြနေသည်။  မူးယစ်ဆေးဝါးများမှ ပေးအပ်သည့် လူမူအဖွဲ့အစည်းရှိ အန္တရာယ်များကို ကာကွယ်တားဆီးရန် အစိုးရများတွင် တရားဝင် စိတ်ပါဝင်စားမှုရှိကြောင်းကို Human Rights Watch မှ အသိအမှတ်ပြုပါသည်။ သို့သော် မြန်မာနိုင်ငံအစိုးရ၏ လက်ရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒများကြောင့် အလွန်ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်နေပါသည်။  မူးယစ်ဆေးဝါးများကို အသုံးပြုခြင်း၊ လက်ဝယ်ထားခြင်း၊ ထုတ်လုပ်ခြင်းနှင့် ကုန်ကူးခြင်း အားလုံးကို တားမြစ်ရန် ကြိုးစားသည့် တားမြစ်ပိတ်ပင်ရေး မူဝါဒများကို ကျင့်သုံးသည့် နိုင်ငံတကာ မိသားစုမှ မကြာခဏ ပုံသွင်းခဲ့သည့် အမျိုးသား မူးယစ်ဆေးဝါး မူဝါဒများသည် မမှန်မကန်ဖြစ်နေသည်မှာ ဆယ်စုနှစ် ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ကျေးလက်ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခ၊ ရာနှင့်ချီသော လယ်သမားများ ပြောင်းရွေ့ပြေးရပြီး ဆင်းရဲသွားစေမှုဖြစ်ခဲ့၍ ကုန်းတွင်းပိုင်းများတွင် အရာရှိများ အကျင့်ပျက်ခြစားမှု ဖြစ်ပေါ်စေခဲ့သည်။  ကချင်နှင့် ရှမ်းပြည်နယ်များရှိ အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များ၏ နည်းလမ်များကို မကြာခဏ ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အစိုးရနှင့် စစ်တပ်မှ ဆိုးရွားသည့် အမြစ်ပြတ် သုတ်သင်မှုကြောင့် ဘိန်းစိုက်ပျိုးရေး နယ်မြေများရှိ လယ်သမား လူ့အဖွဲ့အစည်းများ၏ ဘဝရှင်သန်ရေးကို ကြီးမားစွာ သက်ရောက်သည်။  မဖြစ်မနေသွားရမည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး စင်တာများကဲ့သို့သော မူးယစ်ဆေးဝါး ပြတ်ရန် ဒေသခံ အာဏာပိုင်များမှ လုပ်ဆောင်သည့် ကနဦးနည်းလမ်းများသည် အလွဲသုံးစားပြုရာကျပြီး ကျန်းမာရေးနှင့် ပတ်သက်သော အခွင့်အရေးနှင့် အခြားသော အခွင့်အရေးများကို ချိုးဖောက်ရာကျသည်။  မူးယစ်ဆေးဝါးပြတ်အောင်ကုသမှုကို အတင်းအကျပ်မလုပ်ဆောင်သင့်ပါ။  မည်သူတစ်ဦးတစ်ယောက်ကိုမှ မလုပ်မနေကုသရန်အတွက် လုပ်ငန်းစဥ်အတိုင်း ထိန်းချုပ်ထားခြင်း မလုပ်သင့်ဟု ရှုမြင်ပြီး မူးယစ်ဆေးဝါးပြတ်ရန် ကုသမှုပေးလိုသည့်အတွက် လုပ်ငန်းစဥ်အတိုင်း ထိန်းသိမ်းထားသည့် မည်သည့်စနစ်ကိုမဆို Human Rights Watch မှ ဆန့်ကျင်ပါသည်။ 
 
၂၀၁၆ ဧပြီလတွင် မူးယစ်ဆေးဝါးအကြောင်း ကုလသမဂ္ဂ အထွေထွေ အစည်းအဝေး အထူး ဆက်ရှင် (UNGASS) နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဥပဒေများနှင့် မူဝါဒများကို ပြန်လည်သုံးသပ်ရန် လူကြီးမင်း၏ အစိုးရကို ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။  လူကြီးမင်း၏ အစိုးရသည် လူ့အခွင့်အရေး၊ လူထုကျန်းမာရေးနှင့် ဆိုးရွားသည့် မူးယစ်ဆေးဝါး တားဆီးရေး နည်းလမ်းများကို ရေးဆွဲခြင်းကို အနည်းဆုံးဖြစ်စေရန် မူးယစ်ဆေးဝါး မူဝါဒကို ပြန်လည်ပုံဖော်မည့် ပြုပြင်ပြောင်းလဲရေးကို လူကြီးမင်း၏ အစိုးရမှ ပံ့ပိုးသင့်ပါသည်။  မူးယစ်ဆေးဝါးကို အန္တရာယ်ရှိစွာ အသုံးပြုခြင်းကို ဟန့်တားရန်၊ ကာကွယ်ရန်နှင့် ကုသရန် မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းမရှိသည့် ရာဇဝတ်ပြစ်မှုမဟုတ်သော စည်းကမ်းထိန်းချုပ်ရေးနှင့် လူထု ကျန်းမာရေး နည်းလမ်းများကိုသာ မှီခိုသင့်သည်။  မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အားထုတ်မှုများသည် အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းများနှင့် တူစေရန် မူးယစ်ဆေးဝါး အစီအစဥ်များကို ရန်ကုန်တွင် လုပ်ဆောင်နေသည့် နိုင်ငံတကာ အေဂျင်စီများနှင့် နီးကပ်စွာ လက်တွဲလုပ်ဆောင်ရန် လူကြီးမင်း၏ အစိုးရကို ကျွန်ုပ်တို့မှ အကြံပြုပါသည်။
 
၉။ ရိုဟင်ဂျာနှင့် အခြားသော မူဆလင်များကို ဖိနှိပ်မှုကို အဆုံးသတ်ပါ
လူကြီးမင်း၏ အစိုးရကြုံတွေ့ရသည့် အဓိက လူ့အခွင့်အရေး စိန်ခေါ်မှုများထဲမှ တစ်ခုမှာ ရခိုင်ပြည်နယ်ရှိ အခြေအနေဖြစ်ပါသည်။  ၂၀၁၂ တွင် လူ့အဖွဲ့အစည်းများအကြား အကြမ်းဖက်မှုဖြစ်ခြင်းကို Human Rights Watch သုတေသနမှ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်နှင့်ဆန့်ကျင်၍ ပြစ်မှုလုပ်ဆောင်ခြင်း ဖြစ်သည်ဟု တွေ့ရှိခဲ့ပြီး ၁၂၅,၀၀၀ ကျော်သော ရိုဟင်ဂျာ မူဆလင်များ ထွက်ပြေးစွန့်ခွဲခဲ့ရပြီး ကြောက်မက်ဖွယ် အခြေအနေတွင် နေထိုင်နေကြရပါသည်။  မြန်မာနိုင်ငံရှိ ၁.၂ သန်းရှိသော ရိုဟင်ဂျာတို့သည် ခွဲခြားဆက်ဆံခံ ရသည့် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေမှ ထိထိရောက်ရောက် ငြင်းဆန်ထားပြီး အစိုးရ၏ ပစ်မှတ်ထား ဖိနှိပ်မှုကို ကြာမြှင့်စွာ ခံစားခဲ့ရပါသည်။  NLD ၏ အကြီးတန်းအဖွဲ့ဝင်များ၏ ပြီးခဲ့သည့် လူထုထံသို့ ကြေညာချက်များတွင် ရိုဟင်ဂျာပြဿနာများကို မျက်ကွယ်ပြုထားပြီး ရိုဟင်ဂျာများတွင်ရှိသည့် လူနည်းစုအခွင့်အရေးအရ နိုင်ငံသားဖြစ်နိုင်မှုကို မှေးမှိန်စေပြီး မိမိကိုယ်တိုင် မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြခွင့်ကို ပယ်ချထားခဲ့သည်။  သမ္မတအနေဖြင့် လူကြီးမင်းသည် ဤပြဿနာကို ဖြေရှင်းရန် ပထမနည်းလမ်းတစ်ရပ်အဖြစ် ရိုဟင်ဂျာ လူနည်းစုကို တရားဝင် ရှုတ်ချခြင်းကို အဆုံးသတ်ရန် လေးလေးနက်နက် တိုက်တွန်းလိုပါသည်။
 
ရခိုင်ပြည်နယ်တွင် ၂၀၁၂ တွင် လိုက်နာစေခဲ့သည့် အရေးပေါ်အခြေနေကို သမ္မတဦးသိန်းစိန်မှ မကြာသေးမီက ဖယ်ရှားလိုက်ခြင်းသည် ပြည်နယ်တစ်ခုလုံးရှိ လူ့အခွင့်အရေးအတွက် ပိုမိုလေးစားလိုက်နာမှုကို ဖြစ်ပေါ်စေမည့် တံခါးတစ်ချပ်ပွင့်သွားခြင်းပင် ဖြစ်သည်။  သို့သော် ဗလီများတွင်အပါအဝင် အများပြည်သူနေရာများတွင် လူငါးဦးထက် စုဝေးခြင်းမပြုရဟု ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များတွင် ညမထွက်ရ အမိန့်ရှိနေသေး သည့်အပေါ် စိုးရိမ်မှု ဖြစ်မိပါသည်။  လူကြီးင်း၏ အစိုးရနှင့် NLD မှ
ခန့်အပ်ထားသည့် ရခိုင်ပြည်နယ် ဝန်ကြီး ညီပုကို ဤညမထွက်ရအမိန့်ကို ချက်ချင်းရုတ်သိမ်းရန် တိုက်တွန်းပါသည်။ 
 
ရိုဟင်ဂျာကို ထိရောက်စွာ နိုင်ငံသားဖြစ်မှုကို ငြင်းပယ်ထားခြင်းကြောင့် လွတ်လပ်စွာ ရွေ့ပြောင်းခွင့်၊ ပညာရေးတွင် ခွဲခြားဆက်ဆံ၍ ကန့်သတ်ထားခြင်း၊ တမင်သက်သက် ထိန်းချုပ်ထားခြင်း၊ အဓမ္မစေခိုင်းခြင်းနှင့် အဓမ္မအခွန်ကောက်ခြင်းနှင့် မြေယာအိုးအိမ်ကို သိမ်းယူခြင်း အပါအဝင် ၎င်းတို့၏ လူ့အခွင့်အရေးများ မြောက်များစွာကို ချိုးဖောက်မှု ဖြစ်ပေါ်စေသည်။  ရခိုင်ပြည်နယ်တွင် အခြေခံ လွတ်လပ်မှုများကို ချုပ်ထိန်း ထားခြင်းကို ပယ်ဖျက်ရာတွင် လုံခြုံရေး တပ်ဖွဲ့များနှင့် စစ်တပ်ထိန်းချုပ်မှုလက်အောက်တွင် ကျန်ရှိနေသေးသည့် ဝန်ကြီးဌာနသုံးခုမှ အရာရှိများသည် အဓိက သိသာမြင်သာသည့် အတားအဆီးဖြစ်လာ ပါလိမ့်မည်။ ဤဒေသခံ လုံခြုံရေးနည်းလမ်းများကို လျှင်မြန်စွာ ပယ်ဖျက်လိုက်ခြင်းသည်
ရိုဂျင်ဂျာ လူဦးရေ၏ အခြေအနေကို အတိုင်းအဆမရှိ တိုးတက်သွားစေပါလိမ့်မည်။  ရခိုင်ပြည်နယ်ရှိ လုံခြုံရေးပတ်ဝန်းကျင်သည် လူ့အဖွဲ့အစည်းများအားလုံးကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ ညီတူညီမျှ အကာအကွယ်ပေးရန် အားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။ 
 
စစ်တွေရှိ ရွေ့ပြောင်းနေထိုင်ရေသာ ရိုဟင်ဂျာများနှင့် မြောက်ဘက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းများအတွက် စခန်းများသို့ လူသားချင်းစာနာထောက်ထားမှု ပေးအပ်ရာတွင် ဒေသခံ အရာရှိများနှင့် လုံခြုံရေး တပ်ဖွဲ့များမှ တားဆီးထားဆဲဖြစ်သည်ကိုလည်း အထူးစိုးရိမ်ပူပန်ပါသည်။  ရခိုင်ပြည်နယ်တွင် ရွေ့ပြောင်းနေထိုင်ရသူများ ဦးရေသည် တရားဝင်စာရင်းတွင် မနှစ်က ၁၄၀,၀၀၀
မှ ၁၂၅,၀၀၀ သို့ လျော့နည်းသွားပြီး တစ်ထီးတည်းရှိသည့် IDP နေရာများတွင် ပြန်လည်နေရာချထားမှုနှင့် ပြန်လည်တည်ဆောက်ရေး စီမံကိန်းများပြီးနောက် စခန်းအရေအတွက်သည် ၆၇ မှ ၄၀ သို့လျော့ကျ သွားသော်လည်း ကျန်ရှိသည့် ရွေ့ပြောင်းနေထိုင်ရသော ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ၏ လူသားချင်းစာနာထောက်ထားမှုအခြေအနေသည် ဆိုးရွားလျက်ရှိဆဲဖြစ်ပါသည်။
 
 
 
ကပ္ပလီပင်လယ်တွင် အကျပ်အတည်းဖြစ်ပေါ်ပြီးနောက် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ၂၀၁၅၊ ဇွန်လတွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်အရ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပါတီ၏ ဥက္ကဌ (အောင်ဆန်းစုကြည်) သည် အစဥ်အမြဲ ပြောခဲ့သည်မှာ ရခိုင် (အာရကန်) ပြည်နယ်ရှိ လူ့အဖွဲ့အစည်းအချင်းချင်း ပဋိပက္ခဖြစ်ခြင်းကို ဖြေရှင်းရန် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ စည်းမျဥ်းများ အပေါ်တွင် အခြေခံရမည်” ဖြစ်ပြီး နိုင်ငံသားဖြစ်မှု ပြဿနာကို မျှတစွာ၊ ပွင့်လင်းမြင်သာစွာနှင့် လျှင်မြန်သမျှ လျှင်လျှင်မြန်မြန် ဖြေရှင်းရန်” ကတိကဝတ်ပြုပါသည်ဟု ပါရှိပါသည်။  ဤစကားများအတိုင်း လုပ်ဆောင်ရန် ယခုအခါတွင် အခွင့်အရေးရပါပြီ။
 
ပိုမိုကျန်ပြန့်သည့် အမျိုးသားရေး အတိုင်းအတာတွင် မြန်မာနိုင်ငံရှိ မူဆလင် လူနည်းစုများကို အချို့အခြေအနေများတွင် အကြမ်းဖက်ရန် လုပ်ဆောင်နေမှုများနှင့် အန္တရာယ်ရှိသည့် အများပြည်သူကြားတွင် ချိုးနှိမ်ပြောဆိုမှုများကို အဆုံးသတ်ရန် အများပြည်သူတို့ အသိပေးရန် လူကြီးမင်း၏ အစိုးရကို ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။  မြန်မာနိုင်ငံရှိ မူဆလင်များကို ခွဲခြားဆက်ဆံရန်၊ အကြမ်းဖက်ရန် သို့မဟုတ် ပြည်ပသို့ နှင်ထုတ်ရန် မျိုးချစ် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှ အများပြည်သူအကြား ချိုးနှိမ်ပြောဆိုနေမှုများလည်း ပါဝင်ပါသည်။  ၂၀၁၂ တွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာ ဆန့်ကျင်ရေး စော်ကားမှုများ ဖြစ်ပွားပြီးနောက် တစ်နိုင်ငံလုံးတွင် မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများဖြစ်ပေါ်စေခဲ့ပြီး ဤအချက်သည် ဒီမိုကရက်တစ် ကူးပြောင်းမှုကို အလွန်တရာ ရှုပ်ထွေးသွားစေခဲ့ပါသည်။  နှိုင်းယှဥ်ကြည့်မည်ဆိုပါက အားလုံးပါဝင်မည့် ရွေးကောက်ပွဲဖြစ်ရမည့် ၂၀၁၅တွင် အန်အယ်လ်ဒီနှင့် ပြိုင်ဘက် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး ပါတီနှစ်ခုစလုံးတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မူဆလင် အမတ်လောင်းတစ်ဦးကိုမျှ မထည့်ခဲ့ပါ။  ပါတီများမှ မည်သည့်မူဆလင်တစ်ဦးမျှ လွှတ်တော်သို့ အရွေးခံရခြင်းမရှိပါ။ 
 
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ၏ တောင်းဆိုချက်ဖြင့် ၂၀၁၅ တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုလိုက်သော သိန်းစိန်အစိုးရမှ ပြဌာန်းလိုက်သည့် အမျိုးဘာသာကာကွယ်ရေး ဥပဒေဟုခေါ်သော ဥပဒေလေးရပ်ကို လူကြီးမင်း၏ အစိုးရသည် ချက်ချင်း ပယ်ဖျက်သင့်ပါသည်။  ဥပဒေလေးခုလုံးသည် လူနည်းစုဘာသာများကို ကိုးကွယ်သူများနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ကန့်သတ်ရန် ဥပဒေလေးခုလုံးကို ရေးဆွဲထားခြင်းဖြစ်ပြီး ထိုသို့လုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ၂၀၀၈ အခြေခံ ဥပဒေဆိုင်ရာ ပြဌာန်းချက်များကို ချိုးဖောက်ရာရောက်သည်။  ဤဥပဒေများကို အန်အယ်လ်ဒီအမတ်များမှ အတည်ပြုရန် ကန့်ကွက်ခဲ့ခြင်းနှင့် အောင်ဆန်းစုကြည်မှ ဤဥပဒေများသည် အမျိုးသမီးများ၏ အခွင့်အရေးများကို ခြိမ်းခြောက်မှုများရှိသည်ဟု အများပြည်သူထံသို့ ပြောကြားခဲ့ခြင်းကို ကျွန်ုပ်တို့မှ ကြိုဆိုပါသည်။ လူကြီးမင်း၏ အစိုးရသည် ယခုအခါတွင် ဤသို့ အကြီးအကျယ် ပြဿနာဖြစ်စေသည့် ဥပဒေများကို ဆန့်ကျင်ရန် နည်းလမ်းများကို ရေးဆွဲ၍ အလျှင်အမြန် လုပ်ဆောင်သင့်ပါသည်။ 
 
 
ရခိုင်ပြည်နယ်တွင် ဆယ်စုနှစ်နှင့်ချီ၍ ဖိနှိပ်မှုနှင့် လူ့အဖွဲ့အစည်းများကြား ပဋိပက္ခဖြစ်ပွားမှုများကို အဆုံးသတ်လိုက်ခြင်းသည် ခက်ခဲရှုပ်ထွေးပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ယုံဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ထိုနေရာတွင် အစိုးရမှ အားထုတ်လုပ်ဆောင်မှုများသည် လက်ရှိဖြစ်ပွားနေသည့် လူ့အခွင့်အရေးကို မတရားပြုမှုများနှင့် လူသားချင်းစာနာထောက်ထားရမည့် အစစ်အမှန်အခြေအနေကို ဖြေရှင်းရမည်။
 
၁၀။ မြန်မာနိုင်ငံ၏ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ပါ
၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသား “အပြည့်အဝ” ဖြစ်သူများသည် အမည်ပေးထားသည့် “အမျိုးသား မျိုးနွယ်များ” (ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်နှင့် ရှမ်းအပါအဝင်) လူမျိုးများဖြစ်ကြသည် သို့မဟုတ် ယခု ရခိုင်ပြည်နယ်သို့ ဗြိတိသျှများ သိမ်းပိုက်ခဲ့သည့်အစ ၁၈၂၃ မတိုင်မီက တိုင်းပြည်တွင် ၎င်းတို့၏ ဘိုးဘွားများ အခြေချနေထိုင်ခဲ့သူများဖြစ်သည်။  ၁၈၂၃ မတိုင်မီ ဘိုးဘွားများသည် မြန်မာနိုင်ငံတွင် အခြေချနေထိုင်ကြောင်း သက်သေအထောက်အထားမပြနိုင်ပါက အမျိုးသား မျိုးနွယ်များမှ မဟုတ်ပါက ဥပဒေသည် ၎င်းတို့ကို နိုင်ငံသား အပြည့်အဝဖြစ်ခွင့်မပေးပါ။
 
ဥပဒေတွင် နိုင်ငံသားအမျိုးအစားသုံးမျိုးဖြစ်သော အပြည့်အဝ နိုင်ငံသား၊ တွဲဖက်နိုင်ငံသားနှင့် မျိုးရိုးအရ နိုင်ငံသားများဟူ၍ သတ်မှတ်ထားသည်။ နိုင်ငံခြားသားများသည် ၁၉၄၈ လွတ်လပ်ရေးမရမီက ၎င်းတို့၏ မိဘများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်နေထိုင်ခဲ့သည်ဟု “လုံလောက်သော သက်သေအထောက်အထား” ပြနိုင်ပါက ထိုနိုင်ငံခြားသားများသည် မျိုးရိုးအရ နိုင်ငံသားဖြစ်နိုင်သည်။  မြန်မာနိုင်ငံသားဖြစ်ခွင့် သုံးမျိုးထဲမှ တစ်မျိုးမျိုးရှိသော မိဘတစ်ဦးမှ မွေးဖွားလာသည့် သူများသည် မျိုးရိုးအရ နိုင်ငံသားဖြစ်နိုင်သည်။  ဤအရည်အချင်းကိုကျော်လွန်၍ ဥပဒေ၏ ပုဒ်မ ၄၄ တွင် မျိုးရိုးအရ နိုင်ငံသားခံယူလိုသည့် လူပုဂ္ဂိုလ်သည်  အနည်းဆုံးအသက် ၁၈ နှစ်ပြည့်ရမည်ဖြစ်ပြီး အမျိုးသား ဘာသာစကားတစ်မျိုးမျိုးကို ကောင်းမွန်စွာ ပြောတတ်ရန် လိုအပ်ပြီး (ရိုဟင်ဂျာဘာသာစကားကို အမျိုးသား ဘာသာစကားအဖြစ် မသတ်မှတ်ပါ) အကျင့်စာရိတ္တကောင်းမွန်၍ စိတ်ကျန်းမာသူဖြစ်ရမည်။  ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီသည် ကြာမြင့်စွာကပင် ဤဥပဒေတွင် နိုင်ငံသားဖြစ်မှုအတွက် ဖော်ပြထားသည့် တင်းကျပ်လှသော ဘာသာစကား စံချိန်စံနှုန်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။  စကြာဝဠာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက်စာတမ်း (UDHR) နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များအားလုံးတွင် လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသစကားနှင့် အခြားသော အရာများအပေါ်တွင်မူတည်၍ ခွဲခြားဆက်ဆံမှုကို တားမြစ်ထားသည်။  ၁၉၈၂ နိုင်ငံသားဥပဒေသည် အကျိုးအကြောင်းဆီလျော်၍ ဓမ္မဓိဌာန်းကျသည့် စံချိန်စံနှုန်းများဖြင့် ထောက်ပံ့ထားခြင်းမရှိသည့် ကွဲပြားခြားနားသော စံနှုန်းများကို အသုံးပြုထားပြီး ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံထားသည်။
 
ကလေးသူငယ် အခွင့်အရေး သဘောတူစာချုပ် (CRC) တွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး ဤသဘောတူ စာချုပ်တွင် အထူးသဖြင့် ကလေးများသည် အခြားအခြေအနေတွင် နိုင်ငံမဲ့ဖြစ်မည်ဆိုလျှင် နိုင်ငံသား ခံယူခွင့်ရှိပြီး ၎င်းတို့၏ အခွင့်အရေးကို အမျိုးသားဥပဒေမှ ကာကွယ်ပေးရမည်ဟု ပါရှိသည်။  ထို့ကြောင့်
၁၉၈၂ နိုင်ငံသားဥပဒေသည် ဤသဘောတူစာချုပ်ကို ချိုးဖောက်ထားသည်။ 
 
လူကြီးမင်း၏ အစိုးရသည် ကုလသမဂ္ဂမှ နည်းပညာအကူအညီကို တောင်းခံ၍ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ပြည့်မှီရန် နိုင်ငံသားဥပဒေကို ပြင်ဆင်သင့်သည်။  ထို့နောက် ဥပဒေကို အကောင်အထည်ဖော်ပြီး ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံခြင်း မရှိဘဲ နိုင်ငံသား အပြည့်အဝပေးအပ်ရန်နှင့် ကလေးများသည် မည်သည့်အခါမျှ နိုင်ငံမဲ့မဖြစ်စေရန် လုပ်ဆောင်သင့်သည်။  လူနည်းစုအုပ်စုများ အပြည့်အဝရထိုက်သော အခွင့်အရေးများကို ဒေသခံ အာဏာပိုင်များမှ တရားဥပဒဆိုင်ရာ၊ ရုံးဆိုင်ရာ စည်းမျဥ်းများကို အသုံးပြုပြီး ငြင်းပယ်နိုင်စေရန် လုပ်ပိုင်ခွင့်ပေးအပ်ထားသည့် ဒုတိယနိုင်ငံသားဖြစ်မှု၏ အခြားသော ပုံစံများနှင့် “တွဲဖက်နိုင်ငံသား” ဟူသော အမျိုးအစားကို ပယ်ဖျက်သင့်သည်။
 
၁၁။ ပဋိပက္ခဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်တပ်မှ အဆုံးသတ်ရန် ဖိအားပေးပါ
ဗဟိုအစိုးရနှင့် မြောက်များစွာသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအအကြား ဆယ်စုနှစ်နှင့် ချီကြာမြင်နေသည့် လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်ပွဲဥပဒေများတွင် မရမတွက်နိုင်အောင် ချိုးဖောက်မှု
များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ပွားနေပြီး ၎င်းတို့ကြောင့် အစွန်အဖျားသို့ ရောက်နေသည့် လူသန်းပေါင်းများစွာကို ကြီးမားစွာ အနှောင့်အယှက်ပေးသည်။  သက်တမ်းကုန်သွားသည့်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ၂၀၁၅ နိုဝင်ဘာလတွင် လက်မှတ်ထိုးထားသည့် အပစ်အခတ် ရပ်ဆဲရေးပြီးနောက် မြန်မာပြည် မြောက်ပိုင်းတွင် ပစ်ခတ်မှုများပြန်လည်စတင်နေပြီး စစ်တိုက်နေသည့် အဖွဲ့အားလုံးမှ အဓမ္မစေခိုင်းမှု၊ အဓမ္မလူစုဆောင်းမှု၊ နှိပ်စက်ညှင်းပန်းမှုနှင့် အနိုင်အထက် ပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မဆင်မခြင် တိုက်ခိုက်မှုများနှင့် စစ်သားများကို တိုက်ခိုက်ရန် မြေမြုပ်မိုင်းများ အသုံးပြုခြင်း ဖြစ်စဥ်များကို ပြန်လည်မြင်တွေ့နေရသည်။  ပြီးခဲ့သည့် လအနည်းငယ်က ရှမ်းပြည်နယ်တွင် တိုက်ခိုက်မှုကြောင့် အရပ်သား ထောင်နှင့်ချီ၍ ပြောင်းရွေ့ခဲ့ရပြီး အရပ်သား ၉၀,၀၀၀ ကျော်ကျော်သည် ၂၀၁၁ နှင့် ၂၀၁၃ ကြား ချိုးဖောက်မှုများ လုပ်ဆောင်နေသည်ဟု ကြားသိရသည့် ကချင်ပြည်နယ်ရှိ တိုက်ခိုက်မှုတွင် ရွေ့ပြောင်းထားသည့် စခန်းများတွင် နေနေရဆဲဖြစ်သည်။
 
လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားရာတွင် ဂျနီဗာ သဘောတူစာချုပ်များနှင့် လက်ရှိစစ်ပွဲ ဥပဒေများကို တိုင်းပြည်မှလိုက်နာရန် တာဝန်ရှိကြောင်း စစ်တပ်ကို ပြောဆိုအကြံပေးရန် ကျွန်ုပ်တို့မှ လူကြီးမင်း၏ အစိုးရကို တွန်တွန်းလိုပါသည်။   အထူးစိုးရိမ်ရသည့် အချက်မှာ လက်နက်ကိုင်တပ်ဖွဲ့များမှ ကျူးလွန်သည့် ကြီးမားသော ချိုးဖောက်မှုများအတွက် တာဝန်ယူမှုမရှိမှုဖြစ်ပါသည်။  ဤသို့ မရှိခြင်းကြောင့် ယခင်နှင့် ယခု တိုက်ခိုက်မှုကို ခံနေရသည့် လူ့အဖွဲ့အစည်းများတွင် မယုံကြည်မှုကို တိုးပွားစေပါသည်။  တရားမျှတမှုနှင့် တာဝန်ယူမှုသည် လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ရာတွင် အဓိကအုတ်မြစ် ဖြစ်သင့်သည်ဟု Human Rights Watch မှ ယုံကြည်ပါသည်။  မြန်မာနိုင်ငံ စစ်တပ်ကို အရပ်သားများ ကြီးကြပ်ခြင်းကို အခြေခံဥပဒေမှ ကာကွယ်ထား သော်လည်း အစိုးရသည် စစ်ပွဲဥပဒေချိုးဖောက်မှုများနှင့် ပဋိပက္ခတွင် ပါဝင်သူများအားလုံးမှ အရပ်သားများကို ကျူးလွန်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးရန် လွှတ်တော်တွင် ပုံမှန် ကြားနာမှုများကို ကျင်းပသင့်ပြီး ဤကြားနာမှုများအကြောင်း အစီရင်ခံစာ ထုတ်ပြန်သင့်ပါသည်။  ထိုသို့ ကြားနာမှုများတွင် မြန်မာနိုင်ငံ အရပ်ဘက်လူ့အဖွဲ့အစည်းထံမှ ပြောဆိုမှုများကိုပါ ထည့်သွင်းပြီး စစ်တပ်ကို ချိုးဖောက်မှုများနှင့် တာဝန်ယူမှု နည်းလမ်းများအတွက် မှန်မှန်ကန်ကန်လုပ်အောင် တွန်းအားပေးနိုင်ရန် အလွန်တရာ အရေးကြီးပါသည်။ 
 
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပဋိပက္ခကြောင့် ရွှေ့ပြောင်းရသည့် ထောင်ချီသည့် အရပ်သားများ နေရပ်ပြန်ခြင်း၊ ထိုင်း-မြန်မာ နယ်စပ်မျဥ်းတစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ်နှင့်ချီသည့် စစ်ပွဲများကြောင့် ရွှေ့ပြောင်းရသည့် ၁၀၀,၀၀၀ ကျော်သော အရပ်သားများနှင့်ပတ်သက်၍လည်း Human Rightw Watch သည် စိုးရိမ်ပူပန်ဆဲဖြစ်ပါသည်။  IDP များနှင့် ဒုက္ခသည်များကို နေရပ်ပြန်ခိုင်းခြင်းသည် ရွေ့ပြောင်းနေထိုင်ရမှု အကြောင်း ကုလသမဂ္ဂ လမ်းညွှန်းချက် စည်းမျဉ်းများနှင့် ၁၉၅၁ ဒုက္ခသည် သဘောတူစာချုပ်များအပါအဝင် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် အပြည့်အဝကိုက်ညီစေရေး အားထုတ်ပါဟု ကျွန်ုပ်တို့မှ လူကြီးမင်း၏ အစိုးရကို တိုက်တွန်းပြီး လူကြီးမင်း၏ အစိုးကို ထိုသဘောတူစာချုပ်များကို ထောက်ခံအတည်ပြုပါဟု တိုက်တွန်းပါသည်။  ပြန်သော IDP များနှင့် နေရပ်ပြန် ဒုက္ခသည်များအားလုံးသည် လုံခြုံရေး ဂုဏ်သိက္ခာအရ မိမိစိတ်ဆန္ဒအလျောက် ပြန်သွားကြခြင်းဖြစ်သင့်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး (UNHCR) ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အပြည့်အဝ  ကြီးကြပ်မှုဖြင့် ဒုက္ခသည် အခွင့်အရေး ကိုယ်စားလှယ်များနှင့် ရပ်ရွာခေါင်းဆောင်များနှင့် အပြည့်အဝ တိုင်ပင် စီမံပြီး လုပ်ဆောင်ရမည်။  ဤအရေးပါသည့် စည်းမျဥ်းများကို လိုက်နာခြင်းမရှိပါက ရွေ့ပြောင်းခံရသူများနှင့် ဒုက္ခသည်များ၏ အခွင့်အရေးများကို ထိပါးနိုင်ပြီး တိုင်းရင်းသားဒေသများရှိ တင်းမာမှုကို မြင့်တက်စေနိုင်သည်။ 
 
၁၂။ ကလေးများကို စစ်သားအဖြစ် စုဆောင်းခြင်းအားလုံးကို အဆုံးသတ်ပါ
မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ၂၀၁၂ တွင် ပူးတွဲ ဆောင်ရွက်ရေး အစီအစဥ်ကို လက်မှတ်ထိုးခဲ့သော်လည်း စစ်တပ်နှင့် အစိုးရမဟုတ်သော လက်နက်ကိုင် အုပ်စုများမှ ကလေးစစ်သားများကို ဆက်လက်အသုံးပြုနေသည် ဟူသော သတင်းများကိုကြားနေရဆဲဖြစ်သည်။  အစီအစဥ်ကို လက်မှတ်ထိုးခဲ့သည့်အချိန်မှစ၍ စစ်တပ်သည် အသက်မပြည့်သေးသော သို့မဟုတ် အသက်မပြည်ဘဲ စုဆောင်းခံရသည့် စစ်သား ၇၄၅ ဦးကို စေလွှတ်ပေးခဲ့ သော်လည်း စစ်တပ်သည် လူစုဆောင်းမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဆိုသော သတင်းများကို ရရှိနေ သေးသည်။ သို့သော် ၎င်းတို့၏ အနည်းအများကို ခန့်မှန်းရန် ခဲယဥ်းပါသည်။  ဥပမာအားဖြင့် ၂၀၁၄ တွင် ကလေးစစ်သား ၃၅၇ ဦးကို စစ်တပ်မှ စုဆောင်းအသုံးပြုမှု ရှိခဲ့သည်ဟု ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) ၏ အလုပ်သမား တိုင်ကြားမှု စနစ် နှင့် ရပ်ရွာမှ စောင့်ကြပ်ကြည့်ရှုမှုအရ သတင်းပေးပို့ခဲ့ကြသည်။ 
 
ထိုနည်းတူစွာ အသက်မပြည့်သည့် စုဆောင်းမှုတွင် ပါဝင်သည့် စစ်တပ်အရာရှိများကို များသောအားဖြင့် စစ်တပ်ခုံရုံးများတွင် တရားစွဲဆိုမှုမြင့်တက်လာသော်လည်း ကလေးစစ်သားများ ထားရှိသည်ဟု သံသယရှိသည့် စစ်တပ်ဌာနများကို ဝင်ရောက်ရန် တားမြစ်မှုများနှင့် သတင်းအချက်အလက် ထိန်းချုပ်မှု ရှိသောကြောင့် ဆက်လက် စုဆောင်းနေမှု၏ ပြဿနာ၏ အကြီးအသေးနှင့် စစ်တပ်အရာရှိများကို အပြစ်ပေးသည့်ပမာဏကို တိကျစွာ ခန့်မှန်းရန် ခက်ခဲပါသည်။  အစိုးရ စစ်ဝန်ထမ်းများမှ စုဆောင်းမှုနှင့် အသက်မပြည့်သော စစ်သားများကို အသုံးပြုမှုအကြောင်း သတင်းပေးပို့ချက်များ မြှင့်တက်လာပြီး ကချင်လွတ်မြောက်ရေး တပ်နှင့် အခြားသောတပ်များကဲ့သို့သော အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များမှ အတင်းအကျပ် စုဆောင်း ခေါ်ယူမှုများအကြောင်း သတင်းပေးပို့မှုများ ရှိပါသည်။  ၂၀၁၂ ပူးတွဲ လုပ်ဆောင်မှု အစီအစဥ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်နှင့် လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်သည့် ကလေးသူငယ်များနှင့် ပတ်သက်၍ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် ရွေးချယ်စရာရှိသည့် ကျင့်ဝတ်စည်းကမ်း များကို သဘောတူလက်ခံခြင်းဖြင့် ဤအားထုတ်မှုများကို အားကောင်းစေရန်နှင့် ကလေးဥပဒေမူကြမ်းသည် CRC အဖွဲ့ဝင်နိုင်ငံတော်ဖြစ်သည့် မြန်မာနိုင်ငံ၏ ကျင့်ဝတ်ဝတ္တရားများနှင့် အပြည့်အဝ ညီစေရန် လုပ်ဆောင်ရန် လူကြီးမင်း၏ အစိုးရကို ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။ 
 
 
 
၁၃။ ပြီးခဲ့သည့် ချိုးဖောက်မှုများနှင့် လက်ရှိ ချိုးဖောက်မှုများအတွက် တာဝန်ယူမှု
မြန်မာနိုင်ငံရှိ ပြည်သူလူထုသည် စစ်တပ် ဖိနှိပ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခကို ဆယ်စုနှစ်များစွာ ခါးစည်းခံလာခဲ့ရပြီး အာဏာရှင်အုပ်စိုးမှုမှ ကူးပြောင်းလာသော်လည်း ချိုးဖောက်မှုမျိုးစုံသည် ရှိနေဆဲဖြစ်သည်။  စစ်တပ်မှ ခုခံမှုရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် အတားအဆီများရှိသော်လည်း အခွင့်အရေးကို ချိုးဖောက်မှုများတွင် ပါဝင်သည်။ အရပ်သားနှင့် စစ်တပ် အရာရှိများကို အပြစ်ပေးရန် စနစ်တွင် ပါဝင်သည့် တာဝန်ယူမှု မူဘောင်ကို တည်ထောင်ထားခြင်းသည် လူကြီးမင်း၏ အစိုးရ ဦးစားပေး လုပ်ဆောင်ချက် တစ်ခုဖြစ်သင့်သည်။  ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များတွင် တိုက်ခိုက်မှုတွင် ဘက်ပေါင်းစုံမှ ချိုးဖောက် နေမှုများကိုလည်း အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ စုံစမ်းစစ်ဆေးသင့်သည်။  ချိုးဖောက်သည့်ပုံစံများတွင် တရားစီရင်ရေးပြင်ပ ပြစ်ဒဏ်ပေးမှုများ၊ နှိပ်စက်ညှင်းပန်းမှုနှင့် အနိုင်အထက် ပြုကျင့်မှု၊ ပြစ်မှုကျခံသည့် သူများကို ရှေ့တန်းတွင် ခိုင်းစေမှု၊ အမျိုးသမီးများနှင့် မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သားများအပါအဝင် အဓမ္မစေခိုင်းမှုနှင့် အိမ်မြေယာကို လုယက်မှုနှင့် ဖျက်ဆီးမှုတို့ ပါဝင်သည်။
 
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လွန်လွန်ကျူးကျူး ချိုးဖောက်မှုများအတွက် တာဝန်ရှိသည့် လူပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးပြီး တရားစွဲရန် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တာဝန်ဝတ္တရားရှိသည်။  လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် လူပုဂ္ဂိုလ်များကို တာဝန်ခံစေခြင်းသည် အရေးပါပါသည်။ အဘယ်ကြောင့်ဆိုသော် ဤရာဇဝတ်မှုများကို ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် လိုအပ်သည့် မှန်မှန်ကန်ကန်ဖြစ်စေရန် တံခါးဖွင့်ပေး လိုက်ခြင်းဖြစ်သည်။  ယုံကြည်ရသည့် တာဝန်ယူမှု နည်းလမ်းများ (ဆိုလိုသည်မှာ အမှီအခိုကင်းပြီး ဘက်မလိုက်ဘဲ တရားမျှတသည်ဟု ဆိုလိုသည်) သည် အနာဂတ်တွင် ချိုးဖောက်မှုများကို ဟန့်တားနိုင်ပြီး တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရန် မြှင့်တင်နိုင်သည်။  ဤကဲ့သို့သော လုပ်ဆောင်ချက်များသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် တရားဥပဒေ စိုးမိုးရေး အရာရှိများ၏ စည်းကမ်းနှင့် ပညာရှင်ဆန်မှုကို မြှင့်တင်ပေးနိုင်ပြီး တာဝန်ယူသည့် အမိန့်ပေးမှုနှင့် ထိန်းချုပ်မှုဆိုင်ရာ တည်ဆောက်ပုံများကို ပံ့ပိုးပေး၍ အရပ်သားများနှင့် ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်သည်။  အဓိကချိုးဖောက်သူများကို တာဝန်ယူအောင် မလုပ်ဆောင်နိုင်သည့် အစိုးရသည် ပဋိပက္ခ ဒေသများနှင့် တစ်ကမ္ဘာလုံးတွင် ၎င်းတို့၏ ရပ်တည်မှုကို ထိခိုက်စေပြီး ၎င်းတို့ကို နိုင်ငံတကာမှ ဆန့်ကျင်သည့် လုပ်ရပ်ကို မြှင့်တင်နိုင်စေသည်။ 
 
ပထမဖြစ်ရပ်တွင် ကြီးလေးသည့် ချိုးဖောက်မှုများအတွက် တရားမျှတအောင် လုပ်ဆောင်ပေးခြင်းသည် ချိုးဖောက်မှုများတွင် နိုင်ငံသားများပါဝင်ပတ်သက်နေသည့် နိုင်ငံတော်၏ တာဝန်ဖြစ်သည်။  စစ်တပ် သို့မဟုတ် ပြည်တွင်းတရားရုံးများ သို့မဟုတ် အခြားသော အင်စတီကျူးရှင်းများသည် ကြီးလေးသည့် ချိုးဖောက်မှုများ သည် ဖြစ်ပျက်ခဲ့ခြင်းရှိမရှိ သမာသမတ်ကျကျ စုံစမ်းစစ်ဆေးခြင်း အပြည်ပြည်ဆိုင်ရာ မျှတသည့် အမှုစစ်ဆေးမှု စံနှုန်းများနှင့်အညီ ဤချိုးဖောက်မှုများအတွက် တာဝန်ရှိသည့်သူများကို မည်သူမည်ဝါ ဖြစ်သည်ရှာဖွေ၍ တရားစွဲခြင်းနှင့် အပြစ်ရှိသည်ဟု တွေ့ရှိသည့် လူပုဂ္ဂိုလ်များကို ၎င်းတို့လုပ်ရပ်နှင့် ညီမျှသည့် အပြစ်ပေးခြင်း တို့ကို လုပ်ဆောင်ရန် နိုင်ငံတော်သည် အားထုတ်ရမည်။  အစိုးရမဟုတ်သည့် လက်နက်ကိုင် အုပ်စုများသည် ၎င်းတို့၏ ရာထူးတွင် စစ်ပွဲဥပဒေများကို ချိုးဖောက်သူများကို တရားစွဲရန် ဥပဒေအရ တာဝန်ဝတ္တရားမရှိသော်လည်း စစ်ပွဲ ဥပဒေများကို လိုက်နာရန်နှင့် အပြည်ပြည်ဆိုင်ရာ တရားမျှတသည့် စံနှုန်းများနှင့်အညီ ၎င်းတို့ အမှုစစ်ဆေးသည့်အခါ တာဝန်ရှိသည်။ 
 
တာဝန်ယူမှုကို မြှင့်တင်ရန် တိတိကျကျ ကတိကဝတ်ပြုသည့်အနေဖြင့် ၁၂၄ ခုသော နိုင်ငံများနှင့် ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး၏ ၁၉၉၈ ရောမ စတေကျူ့ ကို လူကြီးမင်း၏ အစိုးရမှ လက်မှတ်ထိုး သဘောတူရန် Human Rights Watchမှ လေးလေးနက်နက် အကြံပြုပါသည်။
 
သက်တမ်းကုန်ဆုံးခဲ့သည့် လွှတ်တော်မှ ၂၀၁၆ တွင် အတည်ပြုလိုက်သည့် ယခင်က သမ္မတ၏ လုံခြုံရေး ဥပဒေကြမ်းကို ပြင်လည်ပြင်ဆင်ရန် အထူးသဖြင့် ယခင်ကခေါင်းဆောင်များသည် “၎င်းတို့၏ သက်တမ်းအတွင်း တွင် လုပ်ခဲ့သည့် လုပ်ရပ်များအတွက် မည်သည့်တရားစွဲဆိုမှုထံမှမဆို” ကင်းလွတ်ခွင့် ပေးအပ်ထားသည့် ပုဒ်မ ၁၀ ကို လူကြီးမင်း၏ အစိုးရမှ ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းပါသည်။  ဤအပိုဒ်သည် တာဝန်ထမ်းဆောင်နေစဥ် ကျူးလွန်ခဲ့သည့် ကြီးလေးသည့် ရာဇဝတ်မှုများအတွက် အပြစ်ရှိနိုင်သည့် နိုင်ငံတော် ခေါင်းဆောင်များကို ကင်းလွတ်ခွင့်ပေးထားခြင်းကြောင့် ဒီမိုကရေစီနည်းကျ အစိုးရနှင့် တရားဥပဒေစိုးမိုးရေးအတွက် အန္တရာယ်ရှိပါသည်။  ဤကဲ့သို့ စာပိုဒ်များကို ဆက်လက်ထားရှိမည်ဆိုပါက အမိန့်စတင်ပေးသည့် အလွဲသုံးစားလုပ်သော အရာရှိများထံအတွက် ကင်းလွတ်ခွင့်ရှိနေသည်ဟူသော သင်္ကေတကို ပေးအပ်ရာရောက်မည်။
 
မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် အားနည်းပြီး အကျင့်ပျက်ခြစားမှုရှိပြီး မကြာခဏ စစ်တပ် သို့မဟုတ် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ အစိုးရ ဝန်ကြီးများမှ ထိန်းချုပ်ထားသောကြောင့် တာဝန်ခံမှုကို မြှင့်တင်ခြင်းသည် လူကြီးမင်းအစိုးရ၏ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်မည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။  ပြုလုပ်ခဲ့သည့် ရှိနေဆဲဖြစ်သည့် ချိုးဖောက်မှုများအတွက် တာဝန်ယူမှုကို လုပ်ဆောင်ခြင်းဖြင့် OHCHR နှင့် လှူဒါးန်သည့် နိုင်ငံများထံမှ နည်းပညာဆိုင်ရာ အကူအညီမှတဆင့် တရားစီရင်ရေးကို ပြုပြင်ပြောင်းလဲရေးနှင့် တရားစီရင်ရေး အပြည့်အဝ အမှီအခိုကင်းရေးကို ရရှိမည်ဖြစ်သည်။
 
၁၄။ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး
မြန်မာနိုင်ငံရှိ အရပ်သားအုပ်ချုပ်မှုကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ခတ်ထားပါသည်။  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာ၌ စစ်တပ်၏ ပူးပေါင်းပါဝင်မှုပါဝင်မှ အောင်မြင်မည်ဖြစ်သည်။ လက်ရှိအထိ စစ်ဦးစီးချုပ်သည် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် ၂၀၁၅ နိုဝင်ဘာလကတည်းက ဆွေးနွေးနေသော်လည်း ဤသို့လုပ်ဆောင်ရန် စိတ်မပါဘဲရှိနေသည်။ 
 
အချို့သော အဆိုပြုချက်များကို တခဲနက် ထောက်ခံကြသော်လည်း လွှတ်တော်သည် ၂၀၁၅ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စာရင်းကိုမဲပေးရာတွင် ပယ်ချခဲ့ပါသည်။   ခိုင်မာစွာအမြစ်တွယ်နေသည့် အကျိုးစီးပွားများကိုကာကွယ်ရန် ဆန့်ကျင်မှုများကို ကြုံတွေ့ရနိုင်သော်လည်း အရပ်သားအုပ်ချုပ်မှုအောက်တွင် စစ်တပ်ရှိပြီး စစ်မှန်သော ဒီမိုကရေစီနည်းကျ နိုင်ငံရေးစနစ်ကို ပေးအပ်နိုင်သည့် အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် လမ်းပြမြေပုံ ရေးဆွဲရေးသည် ဦးစားပေးအချက် ဖြစ်သင့်ပါသည်။  အခြေခံဥပဒေ၏ ပြဌာန်းချက်အများအပြားကို လူများစု လွှတ်တော်၏ မဲဆန္ဒဖြင့် ပြောင်းလဲနိုင်ပါသည်။  သို့သော် အခြေခံဥပဒေ ပုဒ်မ ၄၃၆ အရ ပြည်ထောင်စုလွှတ်တော်၏ မဲ ၇၅ ရာခိုင်နှုန်းထက် ပိုမိုလိုအပ်သည့် ပုဒ်မများအကြောင်း ဖော်ပြထားသည်။ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ခန့်အပ်ထားသည့် တပ်မတော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားပြီး တစ်နိုင်ငံလုံးတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်၍ မဲအများရရန် လိုအပ်သောကြောင့် ခက်ခဲပါလိမ့်မည်။ 
 
လွှတ်တော်တွင် အောက်ပါ ပြဌာန်းချက်များကို အလေးပေးရန်နှင့် မြန်မာနိုင်ငံ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးရန် ကျွန်ုပ်တို့မှ အကြံပြုလိုပါသည်။ ထိုမှသာ အခြေခံဥပဒေပြင်ဆင်ရေးသည် လူထုဆွေးနွေး ငြင်းခုံရာတွင် ပထမဦးစားပေးဖြစ်နေမည်ဖြစ်သည်။
  • ပုဒ်မ () “အမျိုးသား နိုင်ငံရေး ခေါင်းဆောင်ပိုင်းတွင် ကာကွယ်ရေး ပါဝင်နိုင်ရန် လုပ်ဆောင်ပေးခြင်း” သည် အရပ်သား ဒီမိုကရေစီနည်းကျ စနစ်၏ နည်းလမ်းများနှင့် ဆန့်ကျင်နေပြီး စစ်တပ်အတွက် တစ်မူ ထူးခြားသည့် အာဏာကို ပေးအပ်ထားသည်။
  • ပုဒ်မ ၂၀၊ အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းရန် စစ်တပ်ကို အဓိကနေရာပေးထားသည်။ ထိုအစား ဤတာဝန်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသည့် လွှတ်တော် သို့မဟုတ် လွှတ်လပ်သည့် တရားစီရင်ရေး၏ တာဝန်သာဖြစ်သင့်သည်။ 
  • ပုဒ်မ ၅၉()၊ နိုင်ငံခြားသား ဇနီးခင်ပွန်း သို့မဟုတ် သားသမီးရှိသူ မည်သူမဆိုကို သမ္မတရာထူးမှ တားမြစ်ထားခြင်းသည် ခွဲခြားဆက်ဆံမှုဖြစ်ပြီး ပြင်ဆင်သင့်သည်။  ဤပြဌာန်းချက်ကို ယခုထက်ထိ စစ်တပ်မှ ပြင်ဆင်ရန် မလိုလားသည့်အချက်ကိုကြည့်၍ အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်စေရန် တမင်ရည်ရွယ်ထားမှန်းသိသာသည်။ ဤအချက်သည် လူကြီးမင်း၏ အစိုးရ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ကြုံတွေ့ရမည့် ကြီးမားသော အခက်အခဲဖြစ်ကြောင်း သက်သေပြနေသည်။ 
  • ပုဒ်မ ၂၂၃ () (, ) အဓိက ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာများတွင် စစ်တပ်သည် တာဝန်ထမ်းဆောင်နေသည့် အရာရှိများကို ခန့်အပ်နိုင်ရန် လုပ်ဆောင်ထားသည်။  အထူးသဖြင့် ပြည်ထဲရေးတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်တပ်အရာရှိ ခန့်အပ်နိုင်မှုရှိခြင်းသည် အဓိက လုံခြုံရေး အထူးသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးတပ်ခွဲ၊ အထွေထွေ အုပ်ချုပ်ရေးဌာနနှင့် ပြုပြင်ပြောင်းလဲရေးဌာနတို့သည့် စစ်တပ်လက်အောက်တွင်ရှိနေစေသည်။  ဤတရားဥပဒေစိုးမိုးရေး ဌာနများသည် အရပ်သား ထိန်းချုပ်မှုနှင့် ကိုင်တွယ်မှုအောက်တွင် ရှိသင့်သည်။ 
  • အခန်း ကာကွယ်ရေးကဏ္ဍတွင် အရပ်သား ထိန်းချုပ်မှုနှင့် ကိုင်တွယ်မှုအောက်တွင် အပြည့်အဝရှိသည့် အမျိုးသား စစ်တပ်၏ စည်းမျဥ်းများနှင့် တစ်ပြေးညီဖြစ်ရန် ပြန်လည်ဖွဲ့စည်းသင့်သည်။  အထူးသဖြင့် စစ်ဦးစီးချုပ်၏ လက်အောက်တွင် ရောက်နေသည့် စစ်တပ် တရားမျှတမှုစနစ်ကို အရပ်သား တရားစီရင်ရေးအောက်သို့ ထည့်သွင်းသင့်သည်။ 
  • အခန်း နိုင်ငံသားများ၏ အခြေခံ အခွင့်အရေးများနှင့် တာဝန်များတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေလက်အောက်ရှိ မြန်မာနိုင်ငံ၏ တာဝန်ဝတ္တရားများအတိုင်း တစ်ပြေးညီရှိအောင် ပြင်ဆင်သင့်သည်။  ပုဒ်မ ၃၅၂ကဲ့သို့ သော ပြဌာန်းချက်များသည် ဤကတိကဝတ်များနှင့် ပကတိ ဆန့်ကျင်ဖက်ဖြစ်နေသည်။ ထိုပုဒ်မတွင် “အမျိုးသားများအတွက်သာ သင့်တော်သည့် ရာထူးများသို့ အမျိုးသားများကို ခန့်အပ်ရန် မည်သည့်အရာမျှ တားဆီးခြင်း မရှိစေရ” ဟူ၍ ဆိုထားပြီး CEDAW အရ ကျားမတန်းတူညီမျှမှုကို ချိုးဖောက်နေသည်။ ပုဒ်မ ၃၈၃တွင် ပြည်ထောင်စု မပြိုကွဲရေး၊ အမျိုးသား စည်းလုံးညီညွှတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော စစ်တပ်၏ အဓိက ဦးတည်ချက်သုံးရပ်ကို နိုင်ငံသားများ၏ တာဝန်အဖြစ် ထည့်သွင်းထားသည်။
  • ပုဒ်မ ၄၃၆တွင် လွှတ်တော်တွင် ပေးသည့် မဲ ၇၅ ရာခိုင်နှုန်းကျော်လိုအပ်ပြီး မဲပေးခွင့်ရှိသည့်သူ တစ်ဝက်ကျော်မှ ထောက်ခံရမည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ရန် လိုအပ်သောကြောင့် အခြေခံဥပဒေကို အချို့သော ပြင်ဆင်ချက်များကို စစ်တပ်မှ ဗီတိုအာဏာ ရယူရန် ခွင့်ပြုထားသည်။  ဤပြဌာန်းချက်သည် စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ်များကို ခန့်အပ်ရန် ကာကွယ်ရေး ဦးစီးဌာန အမည်အားဖြင့် စစ်ဦးစီးချုပ်၏ သဘောတူချက်မပါဘဲ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက် ပြုလုပ်၍မရနိုင်စေရန် ထိရောက်စွာ တားမြစ်ထားသည်။

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed